spot_img

ဝမ်ဘစ်ဆာကာအား ပေါင် (၁၀) သန်းဖြင့် ပြန်လည်ခေါ်ယူရန် ပဲလေ့စ် စိတ်ဝင်စား

ခရစ္စတယ်ပဲလေ့စ်အသင်းသည် ၂၀၁၉ ခုနှစ်က မန်ယူအသင်းထံ ပေါင်သန်း (၅၀) ဖြင့် ရောင်းချခဲ့သည့် အင်္ဂလန်နောက်ခံလူ ဝမ်ဘစ်ဆာကာအား ပေါင် (၁၀) သန်းဖြင့် ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

အသက် (၂၄) နှစ်အရွယ်ရှိ ဝမ်ဘစ်ဆာကာသည် မန်ယူအသင်းသို့ စတင်ရောက်ရှိခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် အသင်းပရိသတ်များ၏ ဝေဖန်ခြင်းကို ခံနေရသူဖြစ်ပြီး ပြီးခဲ့သည့် ရာသီက ပြိုင်ပွဲစုံ (၂၆) ပွဲသာ ကစားခွင့်ရခဲ့သည်။

myan789

လက်ရှိနည်းပြ တန်ဟက်ဂ်သည် ၎င်းအား နှစ်သက်ခြင်းမရှိဘဲ ရောင်းထုတ်ရန်စီစဉ်နေရာ ပဲလေ့စ်အသင်းက ပြန်ခေါ်ရန်စိတ်ဝင်စားနေသော်လည်း ပေါင် (၁၀)သန်းသာ ပေးလိုကြောင်းသိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular