spot_img

ဟန်ဆီဖလစ်ခ်လက်ထက်တွင် ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့သည့် ဂျာမနီအသင်း၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရန် လက်တစ်ကမ်းအကွာရောက်လာ

အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်အတွက် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် ပထမနေ့ပွဲများကို သောကြာနေ့က ယှဉ်ပြိုင်ကစားရာ ဂျာမနီအသင်း နိုင်ပွဲဆက်ပြီး ခြေစစ်ပွဲအောင်မြင်ရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာကြောင်း သိရသည်။

သောကြာနေ့က ယှဉ်ပြိုင်ကစားသည့် အုပ်စု (J) ပွဲစဉ်များတွင် ဂျာမနီက ရိုမေးနီး ယားကို အိမ်ကွင်း၌ (၂-၁) ဂိုး၊ မက်ဆီဒိုးနီးယားက လက်ချင်စတိန်းကို အဝေးကွင်း၌ (၀-၄) ဂိုးဖြင့် အနိုင်ရပြီး အိုက်စလန်နှင့် အာမေးနီးယားအသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။

myan789

နည်းပြသစ် ဟန်ဆီဖလစ်ခ်လက်ထက်တွင် ရာနှုန်းပြည့် နိုင်ပွဲရထားသည့် ဂျာမနီ အသင်းသည် ရိုမေးနီးယားအသင်းအား နောက်မှလိုက်ကစားရသော်လည်း နောက်ကျဂိုးဖြင့် နိုင်ပွဲဆက်ခဲ့သည်။ ပွဲအစ ကိုးမိနစ်မှာပင် ရိုမေးနီးယားအတွက် ရိန်းဂျားစ်အသင်း တောင်ပံကစားသမား ဟာဂီက ဦးဆောင်ဂိုး သွင်းယူခဲ့သောကြောင့် ဟန်ဆီဖလစ်ခ်လက်ထက် လေးပွဲမြောက်တွင် ပထမဆုံးဂိုး ခွင့်ပြုခဲ့ရသည်။ ၅၂ မိနစ်တွင် နာဘရီက အဝေးကန်ချက်ဖြင့် ချေပဂိုး ပြန်လည်သွင်းယူပြီး လူစားဝင်ကစားသမား မူလာက ၈၁ မိနစ်တွင် အနိုင်ဂိုးသွင်းယူပေးခဲ့သည်။

သို့ဖြစ်ရာ ဂျာမနီအသင်းအနေဖြင့် ခုနစ် ပွဲကစားအပြီးတွင် ခြောက်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် ၁၈ မှတ်ရရှိထားပြီး ဒုတိယနှင့် တတိယနေရာ မှ မက်ဆီဒိုးနီးယားနှင့် အာမေးနီးယားတို့ကို ခြောက်မှတ်ဖြတ်ထားနိုင်ပြီဖြစ်သည်။ ဂျာမနီ အသင်းသည် ပွဲစဉ် ၈ အဖြစ် တနင်္လာနေ့တွင် မက်ဆီဒိုးနီးယားနှင့် အဝေးကွင်းယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ ဂျာမနီအသင်းအနေဖြင့် ယင်းပွဲတွင် အနိုင်ရပြီး အာမေးနီးယားကလည်း ရိုမေးနီးယားကို အဝေးကွင်း၌ အနိုင်မရလျှင် လက်ကျန်နှစ်ပွဲအလိုမှာပင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

လူးဝစ်ဗန်ဟားလ်လက်ထက်တွင် ရလဒ် ကောင်းမွန်နေသည့် နယ်သာလန်အသင်းကလည်း အသင်းငယ် လတ်ဗီးယားကို အဝေးကွင်း၌ အနိုင်ရပြီး သုံးပွဲဆက် နိုင်ပွဲရရှိခဲ့သည်။ နယ်သာလန်အသင်းအတွက် တစ်လုံးတည်း သော အနိုင်ဂိုးကို ၁၉ မိနစ်တွင် ကွင်းလယ်လူ ကလက်ဆန်က သွင်းယူပေးခဲ့ပြီး ၎င်းအနေဖြင့် ဗန်ဟားလ်လက်ထက် လေးပွဲကစားရာတွင် သုံးပွဲမြောက် ဂိုးသွင်းယူနိုင်ခြင်းဖြစ်သည်။ နယ်သာလန်အသင်းမှာ အုပ်စု (G) တွင် ငါးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ၁၆ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular