spot_img

ဟန်ဆီ ဖလစ်ကို ကျော်ဖြတ်ကာ ၊ ဂျာမန် တနှစ်တာ အကောင်းဆုံး မန်နေဂျာဆုကို ရရှိခဲ့တဲ့ အပေါ် မှတ်ချက်ပေးလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်းရဲ့ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ဟာ မနေ့က ဂျာမန် ဘောလုံး မဂ္ဂဇင်း Kicker မှ ချီးမြှင့်တဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီရဲ့ တနှစ်တာ အကောင်းဆုံး မန်နေဂျာဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ် ။ တူချယ် ဟာ ဒီဆုကို ဘိုင်ယန်မြူးနစ် နည်းပြဟောင်း ဟန်ဆီ ဖလစ်ကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ကုန်ခါနီးမှာမှ ချဲလ်ဆီး အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ တူချယ် ဟာ အချိန် ၄လကျော် အတွင်း ၊ ကလပ် ရည်မှန်းချက် ဖြစ်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ကို စွမ်းဆောင်ပေးခဲ့သလို ၊ အက်ဖ်အေ ဖလား ဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့ပြီး ၊ ကလပ် ပြိုင်ပွဲ အမြင့်ဆုံး ဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကိုလည်း ဆွတ်ခူးပေးခဲ့ပါတယ် ။

myan789

ဒါဟာ တူချယ် အတွက် ထိုက်တန်တဲ့ တဦးချင်း ဆုတံဆိပ် ဆိုတာ ငြင်းနိုင်စရာ မရှိပါဘူး ။ ဒီဆုကို တူချယ် ဟာ ၁၂၉မဲနဲ့ ဆွတ်ခူးခဲ့တာ ဖြစ်ပြီး ၊ ဒုတိယနေရာမှာ ဟန်ဆီ ဖလစ် က ၁၁၈မဲ ၊ တတိယ နေရာမှာ ဒေါ့မွန် နည်းပြ အီဒင် တာဇစ် က ၇၅မဲနဲ့ အသီးသီး ရပ်တည်ခဲ့ပါတယ် ။

ဘိုင်ယန် နည်းပြသစ် ဖြစ်လာတဲ့ ဂျူလီယန် နာဂယ်စ်မန်း ကတော့ အဆင့် ၁၀ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ် ။ တူချယ် ကတော့ ဒီဆု အတွက် ဝမ်းသာမိပေမယ့် ၊ တဦးချင်း အောင်မြင်မှုထက် အသင်းလိုက် အောင်မြင်မှုကို အလေးထားကြောင်း ပြောဆိုရင်း ၊ ဒီဆုကို ဆွတ်ခူးခဲ့ရာမှာ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေနဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို မဖြစ်မနေ ထည့်သွင်း ချီးကျူးသွားခဲ့ပါတယ် ။

တူချယ် က ” ကျွန်တော် ဟာ ဒီဆုကို နည်းပြ အဖွဲ့ တခုလုံးရဲ့ ကိုယ်စား ၊ ကျေးဇူးတင်စွာပဲ လက်ခံတယ်လို့ ပြောပါရစေ ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို အသင်းလိုက် လှုပ်ရှားသူ တယောက်လို့ပဲ ခံယူထားလို့ပါ ။ တဦးချင်း ဆုတံဆိပ်တွေ အပေါ် ကျွန်တော် သိပ်အယုံအကြည် မရှိပါဘူး ။ ”

” အသင်းလိုက် ကြိုးစားအားထုတ်မှု အပေါ် ကျွန်တော် အမှန်တကယ် ယုံကြည်ပါတယ် ။ ဒါဟာ ကွင်းတွင်းမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ကစားသမားတွေ သာမက ၊ ဒီ အသင်းရဲ့ နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့လူ အားလုံး အပေါ် ကျွန်တော် ယုံကြည်ပါတယ် ။ ”

” ဒီ အောင်မြင်မှုကို ကျွန်တော် တယောက်တည်း စွမ်းဆောင်ခဲ့တာ မဟုတ်ပါဘူး ။ ဒါကို ကျွန်တော့ရဲ့ အဖွဲ့သားတွေနဲ့ အတူ လုပ်ပြခဲ့တာပါ ။ ကိုယ့်အဖွဲ့ထဲက ဂျာမန် ၊ ဟန်ဂေရီသား တွေရဲ့ အကူအညီတင်မက ၊ ကော့ဘ်ဟမ်းက လူတွေ အားလုံးရဲ့ အကူအညီနဲ့ ကျွန်တော် ဒီ အောင်မြင်မှုကို ရခဲ့တာပါ ။ ”

” အခုလို အံ့သြဖွယ် အသင်း တသင်းရဲ့ တစိတ်တပိုင်း အဖြစ် ပါဝင်ခွင့် ရတာ ကျွန်တော် ဝမ်းသာ ဂုဏ်ယူမိပါတယ် ။ ဒီအတွက် ကျွန်တော်တို့ဟာ အံ့သြဖွယ် ပံ့ပိုးမှုတွေနဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ခဲ့တာပါ ။ ဘောလုံး အသင်းတွေဟာ နည်းပြ မပါပဲနဲ့ အောင်မြင်မှု ရနိုင်ကြပါတယ် ။ ဒါပေမယ့် နည်းပြတွေကတော့ ဘောလုံး အသင်း မရှိပဲနဲ့ မအောင်မြင်နိုင်ပါဘူး ။ ”

” ဒါဟာ အသင်းလိုက် ကြိုးစားအားထုတ်မှု အတွက် ဆုတံဆိပ် ဖြစ်ပါတယ် ။ ရှေ့ဆက် ကျွန်တော်တို့ အတူတူ အလုပ်တွဲလုပ်ကြရမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဘိုင်ယန်မြူးနစ် မန်နေဂျာဟောင်း တဦး ဖြစ်တဲ့ ဂျပ်ဟေးကပ်စ် ကလည်း ဒီဆုကို တူချယ် ဟာ ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်တယ်လို့ အခုလိုပဲ ချီးကျူးခဲ့ပါတယ် ။

ဟေးကပ်စ် က ” ဒီလို စိတ်နှစ် ပေးဆပ်မှုကပဲ သောမတ်စ် အဖို့ ဒီဆုကို ရရှိစေခဲ့တာပါ ။ နည်းပြ အလုပ်မှာ ခင်ဗျား ဟာ အနိမ့်အမြင့် အတက်အကျ များစွာနဲ့ ရင်ဆိုင်ရနိုင်ပါတယ် ။ ဒါပေမယ့် အဆုံးမှာ အောင်မြင်မှုနဲ့ ထိုက်တန်တဲ့ နည်းပြတွေ အတွက် ဒီလိုမျိုးဆုက ချိန်သားကိုက် ရောက်လာတာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဒါ့အပြင် ယင်း ဂျာမန် မဂ္ဂဇင်းဟာ တနှစ်တာ အကောင်းဆုံး ကစားသမား ၁၀ယောက်စာရင်းကို ထုတ်ပြန်ခဲ့ရာ ၊ ချဲလ်ဆီး အသင်းရဲ့ ဂျာမန် ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ ကိုင်ဟာဗက်ဇ်နဲ့ တီမို ဗာနာ တို့ဟာ အဆင့် ၅နဲ့ အဆင့် ၇ နေရာတွေမှာ ရပ်တည်နိုင်ခဲ့ကြပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular