spot_img

သြဂုတ် ၁၀ ရက်တွင်ပြုလုပ်ရန် စီစဉ်ထားသည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနားကို ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ရွှေ့ဆိုင်းကြောင်း AFF ထုတ်ပြန်

သြဂုတ် ၁၀ ရက်တွင်ပြုလုပ်ရန် စီစဉ်ထားသည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနားကို ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က ထုတ်ပြန်ခဲ့သည်။

AFF သည် အုပ်စုမဲခွဲပွဲနှင့်အတူ ပြိုင်ပွဲကျင်းပမည့်ပုံစံကိုပါ တစ်ပေါင်းတည်းထုတ် ပြန်ရန် စီစဉ်ထားသော်လည်း ကပ်ရောဂါ အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ အုပ်စုမဲခွဲပွဲကို စင်ကာပူနိုင်ငံ၌ပြုလုပ်ရန် စီစဉ်ထားသော်လည်း စင်ကာပူနိုင်ငံတွင် ကပ်ရောဂါကူးစက်မှုနှုန်း မြင့်တက်နေသဖြင့် မကျင်းပနိုင်ခြင်းဖြစ်ပြီး မဲခွဲပွဲဲပြုလုပ်မည့်ရက် ကို ပြန်လည်ထုတ်ပြန်သွားမည်ဖြစ်သည်။

myan789

ယင်းပြိုင်ပွဲမှာ ပုံမှန်အရ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပရမည်ဖြစ်သော်လည်း ကပ်ရောဂါ ကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရပြီး ဧပြီတွင်လည်း ကျင်းပရန် မဖြစ်နိုင်သဖြင့် ယခုနှစ်ကုန်ပိုင်းသို့ ထပ်မံရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။ AFF သည် ပြိုင်ပွဲကျင်းပမည့်ပုံစံကို နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်း နှစ်ပွဲ၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပရန် ဦးစားပေးစီစဉ် ထားပြီး အကယ်၍ ယင်းပုံစံအတိုင်း မကျင်းပနိုင်ပါက အိမ်ရှင်တစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံ ရွေးချယ်၍ ကျင်းပမည်ဖြစ်သည်။

“မဲခွဲပွဲပြုလုပ်ဖို့ စီစဉ်ထားတဲ့ စင်ကာပူ နိုင်ငံမှာ ရောဂါကာကွယ်ရေးအတွက် အထူး ဆောင်ရွက်နေပါတယ်။ စင်ကာပူနိုင်ငံရဲ့ ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ကျွန် တော်တို့ နားလည်ပါတယ်။ မဲခွဲပွဲ ရွှေ့ဆိုင်း လိုက်ရပေမဲ့ အဆင်ပြေဆုံးအချိန်မှာ ပြန်လည်ပြုလုပ်သွားမှာပါ”ဟု AFF ဥက္ကဋ္ဌ Major General Khiev Sameth က ပြောကြားခဲ့သည်။

AFF သည် စပွန်ဆာဝင်ငွေ မြင့်မားစွာ ရရှိမည်ဖြစ်သောကြောင့် အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲကို မဖြစ်မနေကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။ AFF သည် ပြီးခဲ့သည့်နှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲအားလုံးကို ကပ်ရောဂါအခြေအနေကြောင့် ဖျက်သိမ်းခဲ့ရပြီး ယခုနှစ်တွင်လည်း ပြိုင်ပွဲများ ကျင်းပနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ AFF အနေ ဖြင့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ရန် ဦးစားပေးကြိုးပမ်းနေခြင်း ဖြစ်ပြီး စုစုပေါင်း ၁၀ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

အရှေ့တောင်အာရှ ၁၁ သင်းရှိသော ကြောင့် AFF အနေဖြင့် အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးနှစ်သင်းကို ခြေစစ်ပွဲကစားစေမည်ဖြစ်ပြီး နောက်ဆုံးအဆင့်တွင် အသင်း ၁၀ သင်းကို ငါးသင်းနှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင် ကစားစေမည်ဖြစ်သည်။ အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပ ခဲ့ပြီး နှစ်နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။ ယခင်က တိုက်ဂါးဖလားပြိုင်ပွဲ၊ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအမည်များဖြင့် ကျင်းပခဲ့ပြီး ၂၀၀၈ ခုနှစ်မှစတင်ကာ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအမည်ဖြင့် ကျင်းပခဲ့သည်။ AFF သည် ယခုပြိုင်ပွဲကို ဆက်လက်စပွန်ဆာပေး ရန် ဆူဇူကီးကုမ္ပဏီနှင့် သဘောတူညီမှုရခဲ့ သဖြင့် ဆက်လက်ပံ့ပိုးကူညီမည်ဖြစ်သည်။

မြန်မာအသင်းသည် အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲ ကျင်းပပြီးစီးခဲ့သည့် ၁၂ ကြိမ် စလုံး နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း ချန်ပီယံဆုရယူနိုင်ခြင်းမရှိသေးသလို ဗိုလ်လုပွဲအဆင့်ထိပင် တက်ရောက်နိုင်ခြင်းမရှိသေးဘဲ အမြင့်ဆုံး ဆီမီးဖိုင်နယ် အဆင့်သို့ နှစ်ကြိမ်တက်ရောက်နိုင်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် ချန်ပီယံဆုရရှိဖူးသည့်အသင်း လေးသင်းသာရှိပြီး ထိုင်းအသင်းက ငါးကြိမ်၊ စင်ကာပူအသင်းက လေးကြိမ်၊ ဗီယက်နမ်အသင်းက နှစ်ကြိမ်နှင့် မလေးရှားအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular