spot_img

သြဂုတ် ၁၁ ရက်တွင် မန်ယူအသင်းနှင့် ဗာရန်း၏ဒုတိယပိုင်းဆေးစစ်မှု အောင်မြင်ခဲ့ကြောင်း ဗြိတိန်မီဒီယာများ ဖော်ပြခဲ့ပြီး လိဒ်စ်အသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် အသင်းလူစာရင်း၌ ပါဝင်လာဖွယ်ရှိနေ

မန်ယူအသင်းသို့ ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းမှ ပြင်သစ်နောက်ခံလူ ဗာရန်းသည် သြဂုတ်လ ၁၁ ရက်က အသင်းနှင့် ဒုတိယပိုင်းဆေးစစ်မှုတွင် အောင်မြင်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဗာရန်းသည် သြဂုတ်လ ၁၀ ရက်က မှန်လုံပိတ်ကားဖြင့် မန်ယူအသင်း၏ကာရင်တန်လေ့ကျင့်ရေးသို့ ရောက်ရှိလာသည့်ပုံများ ပေါ်ထွက်လာပြီး ယင်းနေ့တွင် ပထမပိုင်းဆေးစစ်မှု ပြုလုပ်ခဲ့ကာ နောက်ရက်၌ အပြီးသတ်ဆေးစစ်ခဲ့ခြင်း ဖြစ်သည်။

myan789

အသက် ၂၈ နှစ်အရွယ်ရှိ ဗာရန်း၏အပြောင်းအရွှေ့အတွက် မန်ယူနှင့် ရီးယဲလ်အသင်းအကြား ပြီးခဲ့သည့်လကတည်းက သဘောတူထားခြင်းဖြစ်သည်။

သို့သော် ဗိုင်းရပ်စ်ကပ်ရောဂါ၏ Quarantine စည်းမျဉ်းများကြောင့် အပြောင်းအရွှေ့မှာ အပြီးသတ်ရန် ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။

ဗာရန်း၏ အပြောင်းအရွှေ့သည် သဘောတူညီမှုရရှိကြောင်း နှစ်သင်းစလုံးမှ တရားဝင်ကြေညာပြီးသည့်နေ့မှ သြဂုတ်လ ၁၁ ရက်အထိ ၁၆ ရက် ကြာမြင့်ခဲ့ကြောင်း သိရသည်။

ဗာရန်းသည် မန်ယူအသင်းနှင့် ဆေးစစ်မှုအောင်မြင်ခဲ့သော်လည်း စာရွက်စာတမ်းကိစ္စများ အပြီးသတ်ကျန်ရှိနေသေးသည်ဟု ဗြိတိန်သတင်းစာ The Athletic က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ဗာရန်းအား ခေါ်ယူမှုတွင် ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၄ သန်း ပေးချေရမည်ဖြစ်ပြီး Add-ons ကြေးများပါလျှင် ပြောင်းရွှေ့ကြေးတန်ဖိုးမှာ ပေါင် ၄၂ သန်းအထိ ရောက်ရှိနိုင်ကြောင်း သိရသည်။

ဗာရန်းသည် မန်ယူအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့်အချက်ကိုလည်း ထည့်သွင်းထားသည်။

ဗာရန်းအနေဖြင့် သြဂုတ်လ ၁၄ ရက်တွင် လိဒ်စ်အသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်၌ အသင်းလူစာရင်းတွင် ပါဝင်လာဖွယ်ရှိသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ယင်းပွဲတွင် ဗာရန်း ပါဝင်နိုင်ရန် မန်ယူအသင်းအနေဖြင့် သြဂုတ်လ ၁၃ ရက် ညနေပိုင်း၌ နောက်ဆုံးထား စာရင်းသွင်းရမည်ဖြစ်သည်။

ဗာရန်းသည် လိဒ်စ်အသင်းနှင့်ပွဲတွင် ပွဲအစကတည်းက ဝင်ရောက်ကစားလိုနေသည်ဟု သတင်းထွက်ခဲ့သော်လည်း နည်းပြ ဆိုးလ်ရှားအနေဖြင့် အမြင့်ဆုံး အရန်လူစာရင်း၌သာ ထည့်သွင်းဖွယ်ရှိနေသည်။

ဗာရန်းအနေဖြင့် မန်ယူအသင်းတွင် အများမမျှော်လင့်ထားသည့် ကျောနံပါတ်တစ်ခုခုကိုသာ ဝတ်ဆင်ကစားဖွယ်ရှိကြောင်း သိရသည်။

မန်ယူအသင်းသည် ယခုအပြောင်းအ ရွှေ့စျေးကွက်တွင် ဟီတန်၊ ဆန်ချိုပြီးနောက် ဗာရန်းကို တတိယမြောက်အဖြစ် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular