spot_img

ဟာရီကိန်းနှင့် စကားမပြောရသေးဘဲ ပြဿနာဖြေရှင်းရန် လိုအပ်နေဟု နူနိုဆန်တို ဆို

စပါးအသင်းနည်းပြ နူနိုဆန်တိုက ယခုအချိန်အထိ ဟာရီကိန်းနှင့် စကားမပြောရသေးကြောင်း၊ ယခုပြဿနာကို ဖြေရှင်းရန်လိုအပ်ကြောင်း ဗုဒ္ဓဟူးနေ့က ချယ်လ်ဆီးအသင်းနှင့် နှစ်ဂိုးစီသရေကျသည့် Mind Series ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။

“ဟာရီနဲ့ စကားပြောခွင့်ရဖို့ တကယ်မျှော်လင့်ထားပါတယ်။ အဲဒီအခွင့်အရေးမရသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေအကြား အငြင်းပွားမှုကို ရှောင်လွှဲနိုင်ဖို့အတွက် အသင်းတွင်း ဆွေးနွေးမှု လုပ်သင့်ပါတယ်။ သူ ဘယ်ရောက်နေလဲ၊ ဘယ်အချိန်ပြန်လာမှာလဲ ဆိုတာတွေကို ခင်ဗျား (မီဒီယာ)နဲ့ ပြောဖို့မရှိပါဘူး။ ဟာရီနဲ့ပတ်သက်တဲ့အရာအားလုံးက အတွင်းရေးကိစ္စတွေပါ။ ပထမဆုံးအနေနဲ့ ဒီပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းဖို့ လိုပါတယ်။ ဒီအခြေအနေကို ပိုကောင်းတဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့အတွက် ဆွေးနွေးမှုတွေလုပ်ဖို့လိုပါတယ်။ ကိုယ့်ဘာသာကိုယ် ဖြေရှင်းပြီးရင်တော့ ခင်ဗျားကို ပြောပြမှာပါ”ဟု နူနိုဆန်တိုက ပြောကြားခဲ့သည်။

myan789

ယခုနွေရာသီတွင် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့် ဟာရီကိန်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲ ပြီးနောက် အားလပ်ရက်ခရီးသွားရောက်ရာမှ ပြန်မလာသေးခြင်းဖြစ်သည်။ ၎င်းအနေဖြင့် တနင်္လာနေ့တွင် အသင်းနှင့်ပြန်လည်ပူးပေါင်း၍ COVID-19 ရောဂါ စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး Negative အဖြေထွက်ပါက အင်္ဂါနေ့မှစ၍ လေ့ကျင့်မှုပြုလုပ်ရမည်ဖြစ်သည်။

သို့သော် ဟာရီကိန်းသည် ဗုဒ္ဓဟူးနေ့အထိ လန်ဒန်သို့ပြန်မလာသေးဘဲ ဘဟားမားစ်ကျွန်းမှတစ်ဆင့် ဖလော်ရီဒါသို့ ဆက်လက်သွားရောက်ခဲ့သောကြောင့် အပြောင်းအရွှေ့သတင်းများ ပိုမိုထွက်ပေါ်လာခြင်းဖြစ်သည်။

ဟာရီကိန်းကို မန်စီးတီးအသင်းက ခေါ်ယူရန် ကြိုးပမ်းနေပြီး ပေါင်သန်း (၁၀၀) ကျော် ပေးချေဖွယ်ရှိသော်လည်း စပါးအသင်းကမူ ပေါင်သန်း (၁၆၀) ရရှိမှသာ ရောင်းချဖွယ်ရှိကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

စပါးအသင်းသည် နူနိုဆန်တိုလက်ထက်တွင် ရာသီ ကြိုခြေစမ်းပွဲ(၄)ပွဲ ယှဉ်ပြိုင်ကစားထားပြီး ရှုံးပွဲမရှိသေးဘဲ လေတန်အိုးရီးယန့်၊ ချယ်လ်ဆီးအသင်းတို့နှင့်သရေ၊ ကိုလ်ချက်စတာနှင့် MK ဒွန်းစ်အသင်းတို့ကို အနိုင်ရထားကြောင်း သိရသည်။

စပါးအသင်းသည် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွင် လက်ရှိချန်ပီယံ မန်စီးတီးအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး တိုက်စစ်မှူး ဟာရီကိန်း အ နေဖြင့် အသင်းတွင် ဆက်ရှိမည်ဆိုလျှင်လည်း ယင်းပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular