spot_img

သူတို့ အသင်းကို ချန်ပီယံလိဂ် ဖလား မရအောင် တားဆီးနိုင်တာ သူတို့ ကိုယ်တိုင်ပဲ ဖြစ်တယ်လို့ ဆိုတဲ့ စတာလင်

စတာလင် ကတော့ စနေနေ့ည ပေါ်တိုမှာ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်စီးတီး နဲ့ အတူ သမိုင်း မှတ်တိုင်သစ် တစ်ခု တည်ဆောက် နိုင်ဖို့ အားခဲ မျှော်လင့် နေပါတယ် ။

မန်စီးတီး ဟာ ဗိုလ်လုပွဲ မှာ ချဲလ်ဆီး အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အနိုင်ရပါက သူတို့ အသင်းအတွက် သမိုင်း တစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ် ဆုဖလား ဖြစ်လာမှာ ဖြစ်သလို တစ်ရာသီတည်း ဖလား သုံးလုံး ရရှိတဲ့ နှစ်တစ်နှစ် ဖြစ်လာမှာပါ ။

myan789

စတာလင် က ဂွာဒီယိုလာ လက်အောက်မှာ ဗိုလ်လုပွဲ ၇ ကြိမ် အထိ ကစားဖူးတဲ့ အတွေ့အကြုံဟာ သူတို့ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ နှာတစ်ဖျားသာစေတယ်လို့ ထင်ကြောင်း ပြောကြား လိုက်ပါတယ် ။

” ကျွန်တော်တို့ကို ရပ်တန့် နိုင်တဲ့ တစ်ခုတည်းသော အရာက ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ ၊ ကျွန်တော်တို့ ခက်ခဲတဲ့ စာမေးပွဲကို ရင်ဆိုင်ရမယ်ဆိုတာ မျှော်လင့် ထားသလို ဖြတ်ကျော် နိုင်မယ်လို့လည်း မျှော်လင့် ထားပါတယ် ။ အသင်းအတွက် ထူးခြားတဲ့ သမိုင်းသစ် တစ်ခု ဖန်တီးဖို့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါတယ် ။ “

” ကျွန်တော်တို့ အားလုံး ပွဲမတိုင်ခင်မှာ စိတ်အေး သက်သာ ရှိပါတယ် ၊ အရင်တုန်းက ဖိုင်နယ်ပွဲတွေ ကစားဖူးတဲ့ အတွေ့အကြုံတွေ ကျနော်တို့မှာ ရှိပါတယ် ၊ ပြိုင်ဘက် အသင်းကို ဖလားရစေမယ့် အခွင့်အရေး ပေးသွားမှာ မဟုတ်ပါဘူး ၊ ကိုယ်ကစားနေကြ ပုံစံအတိုင်း ကစားသွားမှာပါ ။ “

” ဒါက ချန်ပီယံလိဂ် ဗိုလ်လုပွဲပါ ၊ ကစားရမယ့်နေ့မှာ အရာရာက အများကြီး ကွဲပြား ခြားနားမှု ရှိပါတယ် ၊ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ထားပြီး ကစားရမှာပါ ။ “

” ဗိုလ်လုပွဲ ရောက်လာတာကိုက ကျွန်တော်တို့ အတွက် ကြီးမားတဲ့ အောင်မြင်မှု ပါပဲ ၊ ဒါပေမယ့် ဒီအောင်မြင်မှုလောက်နဲ့ ကျွန်တော်တို့ တင်းတိမ်ရပ်တန့် သွားမှာ မဟုတ်ပါဘူး ၊ ဒီအသင်း က ရည်မှန်းချက် ကြီးမားပြီး တောက်လျှောက် တိုးတက်လာတဲ့ အသင်းပါ ။ “

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular