ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီး အသင်းဟာ ဒီနှစ်မှာတော့ အမှတ်ပေး ချန်ပီယံ ဖြစ်နိုင်ခဲ့သလို ကာရာဘောင်း ဖလားကိုလည်း ဆွတ်ခူးထားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ချန်ပီယံလိဂ် ဖိုင်နယ်မှာတော့ ချဲလ်ဆီး အသင်းကို ရှုံးနိမ့် သွားခဲ့ရ ပါတယ် ။
ဒါကြောင့် ပက် ဂွာဒီယိုလာဟာ ရည်မှန်းချက် ထားရှိနေခဲ့တဲ့ ချန်ပီယံလိဂ် ဖလားရဲ့ အနီးကို ရောက်ရှိသွားကာမှ လက်လွှတ် ဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါတယ် ။ ဒီအတွက် အရေးကြီးခဲ့တာကတော့ ပက် ဂွာဒီယိုလာရဲ့ ပွဲထွက် လူစာရင်းပဲ ဖြစ်ခဲ့ရ ပါတယ် ။
ဂွာဒီယိုလာဟာ ဒီလို အရေးကြီးတဲ့ ပွဲစဥ်မျိုးမှာ အသက် အရွယ် ရပြီ ဖြစ်တဲ့ တိုက်စစ်မှူး အဂူရိုကို မထည့်သွင်းလိုခဲ့ ပါဘူး ။ ဒါ့အပြင် အပြည့်အဝ ယုံကြည်စိတ်ချလို့ မရတဲ့ လူငယ် တိုက်စစ်မှူးလေး ဂျီးဆပ်ကိုလည်း မထည့်သုံးရဲခဲ့ ပါဘူး ။
အခုတော့ မန်စီးတီး အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဆာဂျီယို ကန် အဂူရိုဟာ စပိန် ထိပ်သီး ကလပ် ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့သွားခဲ့ ပါပြီ ။ ဒီအတွက် မန်စီးတီး အသင်းဟာလည်း တိုက်စစ်မှူးကောင်း တစ်ဦးနဲ့ ပြန်လည် အစားထိုးဖို့ ပြင်ဆင်နေခဲ့ ပါပြီ ။
ဒီအတွက် မန်စီးတီး အသင်းဟာ ပြိုင်ဖက် တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းကို အစားထိုး ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေ ကျယ်လောင် လာခဲ့ရ ပါတယ် ။
လက်ရှိ The Sun မှ ထွက်ပေါ် နေခဲ့တဲ့ သတင်းတွေအရ အင်္ဂလန် အသင်းရဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ချဲလ်ဆီး အသင်းတွေက စိတ်ဝင်စား နေကြတယ်လို့လည်း သိရှိ နေရ ပါတယ် ။
ဒါပေမယ့် ဟယ်ရီကိန်းကို ခေါ်ယူရေး ကိစ္စ မှာတော့ တိုက်စစ်မှူး မရှိတဲ့ မန်စီးတီး အသင်းက တိုက်စစ်မှူးတွေ ရှိနေကြတဲ့ ပြိုင်ဖက် ယူနိုက်တက် ၊ ချဲလ်ဆီး တို့ထက် လက်ဦးမှု ရယူနိုင်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ ပါတယ် ။
ဒါပေမယ့် စျေးကွက်ထဲမှာတော့ ဟယ်ရီကိန်းရဲ့ တန်ကြေးက ပေါင် သန်း ၁၅၀ အထိ ရှိနေတယ်လို့ သိရ ပါတယ် ။ ဒါ့ကြောင့် ကစားသမား တစ်ဦးအတွက် ငွေကြေး ရာဂဏန်း မသုံးတဲ့ မန်စီးတီး အသင်းက ကစားသမား အလဲအထပ် လုပ်ဆောင်ခြင်းဖြင့် ဟယ်ရီကိန်းကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ် ။
ဒါ့ကြောင့် မန်စီးတီး အသင်းက လက်ရှိ ဘောလုံး ရာသီ အတွင်း ပုံစံကောင်းတွေ ပြသဖို့ ရုန်းကန် နေခဲ့ကြတဲ့ ရာဟင်းမ် စတာလင်း နဲ့ ဂါဘရီယယ် ဂျီးဆပ် တို့ကို ထည့်သွင်း အလိုက်ပေး သွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်လာခဲ့ ပါတယ် ။
အခြား တစ်ဖက်မှာတော့ စပါးရဲ့ အသင်း ပိုင်ရှင် ဒန်နီယယ် လီဝီဟာ ဟယ်ရီကိန်းကို ရောင်းချဖို့ အလို မရှိတဲ့ အတွက် အင်္ဂလန်သား အပေါ် လွှမ်းမိုးမှု ရှိနေတဲ့ နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုကို ပြန်လည် ခေါ်ယူလိုနေတယ်လို့ သိရပါတယ် ။