အမှားများ ဆက်တိုက်ကျူးလွန်ပြီး ခြေစွမ်းကျဆင်းနေမှုကြောင့် ပရိသတ်များ၏ ပြစ်တင်ဝေဖန်မှုခံနေရသည့် အင်္ဂလန်လက်ရွေးစင်အသင်းဖော် မက်ဂွိုင်းရားဘက်မှ ဟာရီကိန်းနှင့် လုခ်ရှောတို့က ကာကွယ်ပြောကြားခဲ့ကြောင်းသိရသည်။
မက်ဂွိုင်းရားသည် ဂျာမနီအသင်းနှင့် သုံးဂိုးစီသရေကျသည့်ပွဲတွင် သူ၏အမှားကြောင့် ပယ်နယ်တီပေးရကာ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် ယင်းပွဲစဉ်မတင်မီ ပွဲကစားမည့် ကစားသမားစာရင်းကို ကြေညာရာတွင်လည်း သူ၏အမည်ခေါ်ဆိုချိန်၌ အင်္ဂလန်ပရိသတ်များက လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသည်။
ဟာရီကိန်းက မက်ဂွိုင်းရားသည် ကြီးကျယ်ခမ်းနားသည့် လက္ခဏာရှိပြီး သူ့အတွက် ဂုဏ်ယူမိသည်ဟု ဆိုခဲ့ပြီး လုခ်ရှောကမူ အံ့အားသင့်စရာကောင်းသည့်ကစားသမားဟု မှတ်ချက်ပြုခဲ့သည်။