spot_img

ဝေဖန်ခံရခြင်းကို မိမိ အမြဲပျော်ရွှင်ပြီး ဝေဖန်သူများကို ရင်ဆိုင်ဖြေရှင်းရန် ယခုနေရာသို့ ရောက်ရှိနေခြင်းမဟုတ်ဟု ဆိုးလ်ရှား ပြောကြား

မန်ယူအသင်း၏ နည်းပြ ဆိုးလ်ရှားက မိမိသည် ဝေဖန်ခံရခြင်းကို အမြဲပျော်ရွှင်ပြီး ဝေဖန်သူများကို ရင်ဆိုင်ဖြေရှင်းရန် ယခုနေရာသို့ ရောက်ရှိနေခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။

ဆိုးလ်ရှားသည် ၎င်းအား မန်ယူနည်းပြရာထူးနှင့် ထိုက်တန်မှုမရှိကြောင်း၊ မန်ယူနည်းပြရာထူးမှ ထုတ်ပယ်ခံရသင့်ပြီဖြစ်ကြောင်း ဝေဖန်သူများကို အဓိကရည်ရွယ်၍ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

myan789

စပါးအသင်းကို အဝေးကွင်းတွင် (၃-၀)ဂိုးဖြင့် အနိုင်ယူပြီးနောက် ဖိအားပြန်လျော့သွားခဲ့သည့် ဆိုးလ်ရှားက ” ဝေဖန်မှုတွေက ခင်ဗျားကိုယ်ခင်ဗျား သံသယဝင်စေနိုင်သလို၊ ခင်ဗျားဘာသာလည်း မားမားမတ်မတ်ရပ်တည်နိုင်စေပါတယ်။ ဒါကြောင့် ဝေဖန်မှုတွေကို ကျွန်တော် အမြဲသဘောကျပါတယ်။ ကျွန်တော်တို့အားလုံးမှာ မတူခြားနားတဲ့ လုပ်ငန်းတာဝန်တွေနဲ့ပါ။ သူတို့(ဘောလုံးသုံးသပ်သူများနှင့် ဘောလုံးသမားဟောင်းများ)ရဲ့ အလုပ်က သူတို့ရဲ့ ထင်မြင်ချက်ကို ဖော်ပြဖို့ပါပဲ။ ဒါကြောင့် ဝေဖန်မှုတွေအတွက် ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော် သူတို့ကို ရင်ဆိုင်ဖြေရှင်းဖို့ ဒီနေရာကို ရောက်နေတာမဟုတ်ပါဘူး”ဟု အတ္တလန်တာနှင့်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆိုးလ်ရှားသည် မန်ယူနည်းပြအဖြစ် စတင်ဆောင်ရွက်စဉ်က ပရိသတ်များ၏ ကြိုဆိုခြင်းခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ဝေဖန်မှုများနှင့် ရင်ဆိုင်လာရပြီး လီဗာပူးလ်အသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှထုတ်ပယ်ခံရတော့မည်ဟု သတင်းကြီးခဲ့သော်လည်း အသင်းတာဝန်ရှိသူများက အခွင့်အရေးဆက်ပေးထားခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular