spot_img

ဟော်လန်းကို ခေါ်ယူနိုင်ခဲ့ပြီးနောက် မန်စီးတီးအသင်းသည် နှစ်ပေါင်းများစွာအတွက်အကျိုးရှိသည့် ခေါ်ယူမှုတစ်ခုကို ပြုလုပ်ခဲ့ခြင်းဟု ဂွါဒီယိုလာ သုံးသပ်

မန်စီတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက ဒေါ့မွန်အသင်း၏ တိုက်စစ်မှူး ဟော်လန်းအား ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကလပ်အသင်းက တရားဝင်ကြေညာခဲ့ပြီးနောက် မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့ပြီး မိမိတို့အသင်းသည် နှစ်ပေါင်းများစွာအတွက် အကျိုးရှိမည့် ခေါ်ယူမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဂွါဒီယိုလာသည် ပြီးခဲ့သည့်သတင်းစာရှင်းလင်းပွဲများတွင် ဟော်လန်းနှင့်ပတ်သက်သည့် မေးခွန်းများကို ဖြေကြားရန်အတွက် တောက်လျှောက်ငြင်းဆန်ခဲ့သူဖြစ်သည်။

myan789

ဝုလ်ဗ်နှင့်ပွဲအတွက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမတိုင်မီ နောက်ဆုံးပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း မီဒီယာများ၏ ဟော်လန်းနှင့် ပတ်သက်သည့် မေးမြန်းမှုများကို “ဟော်လန်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ခင်ဗျားတို့ အားလုံးသိနေတာပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ အခုအချိန်မှာ ဘာမှမပြောနိုင်ပါဘူး။ ကျွန်တော် ဒီအကြောင်းကို အရမ်းပြောချင်နေပေမဲ့ ပြောခွင့်မရှိပါဘူး။ ဒေါ့မွန်အသင်းရော၊ မန်ချက်စတာစီးတီးအသင်းရောက တရားဝင်မဖြစ်မချင်း ဘာမှမပြောဖို့ ကျွန်တော့်ကို မှာထားပါတယ်။ ဒါကြောင့် ကျွန်တော် ပြောလို့မရတာပါ။ ဒါတွေက ဥပဒေအကြောင်းအရာတွေနဲ့လည်း ပတ်သက်နေပါတယ်”ဟု ပြောကြားခဲ့သည်။

ယခုအချိန်တွင်မူ “ကျွန်တော် အရမ်းဝမ်းသာပါတယ်။ မန်ချက်စတာစီးတီးအသင်းကိုလည်း ဒီအပြောင်းအရွှေ့အတွက် အရမ်းဂုဏ်ပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ နောက်လာမယ့် နှစ်ပေါင်းများစွာအတွက် အကျိုးရှိမယ့် ခေါ်ယူမှုတစ်ခုဖြစ်နေလို့ပါ။ ဟော်လန်းက အရမ်းငယ်တဲ့ ပါရမီရှင်လူငယ်တစ်ဦးဖြစ်နေလို့ပါပဲ။ လာမယ့်ရာသီမှာ သူနဲ့ ကျွန်တော်အတူတူ အလုပ် လုပ်ရပါတော့မယ်။ သူ ဒီအသင်းမှာ ပျော်ရွှင်ဖို့အတွက်လည်း ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ကလည်း သူမန်ချက်စတာမြို့မှာ မြန်နိုင်သမျှ မြန်မြန်လေး ပျော်ရွှင်ဖို့အတွက် ကူညီပေးသွားမှာပါ။ သူရော၊ သူ့မိသားစုရော တတ်နိုင်သမျှ အရာအားလုံးကို ကူညီမှာပါ။ သူက မန်ချက်စတာစီးတီးအသင်းနဲ့ အမြန်ဆုံး အံဝင်ခွင်ကျဖြစ်လိမ့်မယ်လို့တော့ ကျွန်တော် သေချာပေါက်ပြောရဲပါတယ်။ ဟော်လန်းက သူ့ကစားသမားဘဝမှာ ဂိုးပေါင်းများစွာ သွင်းယူခဲ့ဖူးပါတယ်။ ကျွန်တော်တို့က ဒီအသင်းမှာ သူ ဂိုးတွေပိုသွင်းနိုင်အောင် အခွင့်အရေးကောင်းတွေ ပိုမိုဖန်တီးပေးသွားမှာပါ”ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်နွေရာသီက ဟာရီကိန်း၊ စီရော်နယ်လ်ဒို စသည့် ကစားသမားများကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေဖြစ်ခဲ့သဖြင့် ယခုရာသီတွင် တိုက်စစ်မှူးစစ်စစ်မပါဘဲ ပွဲအများစုကို ကစားခဲ့ရပြီး ယခုအချိန်တွင်မူ ဂွါဒီယိုလာစိတ်ကြိုက်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular