spot_img

ဝေဖန်မှုများခံနေရသည့် မက်ဂွိုင်းရား၏ အသင်းခေါင်းဆောင်ရာထူးကိုရုပ်သိမ်းရန် ရန်းနစ် ငြင်းဆန်

မန်ယူအသင်းယာယီနည်းပြ ရန်းနစ်က ပုံမှန်ခြေစွမ်းအောက်ရောက်ရှိနေသဖြင့် ဝေဖန်မှုများခံနေရသည့် မက်ဂွိုင်းရား၏အသင်းခေါင်းဆောင်ရာထူးကို ရုပ်သိမ်းရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။

နောက်ခံလူများအနက် ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် စံချိန်တင်ထားသူ မက်ဂွိုင်းရားသည် ဘန်လေ၊ ဆောက်သမ်တန်အသင်းတို့နှင့် သရေကျသည့် နှစ်ပွဲဆက်တိုက် အမှားများကျူးလွန်ခဲ့သောကြောင့် ဝေဖန်မှုများခံနေရပြီး အသင်းသမိုင်းတစ် လျှောက် အဆိုးရွားဆုံးခေါ်ယူမှုဖြစ်ကြောင်း လှောင်ပြောင်မှုများလည်းရှိနေသည်။

myan789

သို့သော် ၎င်း၏စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ရန်းနစ်က “ပြီးခဲ့တဲ့နှစ်ပွဲမှာ သူ့ရဲ့အားနည်းချက်တွေရှိခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဘန်လေနဲ့ပွဲမှာ ကျွန်တော်တို့ပေးခဲ့ရတဲ့ဂိုးအပြင် ဆောက်သမ်တန်နဲ့ပွဲမှာပါ အားနည်းချက်တချို့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက ကျွန်တော်တို့အသင်းရဲ့ အသင်းခေါင်းဆောင်ပါ။ အဲဒါကို ပြောင်းလဲပစ်ဖို့ အကြောင်းပြချက်မတွေ့ သေးပါဘူး။ သူက တခြားကစားသမားတွေလိုပဲ တိုးတက်လာမယ့်၊ ပိုကောင်းလာမယ့် ကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့ အခုကစားနေတဲ့ပုံစံက သူ့အတွက်တော့ အသစ်အဆန်းဖြစ်နေလို့ပါ။ ဒါက အသစ်အဆန်းဖြစ်တာကြောင့် အသားကျစေဖို့၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အချိန်တစ်ခုယူရပါလိမ့်မယ်” ဟု ကာကွယ်ပြောကြားခဲ့သည်။

ထို့ပြင် ရန်းနစ်က ယခုရာသီကုန်တွင် မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ပါက နည်းပြဟောင်း ဆိုးလ်ရှားတွင်လည်း တာဝန်ရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။ “အိုလေး ဒီအသင်းကနေ ထွက်သွားပြီးကတည်းက အဲဒီကိစ္စ (ချန်ပီယံလိဂ်ဝင်ခွင့်လွဲ ချော်ခြင်း) က အမြဲတမ်းစိုးရိမ်စရာဖြစ်နေတာပါ။ ဒါက အသင်းကနေ သူထွက်ခွာသွားရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ တကယ်တော့ ဆောက်သမ်တန်နဲ့ပွဲလို ရလဒ်မျိုးက ပိုပြီးလွယ်ကူစေမှာ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ ရင်ဆိုင်ရမယ့်အရာပါ။ ဒီလိုရလဒ် တွေက အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ဖို့ လွယ်ကူစေမှာ မဟုတ်ဘူးဆိုတဲ့ အမှန်တရားကို လက်ခံရပါမယ်။ ကျွန်တော်က ရာသီဝက်ကာလမှ ရောက်လာတာပါ။ ကျွန်တော်တို့မှာ ရာသီကြိုလေ့ကျင့်မှုအစီအစဉ်လည်း မရှိခဲ့ပါဘူး။ ပုံမှန်ပုံစံအတိုင်း လေ့ကျင့်နိုင်တာလည်း ဒီကြားထဲမှာ နှစ်ပတ်လောက်ပဲရှိပါ တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်က ကျွန်တော်တို့ ရနိုင်လောက်တဲ့ အမြင့်ဆုံး ရည်မှန်းချက်ပါ။ ဒါပေမဲ့ အဲဒီတစ်ခုကလည်း မလွယ်ကူပါဘူး” ဟု ၎င်းက ဆိုသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular