spot_img

သောမတ်စ်တူဟယ်လ်ကို လျော်ကြေး ပေါင် (၄.၅)သန်းပေးရန် PSG သဘောတူညီမှုရရှိခဲ့ပြီးနောက် ပိုချက်တီနိုကို ခန့်အပ်ရန် ပိုနီးစပ်လာ

PSG အသင်းသည် ခရစ္စမတ်မတိုင်မီရက်ပိုင်းက ရာ ထူးမှ ထုတ်ပယ်ရန်ဆုံးဖြတ်ခဲ့သည့် သောမတ်စ်တူဟယ်လ်အား လျော်ကြေး ပေါင် (၄.၅)သန်းပေးချေသွားရန် သဘောတူခဲ့ပြီးနောက် ပိုချက်တီနိုကို အစားထိုးခန့်အပ်ရန်အစီအစဉ်မှာ ပိုမိုနီးစပ်လာခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

အီတလီနာမည်ကျော်ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ဖေဘရစ်ဇီယိုရိုမာနိုက PSG အသင်းသည် ပိုချက်တီနိုနှင့် စာချုပ်လက်မှတ်ထိုးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ယင်းအခြေအနေမှာ တူဟယ်လ်ကို လျော်ကြေးငွေ ပေါင် (၄.၅)သန်းပေးချေသွားရန် သဘောတူညီမှုရပြီးနောက် ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။

myan789

ဂျာမန်မီဒီယာများ၏အဆိုအရ တူဟယ်လ်သည် စထရာဘိုးအသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲအပြီး နာရီပိုင်းအတွင်း အထုတ်ခံခဲ့ရခြင်းဖြစ်သည်ဟုဆိုခဲ့ပြီး၊ လွန်ခဲ့သည့် (၄)လက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ပြီးကတည်းက ရာထူးမှထုတ်ပယ်ရန် စီစဉ်ထားပြီးဖြစ်သည်ဟုလည်း သိရှိရသည်။

တူဟယ်လ် ထုတ်ပယ်ခံရသည့်သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်ခဲ့သော်လည်း PSG အသင်းက တရားဝင်ကြေညာချက် မထုတ်သေးသဖြင့် အခြေအနေကို စောင့် ကြည့်နေကြချိန်တွင် အသင်း၏ ပြင်သစ်လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေက ယင်းသတင်းကို တူဟယ်လ်အတွက် ဝမ်းနည်းစကားနှင့်အတူ အတည်ပြုခဲ့သည်။

ဘာပေက ”ဒါဟာ ဘောလုံးရဲ့ ဝမ်းနည်းစရာကောင်းတဲ့ ဥပဒေသပါပဲ။ ခင်ဗျား ဒီအသင်းမှာရှိနေတဲ့အချိန်တွေကို ဘယ်သူမှမေ့လို့ရမှာ မဟုတ်ပါဘူး။ ခင်ဗျားက ဒီအသင်းရဲ့ သမိုင်းအတွက် အံ့သြစရာအစိတ်အပိုင်းတွေကို ရေးပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက ကျေးဇူးတင်ပါတယ် နည်းပြ”ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular