spot_img

ဟာလန်းကို မလိုချင်ရင် ဒေါ့မွန်ကို ပြန်ပို့လိုက်ပါ – မာကိုရို့စ်

ဒေါ့မွန်အသင်းနည်းပြချုပ် မာကိုရို့စ်က မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းနှင့် ပတ်သက်သည့် ဝေဖန်မှုများကို နားမလည်နိုင်ကြောင်းပြောဆိုလိုက်ပြီး ဟာလန်းကို မကြိုက်လျှင် ဒေါ့မွန်သို့ ပြန်ပို့နိုင်ကြောင်းပြောဆိုလိုက်သည်။ “ဟာလန်းကို မလိုချင်ဘူးဆိုရင် ဒေါ့မွန်ကို ပြန်ပို့လိုက်လို့ ရပါတယ်”ဟု မာကို ရိုစ့်က ပြောဆိုလိုက်သည်။

လိုက်ပ်ဇစ်သည် ယနေ့ညတွင် အင်္ဂလန်၌ မန်စီးတီးနှင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်ကစားရန်ရှိနေသည်။ ပြီးခဲ့သည့်လက ကစားသည့် ပထမအကျော့ပွဲစဉ်တွင် လိုက်ပ်ဇစ်သည် မန်စီးတီးကို တစ်ဂိုးစီသရေကစားနိုင်ခဲ့သည်။

myan789

ပရီးမီးယားလိဂ်တွင် ၂၆ ပွဲကစားပြီး ၂၈ ဂိုးသွင်းထားနိုင်သော ဟာလန်းသည် ဒေါ့မွန်နှင့် ကစားသည့်ပွဲတွင် ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ချေ။ ရို့စ်သည် ဟာလန်းကို အသင်းမပြောင်းမီက ဒေါ့မွန်တွင် တစ်နှစ်ကိုင်တွယ်ခဲ့သည်။

ဟာလန်းသည် ဂိုးများသွင်းနေနိုင်သော်လည်း ဂွာဒီယိုလာ၏ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးသော ကစားဟန်နှင့် လိုက်လျောညီထွေမရှိကြောင်း ဝေဖန်မှုအချို့ရှိခဲ့သည်။ လီဗာပူးကစားသမားဟောင်း ကာရေဂါက ဟာလန်းသည် ၎င်းနှင့် ကိုက်ညီမှုမရှိသော မှားယွင်းသည့် ကလပ်အသင်းတစ်သင်းကို ပြောင်းရွှေ့မိခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

ဟာလန်းကို ကိုင်တွယ်ဖူးသည့် အတွေ့အကြုံရှိသော မာကိုရို့စ်ကမူ မန်စီးတီးတွင် ဟာလန်းပါဝင်ကစားခြင်းကြောင့် မည်သို့မျှ အားနည်းချက်မရှိကြောင်း ဟာလန်းကို တစ်ပွဲလုံး ထိန်းချုပ်ထား၍ မလွယ်ကူကြောင်းပြောဆိုလိုက်သည်။

“ဟာလန်းကို မလိုချင်ရင် ကျွန်တော့်အသင်းကို ပြန်ပို့လိုက်ပါ။ သူ့ကို ခေါ်ထားလိုက်မယ်။ ၁၀ ပွဲလောက်ပဲ လာကစားမယ်ဆိုရင်လည်း ရပါတယ်။ ပြီးရင်ပြန်ခေါ်သွားလေ။ ဟာလန်းကို ဝေဖန်နေတာတွေကို အံ့ဩမိပါတယ်။ လိဂ်ပွဲ ၂၆ ပွဲမှာ သူက ၂၈ ဂိုးသွင်းထားတာလေ။ သူ့ရဲ့သွင်းဂိုးတွေသာ မပါရင် မန်စီးတီးက အမှတ်ပေးဇယားမှာ ဘယ်နေရာ ရောက်နေမလဲ။ သူတို့က ဘာတွေဝေဖန်နေကြတာလဲ။ ဟာလန်းရဲ့ အရည်အသွေးကို အားလုံးကသိပြီးသားပါ။ ပထမအကျော့မှာ ဟာလန်းကို တားဆီးလိုက်နိုင်တယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် သူ့ကို လုံးဝငြိမ်နေအောင် ထိန်းထားဖို့ဆိုတာက မလွယ်ပါဘူး။ ပြီးတော့ မန်စီးတီးမှာ ဟာလန်းတစ်ယောက်တည်း မဟုတ်ဘူး။ ကမ္ဘာ့အဆင့်မီကစားသမားတွေ အများကြီးရှိနေပါတယ်”ဟု မာကိုရို့စ်က ပြောဆိုလိုက်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ အိမ်ကွင်းပွဲစဉ် ၁၁ ပွဲကစားရာတွင် ဟာလန်းသည် ၁၇ ဂိုးသွင်းယူထားသည်။ ပျမ်းမျှ ပွဲကစားချိန် ၄၉ မိနစ်တိုင်းတွင် တစ်ဂိုးသွင်းယူပေးနိုင်ခြင်းဖြစ်သည်။ မန်စီးတီးသည် အီတီဟက်တွင် ချန်ပီယံလိဂ် ၂၃ ပွဲဆက်တိုက်ရှုံးပွဲမရှိကစားထားပြီး လိုက်ပ်ဇစ်အနေဖြင့် ကြီးမားသည့် ခြေစွမ်းပြမှုမျိုး ပြုလုပ်နိုင်မှသာလျှင် နောက်တစ်ဆင့်တက်နိုင်မည်ဖြစ်ကြောင်း မာကိုရို့စ်က ပြောဆိုလိုက်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular