လီဗာပူးလ်အသင်းသည် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုသွားရန် စီစဉ်နေသော်လည်း စာချုပ်သစ်အတွက် ဆွေးနွေးမှုမှာ အဆင်မပြေဖြစ်ခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် အသက် (၃၁)နှစ်အရွယ်ရှိ ဟန်ဒါဆန်ကို ကစားသမားဘဝမှ အနားယူချိန်အထိ သက်တမ်းတိုးစာချုပ်ချုပ် ဆိုသွားရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
သို့သော် စာချုပ်သစ်အတွက် လီဗာပူးလ်အသင်းနှင့် ဟန်ဒါဆန်တို့၏ ဆွေးနွေးမှုမှာ အဆင်မပြေဖြစ်နေပြီး ၎င်း၏ အနာဂတ်မှာ လှုပ်ခတ်လျက်ရှိနေကြောင်း သိရသည်။
ထို့ကြောင့် အနာဂတ်မရေ မရာဖြစ်လာသည့် ဟန်ဒါဆန်ကို PSG နှင့် အက်သလက်တီကိုအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေပြီး အခြေအနေကို စောင့်ကြည့်နေကြောင်းလည်း Daily Mail က ဖော်ပြခဲ့သည်။
အင်္ဂလန်ကွင်းလယ်ကစားသမား ဟန်ဒါဆန်သည် လီဗာပူးလ်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်ရှိနေသူဖြစ်သည်။