spot_img

သူ့ရဲ့ အာဆင်နယ် ပွဲဦးထွက်အကြောင်း ပြောကြားရင်း ကစားကွက်နဲ့ အထိုင်ကျဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုလာတဲ့ ဟာဗက်ဇ်

ကိုင်ဟာဗက်ဇ် ဟာ မနေ့က ကစားခဲ့တဲ့ နုရင်ဘတ် အသင်းနဲ့ ခြေစမ်းပွဲမှာ အာဆင်နယ် အသင်းအတွက် ပထမဆုံး အကြိမ် ပါဝင် ကစားခဲ့ပါတယ် ။ ဟာဗက်ဇ် ဟာ ပွဲထွက် လူစာရင်းမှာ မပါဝင်ခဲ့ဘဲ ဒုတိယပိုင်းမှသာလူစားဝင် ကစားခဲ့တာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ နုရင်ဘတ် နဲ့ ပွဲမှာ ဆာ​ကာ ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုး တစ်ဂိုး ပြန်ပေးခဲ့ရပြီး သရေရလဒ်နဲ့သာ ကျေနပ် ခဲ့ရပါတယ် ။

ပွဲအပြီးမှာတော့ ဟာဗက်ဇ် က သူ့ရဲ့ပထမဆုံး ပွဲဦးထွက် ခံစားချက် နဲ့ ပတ်သက်ပြီး ” ကျနော် အရမ်း ပျော်ပါတယ် ။ အာဆင်နယ် က ထိပ်တန်း အသင်းကြီး တစ်သင်းပါ ၊ ဒီလို အသင်းမှာ ကစားရတာ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့သလိုပါပဲ ၊ ဒီအစုအဖွဲ့မှာ ပါဝင် ကစားခွင့် ရတာ တကယ် ပျော်ပါတယ် ။ ”

myan789

” ကျနော် ဒီအသင်းနဲ့ ပူးပေါင်းတာ လေးရက်လောက်ပဲ ရှိပါသေးတယ် ၊ ဒါပေမဲ့ အသင်းဖော်တွေက ဝမ်းပန်းတသာ ကြိုဆိုကြတာကို ခံစားမိပါတယ် ၊ ဒါကြောင့် သူတို့နဲ့ အတူ ကစားရတာ တကယ် ပျော်ဖို့ ကောင်းပါတယ် ။ အာဆင်နယ် အသင်းရဲ့ ကစားပုံနဲ့ အထိုင်ကျဖို့ ရက်အနည်းငယ် ၊ ရက်သတ္တပတ် အနည်းငယ် အချိန်ယူရမှာပေါ့ဗျာ ။ ”

” ဒါပေမဲ့ ကျနော် အသင်းအတွက် အစွမ်းကုန် ပေးဆပ် ကစားသွားမှာပါ ၊ အထူးသဖြင့် လာမယ့် အပတ်တွေအတွင်းမှာပေါ့ ၊ ကြံ့ခိုင်မှု ပြည့်ဝ နေဖို့ လိဂ်ပြိုင်ပွဲမှာ အမြင့်မားဆုံး စွမ်းဆောင်ရည်တွေ ပြသ နိုင်ဖို့ မျှော်လင့်ထားပါတယ် ။ ”

အာဆင်နယ် ကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ နဲ့ ပတ်သက်ပြီးလည်း ဟာဗက်ဇ် က ” အာဆင်နယ် က လူငယ် အစုအဖွဲ့တွေနဲ့ တည်ဆောက်ထားတဲ့ အသင်းပါ ။ မနှစ်က သူတို့ ကစားတာကို ကွင်းပြင်ပကနေကြည့်မိသလောက် တကယ်ကြည့်လို့ ကောင်းပါတယ် ၊ အာဆင်နယ် အသင်းရဲ့ energy ကို ခံစားမိခဲ့ပါတယ် ၊ ဒီအသင်းကို ရောက်လာခွင့်ရတာ ကျနော့်အတွက် သိပ်ကောင်းပါတယ် ၊ ကောင်းမွန်တဲ့ အချိန်တွေကို ဖြတ်သန်းရင်း အောင်မြင်မှုတွေ အများကြီးရဖို့ မျှော်လင့်ထားပါတယ် ။ ”

” အပြင်ပန်းကနေ ကြည့်တာနဲ့တင် အာဆင်နယ် က မိသားစုကြီး တခုလို ဖြစ်နေတဲ့ အသင်း ဆိုတာ မြင်သာပါတယ် ။ အာဆင်နယ် နဲ့ ကစားခဲ့ရတဲ့ အချိန်တိုင်း သူတို့ရဲ့energy ကို ခံစားမိပါတယ် ၊ အာဆင်နယ် ရဲ့ စုစည်းညီညွှတ်မှုကြောင့် ထိပ်တိုက်တွေ့တိုင်း ခက်ခက်ခဲခဲ ကစားခဲ့ရတာပါ ၊ အခု အသင်းကို ရောက်လာချိန်မှာလည်း စရောက်ကတည်းက နွေးနွေးထွေးထွေး နဲ့ ကြိုဆိုကြတာကို ခံစားမိပါတယ် ၊ ရောက်တာ ရက်ပိုင်းပဲ ရှိသေးပေမယ့် ဒီအစုအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ခံစားနေရပါပြီ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular