အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ဆောက်ဂိတ် ကတော့ သူ့ရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ ဝိန်းရွန်းနီ ရဲ့ အရေ အတွက် ကို ကျော်ဖြတ်ပြီး အင်္ဂလန် ရဲ့ သွင်းဂိုး အများဆုံး ကစား သမား ဖြစ်လာ လိမ့်မယ် လု့ိ ခန့်မှန်း ပြောဆို သွားခဲ့ ပါတယ် ။ ဟယ်ရီကိန်း ဟာ ယနေ့ ည မှာ ယှဉ်ပြိုင် ကစားမယ့် ဥရောပ နေးရှင်းလိဂ် ပွဲမှာ အင်္ဂလန် လက်ရွေးစင် ကစား သမား ဘ၀ ပွဲ ၅၀ ပြည့်မြောက် တော့မှာ ဖြစ်ပြီး ဘယ်ဂျီယံ အသင်းကို အနိုင် ရဖို့ ကြိုးစား ကစား သွားရမှာ ဖြစ်ပါတယ် ။
ကိန်း ဟာ အင်္ဂလန် အတွက် ၄၉ ပွဲ ကစား အပြီး မှာ ၃၂ ဂိုး သွင်းယူ ထားခဲ့ပြီး ဝိန်းရွန်းနီ ရဲ့ စံချိန် နဲ့ ၂၁ ဂိုး အကွာမှာ ရှိနေ ခဲ့ ပါတယ် ။ ဆောက်ဂိတ် ဟာ အိုင်ယာလန် ကို ၃ – ၀ နဲ့ အနိုင် ရခဲ့တဲ့ ခြေစမ်းပွဲ မှာ ဟယ်ရီကိန်း ကို အနားပေး ထားခဲ့ပြီး ဘယ်လ်ဂျီယံ နဲ့ အဆုံးအဖြတ် ပွဲအတွက် အားမွေး စေခဲ့ ပါတယ် ။
အင်္ဂလန် ဟာ ဥရောပ နေးရှင်းလိဂ် ရဲ့ အုပ်စု A2 မှာ ဘယ်ဂျီယံ ၊ ဒိန်းမတ် ၊ အိုက်စလန် တို့ နဲ့ အတူ ကျရောက် နေပြီး ပွဲစဉ် ၄ အပြီးမှာ ရမှတ် 7 မှတ် နဲ့ အုပ်စု တတိယ နေရာကို ရရှိ ထားပါတယ် ။ ဘယ်လ်ဂျီယံ ကတော့ ၉ မှတ် ရရှိ ထားပြီး ဒီပွဲ ဟာ ဖိုင်နယ် အဆင့်ကို ဘယ် အသင်း တက်ရောက်မလဲ ဆိုတာ အဆုံး အဖြတ်ပေး သွားနိုင်မယ့် ပွဲ ဖြစ်တယ်လို့ သုံးသပ် ထားခဲ့ ကြပါတယ် ။
“ဖြစ်နိုင်ချေ ရှိတဲ့ မှတ်တမ်းတွေ နဲ့ ပတ်သက်ရင်တော့ ဂိုးသွင်း မှတ်တမ်း က စိတ်ဝင်စားဖို့ အကောင်းဆုံး အရာ ပါပဲ ။ ဘာလို့လည်း ဆိုတော့ ဟယ်ရီကိန်း ရဲ့ ဂိုးသွင်းနှုန်း ဟာ တကယ့်ကို ကောင်းမွန် တာကြောင့်ပါပဲ ။ ဒီဂိုးသွင်း စွမ်းရည် ကို ဆက်ထိန်းထား နိုင်မယ် ဆိုရင် ဝိန်း ( ရွန်းနီ ) ရဲ့ မှတ်တမ်း ကို သူ လိုက်မီ နိုင်ပါတယ်”
“ကိန်း ဟာ အသင်းနဲ့ ကစားတတ်တဲ့ သူပါ ။ ဒါပေမယ့် သူ့ရဲ့ ကိုယ်ပိုင် မှတ်တမ်း အတွက်လည်း သူကြိုးစား ရမှာ ပါပဲ ။ လက်ရွေးစင် ရဲ့ ဂိုးသွင်း အများဆုံး ကစား သမား ဆိုတဲ့ ဂုဏ်ပုဒ် ကလည်း တော်တော်လေး ကို ပီတိ ဖြစ်စရာပါ” လို့ ဆောက်ဂိတ် က ပြောဆို သွားခဲ့ ပါတယ် ။
အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ Top Ten ဂိုးသွင်းသူများ –
၁ ။ ဝိန်းရွန်းနီ – ၅၃ ဂိုး ( ၁၂၀ ပွဲ )
၂ ။ ဘော်ဘီချာတန် – ၄၉ ဂိုး ( ၁၀၆ ပွဲ )
၃ ။ ဂယ်ရီ လိုင်နီကာ – ၄၈ ဂိုး ( ၈၀ ပွဲ )
၄ ။ ဂျင်မီ ဂရေဗ့် – ၄၄ ဂိုး ( 57 ပွဲ )
၅ ။ မိုက်ကယ် အိုဝင် – ၄၀ ဂိုး ( ၈၉ ပွဲ )
၆ ။ ဟယ်ရီကိန်း – ၃၂ ဂိုး ( ၄၉ ပွဲ )
7 ။ နတ် လော့ဖ်ဟောက်စ် – ၃၀ ဂိုး ( ၃၃ ပွဲ )
7 ။ အလန်ရှီးယား – ၃၀ ဂိုး ( ၆၃ ပွဲ )
7 ။ တွန် ဖင်နီ – ၃၀ ဂိုး ( 76 ပွဲ )
၁၀ ။ ဗီဗီယန် ဝုဒ်ဝက် – ၂၉ ဂိုး ( ၂၃ ပွဲ )
၁၀ ။ ဖရန့် လမ်းပတ် – ၂၉ ဂိုး ( ၁၀၆ ပွဲ )