spot_img

ဟာရီကိန်းအား ပေါင်သန်း(၁၆၀)နှင့် ခေါ်ယူမည်ဆိုခြင်းကို မန်စီးတီးအသင်းအတွင်းလူ ငြင်းဆန်ခဲ့ပြီး စပါးအသင်းကလည်း အသင်းတွင် ဆက်ရှိစေမည်ဟုဆို

မန်စီးတီးအသင်းသည် စပါးအသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းအား ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးပေါင်သန်း(၁၆၀)ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဟု ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ရာ ယင်းသတင်းကို မန်စီးတီးအသင်းအတွင်းလူတစ်ဦးက အတိအလင်းငြင်းဆန်ပယ်ချခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက မန်စီးတီးအသင်းသည် ဟာရီကိန်းအတွက် ပေါင်သန်း(၁၆၀)နှင့် ကမ်းလှမ်းခဲ့ပြီး စပါးအသင်းဥက္ကဋ္ဌလီဗီကလည်း ယင်းကမ်းလှမ်းမှုကို လက်ခံခဲ့ကြောင်း ဗြိတိန်သတင်းစာအချို့က ဖော်ပြခဲ့ကြသည်။

myan789

ဟာရီကိန်းအနေဖြင့် မန်စီးတီးအသင်းတွင် အလွန်မြင့်မားသောလစာငွေ ပမာဏဖြစ်သည့် တစ်ပတ်လစာငွေ ပေါင်(၄)သိန်းရရှိသွားမည်ဖြစ်ကြောင်း ယင်းသတင်းများက ဖော်ပြခဲ့သည်။

ယခု Manchester Evening News သတင်းစာတွင်ဖော်ပြခဲ့သောသတင်းအရ မန်စီးတီးအသင်းအတွင်းလူတစ်ဦးက ယင်းသတင်းကို ပယ်ချခဲ့ပြီး မန်စီးတီးအသင်းအနေဖြင့် ကစားသမားတစ်ဦးအတွက် ယင်းကဲ့သို့ များပြားသော ငွေကြေးပမာဏသုံးစွဲမည်မဟုတ်ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းအနေဖြင့် ကစားသမားတစ်ဦးအတွက် ပြောင်းရွှေ့ကြေးအမြင့်ဆုံးပေး၍ ခေါ်ယူခဲ့သည်မှာ စပိန်ကွင်းလယ်လူ ရိုဒရီအတွက်ဖြစ်ပြီး ပေါင်(၆၃.၆) သန်း သုံးစွဲခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ဟာရီကိန်းအား ပေါင်သန်း(၁၆၀)ဖြင့် ခေါ်ယူမည်ဆိုပါက အသင်းအနေဖြင့် ယခင်စံချိန်တင်ကြေးထက် ပေါင်သန်း(၁၀၀)နီးပါး ပိုမိုသုံးစွဲရမည့်အခြေအနေတွင် ရှိနေသည်။

အင်္ဂလန်တွင် လက်ရှိအချိန်အထိ ဗြိတိန်ပြောင်းရွှေ့ကြေးစံချိန်တင်ထားသူမှာ မန်ယူအသင်း၏ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဖြစ်ပြီး လွန်ခဲ့သည့် (၆)နှစ်က ပေါင်(၈၉) သန်းဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် အာရပ်စော်ဘွားသူဌေးများဝယ်ယူပြီးနောက်ပိုင်း ကစားသမားသစ်ခေါ်ယူမှုများအတွက် ငွေကြေးများစွာသုံးစွဲခဲ့သော်လည်း ကစားသမားတစ်ဦးတည်းအတွက် ပေါင်သန်း (၆၀)ကျော်ပမာဏထက် ပိုမိုသုံးစွဲမှုမရှိသေးဘဲ ယခုလည်း ဟာရီကိန်းအား အလွန်မြင့်မားသောကြေးဖြင့် ခေါ်ယူမည်မဟုတ်ဟု မန်စီးတီးအသင်းအတွင်းလူတစ်ဦးက ဆိုခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းဘက်က ယင်းသတင်းအား ငြင်းဆန်ခဲ့ခြင်းနှင့်အတူ စပါးအသင်းတာဝန်ရှိသူများကလည်း ဟာရီကိန်းအား အသင်းတွင် ဆက်ရှိစေရန်သာ ဆန္ဒရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့ကြသည်။

ဟာရီကိန်းသည် စပါးအသင်းနှင့် စာချုပ်သက်တမ်း(၃)နှစ်အထိ ကျန်ရှိနေသေး၍ စပါးအသင်းအနေဖြင့် ၎င်းအားယခုနွေရာသီအတွင်း မဖြစ်မနေရောင်းချရန် ဖိအားတစ်စုံတစ်ရာမရှိကြောင်း သိရသည်။

စပါးအသင်း၏အဓိကရှယ်ယာရှင်ဖြစ်သူ ဂျိုးလူးဝစ်က စပါးအသင်းမှ ထွက်ခွင့်ရရန်ကြိုးစားနေသည့် ဟာရီကိန်း၏လုပ်ရပ်အတွက် အံအားသင့်ရကြောင်းနှင့် ၎င်းအား လက်ရှိတွင် အသင်းမှ စွန့်လွှတ်ရန်ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။

ဂျိုးလူးဝစ်သည် စပါးအသင်း၏ ရှယ်ယာ ၇၀%ကျော်ကို ပိုင်ဆိုင်သူဖြစ်သည်။

လက်ရှိတွင် ဟာရီကိန်းနှင့် စပါးအသင်း၏ဆက်ဆံရေးကို မီဒီယာများကစောင့်ကြည့်နေကြကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular