spot_img

ဟယ်ရီကိန်းကို ခေါ်ယူလိုတဲ့ အသင်းတွေအထဲ ချဲလ်ဆီးလည်း ပါဝင်နေခြင်း အပေါ် ပြန်လည် တုန့်ပြန်လာတဲ့ တူချယ်

ဟယ်ရီကိန်းကို ခေါ်ယူလိုတဲ့ အသင်းတွေအထဲ ချဲလ်ဆီးလည်း ပါဝင်နေခြင်း အပေါ် ပြန်လည် တုန့်ပြန်လာတဲ့ တူချယ်

တော့တင်ဟမ် အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းပြောင်းချင်တယ်လို့ ကိုယ်တိုင် တရားဝင် ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် ၊ ဥရောပ အသင်းကြီး တချို့ဟာ ၎င်းကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားလာကြပါတယ် ။

myan789

တဖက်မှာ ကိုဗစ် ကာလအတွင်း ၊ ကလပ် အသင်းတွေရဲ့ ဘဏ္ဍာရေး ထိခိုက်မှု အနည်းနဲ့ အများရှိနေချိန် ၊ ဟယ်ရီကိန်း ကို တကယ်တမ်း ငွေကြေး အမြောက်အမြား ပေးပြီး ခေါ်ယူနိုင်မယ့် အသင်း များများစားစား ရှိမနေပါဘူး ။ ဒီအထဲမှာ ၎င်း ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေ နည်းတဲ့ လန်ဒန်ဒါဘီ ပြိုင်ဖက် ချဲလ်ဆီး အသင်းလည်း တသင်း အပါအဝင် ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီမှာ လစ်ပ်ဇစ် အသင်းကနေ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာကို ယူရိုသန်း ၅၀ နဲ့ ချဲလ်ဆီးတို့ ခေါ်ယူ အားဖြည့်ခဲ့ပေမယ့် ၊ ရာသီကုန်ဖို့ တပတ်သာသာပဲ လိုတော့တဲ့ အချိန် အထိ ၎င်းရဲ့ သွင်းဂိုး အရေအတွက်က အတော်လေး စိတ်ပျက်စရာ ကောင်းခဲ့ပါတယ် ။

ဒီတော့ ချဲလ်ဆီး ဟာ လာမယ့် နွေရာသီ ဈေးကွက်မှာလည်း တိုက်စစ်မှူး ရှာပုံတော် ထွက်မှာ ဖြစ်ပြီး ၊ ၎င်းတို့ရဲ့ ပစ်မှတ်တွေထဲမှာ ရိုမီလူ လူကာကူ ၊ အာလင်း ဟာလန်း ၊ ရောဘတ် လီဝန်ဒေါစကီး တို့အပြင် ဟယ်ရီကိန်းလည်း ရှိနေပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ဒီအကြောင်း အပေါ် အခုလိုပဲ တုန့်ပြန်ခဲ့ပါတယ် ။

တူချယ် က ” ဒီ ကမ္ဘာမှာ ဟယ်ရီကိန်း ကို မခေါ်ချင်တဲ့ နည်းပြ ရှိမယ်ဆိုရင် ကျွန်တော့ကို လာခေါ်ပြီး ပြနိုင်ပါတယ် ။ သူ့လို ကစားသမားမျိုးနဲ့ ကျွန်တော် စကားပြောလိုပါတယ် ။ သူ့ဆီက ဂိုးသွင်း နည်းစနစ်နဲ့ တိုက်စစ် ကစားဟန် နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကြားချင်ပါတယ် ။ ”

” လူတိုင်းဟာ ဟယ်ရီကိန်းကို နှစ်သက်ကြပါတယ် ။ ဒါပေမယ့် အားလုံးကို သေသေချာချာ နားလည်အောင် ရှင်းပြရရင် ၊ သူဟာ တော့တင်ဟမ် အသင်းသား တယောက် အဖြစ် ရှိနေသေးတယ် ဆိုတာပါ ။ သူဟာ အဲဒီ ကလပ်နဲ့ နှစ်ရှည် စာချုပ် ချုပ်ဆိုထားတဲ့ ကစားသမား ဖြစ်ပြီး ၊ ဒီအကြောင်းကို မလေးမစား လုပ်ပြီး ၊ သတင်းစာ ရှင်းလင်းပွဲမှာ ကျွန်တော့ အနေနဲ့ မှတ်ချက်ပေးဖို့လည်း မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ လိုအပ်နေတဲ့ ကွက်လပ် တခု ဖြစ်တဲ့ ပုံမှန် ဂိုးသွင်းပေးမယ့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ၊ လာမယ့် ဈေးကွက်မှာ အသင်းအတွင်း မလိုအပ်တော့တဲ့ ကစားသမား တချို့ ဖြစ်တဲ့ တမ်မီ အေဘရာဟမ် ၊ ကီပါ အရီဇာဘာလာဂါ တို့ကို ယင်း တိုက်စစ်မှူးတွေရဲ့ ပြောင်းရွှေ့ကြေး တစိတ်တပိုင်း အဖြစ် အသုံးပြုသွားဖွယ် ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ် ။

တဖက်မှာ ချဲလ်ဆီး အသင်းဟာ မနက်ဖြန်ညမှာ ပရီးမီးယားလိဂ် ရာသီသိမ်း ပွဲစဉ် အဖြစ် အက်စတွန် ဗီလာ အသင်းကို အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပြီး ၊ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဒီပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုနေပါတယ် ။

သောမတ်စ် တူချယ် ကတော့ ဗီလာနဲ့ အဆုံးအဖြတ် ပွဲအတွက် ဖိအားတွေအောက် ရောက်နေတဲ့ တီမို ဗာနာ ကို ဆက်လက် ယုံကြည်ထားကြောင်းကို ” တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင် ရောက်ဖို့ မျှော်မှန်းထားပါတယ် ။ တီမို ဟာ ငယ်ရွယ်သေးသလို ၊ ရှေ့ဆက်လည်း တိုးတက်နိုင်ပါသေးတယ် ။ ”

” ဒါဟာ တပတ်ပြီး တပတ် သူ့ဆီကနေ ကျွန်တော်တို့ တောင်းဆိုထားတဲ့ အရာ ဖြစ်ပါတယ် ။ သူ့မှာ စိတ်အနားပေးဖို့ အချိန်ရမယ် ၊ ပြီးခဲ့တာတွေကို သေသေချာချာ ပြန်သုံးသပ် စဉ်းစားချိန် ရမယ်ဆိုရင် ၊ လာမယ့်နှစ်မှာ သူ နောက်ထပ် အဆင့်တွေ ဆက်တက်နိုင်ပါတယ် ။ သူဟာ ဒီလိဂ်နဲ့ မစိမ်းတော့ပါဘူး ။ ”

” နောက်ရာသီ သူဟာ ဒီ အသင်းဖော်တွေနဲ့ ပိုမို အချိတ်အဆက် မိလာနိုင်ပြီး ၊ ဒီ ပတ်ဝန်းကျင် အကြောင်းလည်း သေသေချာချာ ပိုသိလာမှာပါ ။ ကျွန်တော် တို့ဟာ သူ့ရဲ့ ဂိုးသွင်း စွမ်းရည်ကို လိုအပ်တဲ့ အတွက် ခြေစွမ်း တိုးတက်လာဖို့ သူ့ကို တောက်လျှောက် တွန်းအားပေးနေဦးမှာပါ ။ ”

” ဥရောပ ထိပ်တန်း ဂိုးသွင်းရှင် တော်တော်များများ ဟာ သူတို့ ကလပ်တွေရဲ့ ပင်တိုင် ပင်နယ်တီ ကန်သွင်းနေတဲ့ ကစားသမားတွေ ဆိုတာကို မမေ့ပါနဲ့ ။ ဒါဟာ သူတို့ ရနေတဲ့ ဂိုးအရေအတွက် လွယ်လွယ်ကူကူ ရောက်ရှိစေတဲ့ နည်းတနည်း ဖြစ်ပါတယ် ။ ”

” အကယ်၍ ဒီရာသီ ကျွန်တော်တို့ ရခဲ့တဲ့ ပင်နယ်တီ ဂိုးအရေအတွက်သာ တီမို ရဲ့ ဂိုးပေါင်းမှာ ထည့်တွက်လိုက်မယ် ဆိုရင် ၊ လူတိုင်း သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် ပိုပြီး အားရကျေနပ်ကြမှာပါ ။ ဒါပေမယ့် သူဟာ ပင်နယ်တီ ကနေ ဂိုးမသွင်းခဲ့ဘူး ၊ ပင်နယ်တီ တာဝန်လည်း မယူခဲ့ပါဘူး ။ ”

” ဒီ အချက်ကို ကျွန်တော်တို့ ထည့်သွင်း စဉ်းစားသင့်ပါတယ် ။ လောလောဆယ်မှာတော့ ပွဲကြည့် ပရိသတ်တွေကို ကွင်းထဲ ပြန်ဝင်ခွင့်ပေးထားလို့ ၊ သူတို့တွေဟာ တီမိုရဲ့ ကြိုးစား အားထုတ်မှုကို မျက်ဝါးထင်ထင် ပြန်မြင်နိုင်ပြီ ဖြစ်ပါတယ် ။ ”

” ကွင်းထဲမှာ မရှိနေတဲ့ အချိန် ၊ ကစားသမား တယောက်ကို ဝေဖန်တာ လွယ်လွန်းတယ်လို့ ထင်ပါတယ် ။ ကွင်းထဲ ရောက်ရင်တော့ ခင်ဗျား ဟာ အဲဒီ ကစားသမားတွေရဲ့ ကွင်းတွင်း ကြိုးစား အားထုတ်မှု ကို အနီးကပ် မြင်ရနိုင်ပါတယ် ။ ဒါက နည်းနည်း ပိုဆက်စပ်မှု ရှိမယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular