ဘရာဇီးလက်ရွေးစင်ဂိုးသမားဟာ တံကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့ပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့တာဖြစ်သော်လည်း ဒီတစ်ပတ်အစောပိုင်းမှာတော့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပါတယ်။ အရန်ဂိုးသမား ကလယ်ဟာက ဘုန်းမောက်၊ ဝက်စ်ဟမ်းတို့အား အနိုင်ရရှိခဲ့တဲ့ပွဲများတွင် အမှားအယွင်းမရှိခဲ့သော်လည်း ကလပ်ရဲ့နံပါတ် ၁ ဂိုးသမားပြန်ကောင်းလာတာကတော့ အားတက်စရာဖြစ်ပါတယ်။
“သူက ပြန်ကစားဖို့အဆင်သင့်ဖြစ်ပြီလို့ထင်ပါတယ်။ မနေ့က လေ့ကျင့်ခန်းဆင်းခဲ့ပြီး ဒီနေ့မှာတော့ အပြည့်အဝလေ့ကျင့်နိုင်မယ်လို့ မျှော်လင့်မိပါတယ်”
“ကျွန်တော်တို့အရမ်းပျော်ပါတယ်၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ ပွဲ ကယ်လီဟာနှင့်အတူ ကောင်းကောင်းလုပ်နိုင်ခဲ့တာကိုလည်း အလေးပေးပြောချင်ပါတယ်။ ဒါဟာ အသင်းရဲ့အချို့သော နေရာတွေမှာ ရွေးချယ်စရာ ၂ ဦး ၃ ဦးအထိ ရှိနေတာကို ပြသလိုက်တာပါ” လို့ စလော့က ပြောပါတယ်။
စလော့ရဲ့လက်အောက် ဝက်စ်ဟမ်းအား ၅-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဟာ ကောင်းမွန်တဲ့စတင်မှုတစ်ခုဖြစ်ပြီး ကလော့ပ်ရဲ့ နေရာကို ဆက်ခံခဲ့ပြီးနောက် သိသာစေတဲ့ အနိုင်ရရှိမှုလည်းဖြစ်ပါတယ်။ ဂတ်ပိုနှင့် ဂျိုတာတို့က ၂ ဂိုးစီသွင်းယူခဲ့သော်လည်း ဝုဗ်နှင့်ပွဲ ပွဲထွက်နိုင်ဖို့ အာမခံချက်မရှိနေတာလည်းဖြစ်ပါတယ်။
“ကျွန်တော့်အတွက်ကတော့ ပြောစရာ ၂ မျိုးရှိပါတယ်။ သူတို့တွေမှာ အရည်အသွေးတွေအများကြီးရှိပြီး ပွဲအတွက် ရွေးချယ်ထားတဲ့ ကစားသမားတွေကလည်း အသင်းအတွက် အမြဲတမ်း အခွင့်အရေးတွေကို ဖန်တီးပေးနေကြပါတယ်”
“ဒါကြောင့် ကျွန်တော်တို့အမှာ အရည်အသွေးများစွာရှိနေတာဖြစ်ပြီး သွင်းဂိုးတွေ ဂိုဖန်တီးမှုတွေ လုပ်နိုင်နေတာပါ” လို့ နည်းပြက ပြောထားပါတယ်။
လက်ရှိအချိန်အထိ ဒီယက်ဇ်ဟာ လီဗာပူးရဲ့တစ်ရာသီစာအကောင်းဆုံးကစားသမားဖြစ်နိုင်ပြီး ကိုလံဘီယာသားရဲ့တိုးတက်လာမှုတွေကို နည်းပြက သဘောကျနေတာဖြစ်ပါတယ်။
“သူ့လိုအရည်အသွေးရှိတဲ့ ကစားသမားက အမြဲတမ်းဂိုးတွေသွင်းယူနေမှာပါ” လို့ စလော့က ပြောပါတယ်။