အာဆင်နယ်သည် အန်ဖီးတွင် မနေ့ညက ကစားသည့်ပွဲတွင် လီဗာပူးနှင့် နှစ်ဂိုးစီသရေကျခဲ့သည်။ မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်းကိန်းက အာဆင်နယ်အနေဖြင့် သရေတစ်မှတ်ရသည်ကိုပင် ကျေနပ်သင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အာဆင်နယ်သည် ပထမပိုင်းတွင် ဦးဆောင်ဂိုးနှစ်ဂိုး ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ချေပဂိုး နှစ်ဂိုးပြန်ပေးရကာ နှစ်ဂိုးစီသရေကျခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်က မန်ယူကစားသမားဟောင်းတစ်ဦးဖြစ်တဲ့အတွက် အရမ်းကြီးတော့ မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် ပွဲပြီးကာနီး မိနစ် ၂၀ လောက်မှာ အာဆင်နယ်က ခံစစ်ကို ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။ လီဗာပူးက သူတို့ရဲ့ ပုံရိပ်အတွက် အကောင်းဆုံးကြိုးစားသွားတယ်လို့ ပြောရမယ်။ အန်ဖီးကွင်းကပေးတဲ့ အားမာန်၊ အသင်းရဲ့သမိုင်းကြောင်းတွေကြောင့် အာဆင်နယ်က လီဗာပူးကို အနိုင်ကစားနိုင်ဖို့ အရမ်းကို ခက်ခဲခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်က တစ်မှတ်ရတာကို ကျေနပ်သင့်တယ်လို့ထင်ပါတယ်။ မန်စီးတီးအတွက်ကလည်း အမှတ်ပေးချန်ပီယံဆုအတွက် မျှော်လင့်ချက်ရောင်ခြည်ပေါ်လာပါတယ်”ဟု ရွိုင်းကိန်းက ပြောဆိုလိုက်သည်။