spot_img

အက်စ်ပန်ညိုကို သက်တောင့်သက်သာအနိုင်ယူပြီး လာလီဂါအမှတ်ပေးဇယားကို ၉ မှတ်ဖြတ်ဦးဆောင်လိုက်တဲ့ ဘာစီလိုနာ

ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာဟာ ဒါဘီပြိုင်ဘက် အက်စ်ပန်ညိုကို ၃-၁ နဲ့သက်တောင့်သက်သာ ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို ၉ မှတ်ဖြတ်ဦးဆောင်လိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အယ်လ်ကလက်စီကိုပွဲစဉ်အဖြစ် မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၄-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘာစီလိုနာဟာ ယခုပွဲစဉ်ကိုလည်း ယုံကြည်ချက်ရှိရှိနဲ့ စတင်ကစားလာခဲ့ပြီး ထိပ်တန်းခြေစွမ်းကို ဆက်လက်ပြသကာ ပထမပိုင်းမှာပဲ ၃ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

myan789

ဘာစီလိုနာအတွက်ဦးဆောင်ဂိုးကို ပွဲကစားချိန် ၁၂ မိနစ်မှာပဲ တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် ဒန်နီအိုလ်မိုက စတင်သွင်းယူပေးခဲ့ပြီး အိမ်ကွင်းမှာ စောစောစီးစီးဦးဆောင်နိုင်ခဲ့ပါတယ်။ ၁၁ မိနစ်အကြာမှာ ဘာစီလိုနာကပဲ ဒုတိယဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ကွင်းလယ်လူ ကာဆာဒိုရဲ့ပေးပို့မှုကို ရာဖင်ဟာက အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ထို့နောက် ပွဲကစားချိန် ၃၁ မိနစ်မှာတော့ ဘာစီလိုနာအတွက် တတိယဦးဆောင်ဂိုးကို အိုလ်မိုကပဲထပ်မံသွင်းယူပေးခဲ့ပြီး အိမ်ကွင်းမှာနိုင်ပွဲရဖို့ စောစောစီးစီးသေချာစေခဲ့ပါတယ်။ ပထမပိုင်းမှာ အက်စ်ပန်ညိုအနေနဲ့ ချေပဂိုးတစ်ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပေမယ့် VAR နဲ့ပြန်လည်စစ်ဆေးရာမှာတော့ လူကျွံနေတာကြောင့် ဂိုးအဖြစ်မှ ပြန်လည်ပယ်ဖျက်ခံခဲ့ရပါတယ်။

Barcelona beat derby rival Espanyol 3-1 with a comfortable goal and lead the points table by 9 points.

ဒုတိယပိုင်းမှာ ဘာစီလိုနာက အနိုင်ရလဒ်ကိုသာ ထိန်းသိမ်းဖို့ကြိုးစားခဲ့ပြီး ကစားအားလျှော့ချခဲ့လို့ အက်စ်ပန်ညိုက အခွင့်အရေးတွေပြန်လည်ရရှိလာခဲ့ပြီး ၆၃ မိနစ်မှာ ပေါ်ဒိုက ချေပဂိုးတစ်ဂိုး စတင်သွင်းယူပေးခဲ့ပါတယ်။ အဆိုပါသွင်းဂိုးမတိုင်မီ အက်စ်ပန်ညိုက ဂိုး ၁ ဂိုးသွင်းယူနိုင်ခဲ့သေးပေမယ့် လူကျွံနေခဲ့လို့ VAR က ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ၃ ဂိုးအထိရရှိထားတဲ့ ဘာစီလိုနာက ပွဲကို လျင်လျင်မြန်မြန်ပဲပြန်လည်ထိန်းချုပ်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ သက်တောင့်သက်သာကစားခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် ဘာစီလိုနာဟာ လာလီဂါ ၁၂ ပွဲမှာ ၁၁ ပွဲအထိအနိုင်ရထားပြီး ရှုံးနိမ့်ခဲ့တဲ့ အက်စ်ပန်ညိုကတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၇ နေရာသို့ ကျဆင်းသွားခဲ့ကာ လာမယ့်အပတ်မှာ ဗလန်စီယာနဲ့ကစားသွားရမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular