spot_img

သတင်းအမှား‌တွေနဲ့ပတ်သက်ပြီး ပြန်လည်တုံ့ပြန်လာတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဘက်ကနေ သတင်းအမှားတွေဖြန့်တယ်လို့ အမ်ဘာပေပြောကြားလာခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းဘက်က ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ တနင်္လာနေ့တုန်းက ဆွီဒင်မီဒီယာတစ်ခုက ရဲတွေဟာ ဘာပေတစ်ယောက် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရှာဖွေနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘာပေတစ်ယောက် အခုလိုမျိုးလုပ်ဆောင်ခဲ့လားဆိုတာကို ဆွီဒင်ရဲတပ်ဖွဲ့ဘက်က အတည်မပြုသေးတာဖြစ်ပါတယ်။ ဘာပေဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက ဆွီဒင်က သီးသန့်လေယာဉ်နဲ့ထွက်ခွာခဲ့ပြီး အဆိုပါသတင်းနဲ့ပတ်သက်လို့ သတင်းအမှားတွေလို့ တွစ်တာကကနေ ရေးသားခဲ့ပါတယ်။

myan789

“အဲ့တာက ခန့်မှန်းချက်တွေဖြစ်လာပါတယ်။ တကယ်သာဆိုရင် ဒီနေ့မတိုင်ခင်တောင် ကြားရနိုင်ပါတယ်။ မှန်လားဗျ?”လို့ ရေးသားခဲ့ပါတယ်။ ရီးရဲလ်စတားဟာ လက်ရှိမှာအသင်းဟောင်း ပီအက်စ်ဂျီထံကနေ လက်ကျန်လုပ်ခလစာပေါင် ၄၅.၉ သန်းရရှိဖို့ လုပ်ဆောင်နေပါတယ်။

အင်္ဂါနေ့က သတင်းကြားပြီးနောက် ပီအက်စ်ဂျီက ဘာပေရဲ့ပို့စ်ကို ဝေဖန်ခဲ့ပြီး အသင်းအတွင်းပိုင်းတာဝန်ရှိသူတစ်ဦးက အခုလိုမျိုးတုံ့ပြန်ခဲ့ပါတယ်။

“အရိုးသားဆုံးပြောရရင် အဲ့တာက ရှက်စရာပါ။ ပီအက်စ်ဂျီက သူနဲ့ပတ်သက်ပြီး အရာအားလုံးတာဝန်ရှိနေသလိုပါပဲ။ သူက မက်ဒရစ်အတွက် ပင်နယ်တီကလွဲရင် ဂိုးမသွင်းနိုင်သေးပါဘူး။ အဲ့တာက ပီအက်စ်ဂျီကြောင့်လား။

PSG reacting to the misinformation

ပြင်သစ်အသင်းအတွက်လည်း ဒဏ်ရာမရပဲလွဲချော်တာက ပီအက်စ်ဂျီကြောင့်လား။ အခုလည်း ဆွီဒင်မှာ ပီအက်စ်ဂျီကပဲ သတင်းအမှားတွေဖန်တီးသယောင်ပြောနေပါတယ်။ အဲ့တာတွေကို လျစ်လျူရှုပြီး ကျွန်တော်တို့ အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းသွားမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။

ဘာပေရဲ့တာဝန်ရှိသူတွေကတော့ အဆိုပါသတင်းတွေဟာ အမှားတွေဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

“ဒီနေ့ ဆွီဒင်ကနေ သတင်းအမှားတွေ တက်လာပါတယ်။ ဒီစွပ်စွဲချက်တွေက သတင်းအမှားတွေဖြစ်သလို လက်မခံနိုင်စရာပါ။ ဘာပေရဲ့ပုံရိပ်ကို ထိခိုက်လာမယ်ဆိုရင် ကျွန်တော်တို့ အမှန်တရားအတွက် တရားလမ်းကြောင်းကနေ သွားမှာပါ”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular