spot_img

ဝက်စ်ဟမ်း အသင်းကို အနိုင်ယူပြီးတဲ့နောက် ဝန်ခံမှု ၊ ဝံ့ကြွားမှု တွေကို လုပ်ဆောင်လိုက်တဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ လန်ဒန်ကွင်းထဲ ဝက်စ်ဟမ်း အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ကစားခဲ့ ရပြီး 1 – 3 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူ သွားနိုင်ခဲ့ ပါတယ် ။ အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယားရဲ့ အဆင့် 4 နေရာကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် သွင်းဂိုး တွေကို ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ၊ တိုက်စစ် ကစား သမား နှစ်ဦး ဖြစ်ကြတဲ့ မေဆွန် ဂရင်းဝုဒ် နဲ့ မားကပ်စ် ရပ်ရှ်ဖို့ တို့က ဒုတိယပိုင်း အတွင်း ကိုယ်စီ သွင်းယူ ပေးသွား နိုင်ခဲ့ ကြတာပဲ ဖြစ်ပါတယ် ။

myan789

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က သူတို့ အသင်းဟာ ပထမပိုင်း အတွင်း ဝက်စ်ဟမ်း အသင်းရဲ့ ကောင်တာ တိုက်စစ် ကစားဟန် ၊ အလွတ် တည်ကန်ဘော တွေကို ထိန်းချုပ် နိုင်ဖို့ အတွက် ရုန်းကန်ခဲ့ ရကြောင်း ဝန်ခံ စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

ဒါ့အပြင် မန်စီးတီး ၊ တော့တင်ဟမ် တို့ကို သရေ ကစား ၊ လက်စတာ နဲ့ ဝုလ်ဗ် တို့ကို အနိုင် ကစားနိုင် ခဲ့တဲ့ ဝက်စ်ဟမ်း အသင်းကို နောက်က လိုက်ကစားပြီး အနိုင်ယူခဲ့တဲ့ အသင်းဟာ မှန်ကန်တဲ့ လမ်းကြောင်း တစ်ခုအပေါ် ရောက်ရှိနေပြီဖြစ်ကြောင်း ၊ ခြေတစ်လှမ်း ရှေ့ဆက် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဆိုးလ်ရှား က ဝံ့ကြွားမှု ပြုလုပ် သွားခဲ့လိုက် ပါတယ် ။

” ဘောလုံး လောက ဆိုတာ အနိမ့်အမြင့် အတက်အကျ ရှိနေတတ် ပါတယ် ။ ပထမပိုင်း အတွင်းမှာ ဆိုရင် ကျွန်တော် တို့က သူတို့ တွေရဲ့ ကောင်တာ တိုက်စစ် ကစားဟန် ၊ အလွတ် တည်ကန်ဘော တွေကို ထိန်းချုပ်ဖို့ ရုန်းကန် ခဲ့ကြရ ပါတယ် ။ ကျွန်တော်တို့ ဘောလုံး ပေးပို့မှု တွေလည်း မှားခဲ့ကြ ပါတယ် ”

” ပထမပိုင်း ကတော့ သနားစရာ ပါပဲ ။ ဒုတိယပိုင်း ၊ ဟုတ်ပါတယ် ၊ အဖွင့်ဂိုး က ကျွန်တော် တို့ရဲ့ စိတ်ဓါတ် အခြေအနေ ကို အပြောင်းအလဲ ပေးသွား နိုင်ခဲ့ ပါတယ် ။ ပေါလ် ရဲ့ ဂိုးက တစ်ကယ့်ကို ခမ်းနားခဲ့ ပါတယ် ။ မေဆွန် ရဲ့ သွင်းဂိုးရောပေါ့ဗျာ ”

” ကျွန်တော်တို့ တွေဟာ မန်စီးတီး ၊ တော့တင်ဟမ် တို့နဲ့ သရေရလဒ် ထွက်ပေါ် ခဲ့တဲ့ ၊ လက်စတာ နဲ့ ဝုလ်ဗ် တို့လို အသင်း တွေကို အနိုင် ကစားခဲ့တဲ့ အသင်းနဲ့ ရင်ဆိုင်ခဲ့ ရတာပါ ။ သူတို့ တွေဟာ အသင်းကောင်း ဖြစ်ပြီး ကျွန်တော် တို့ကို ကစားရ ခက်ခဲအောင် လုပ်ဆောင် သွားခဲ့ကြ ပါတယ် ”

” အသင်းရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်လို့ ကျွန်တော် တစ်ကယ်ပဲ ကျေနပ်မိ ပါတယ် ။ ပြီးခဲ့တဲ့ တစ်ပါတ်က ဆောက်သမ်တန် နဲ့ ပွဲမှာ ကျွန်တော်တို့ 2 – 0 နဲ့ ရှုံးနိမ့် နေခဲ့ကြ ပါတယ် ။ ဒီတစ်ပါတ်တော့ ကျွန်တော်တို့ တစ်ဂိုးပဲ ရှုံးနိမ့်ပြီး ပြန်လည် အနိုင်ယူခဲ့ ကြတာက ခြေတစ်လှမ်း ရှေ့တိုးခြင်းပါပဲ ”

” ကျွန်တော်တို့ တွေဟာ ပြိုင်ဖက် အသင်း ဂိုး အရင်သွင်းတာကို ခံရတာမျိုး ရပ်တန့်ဖို့ လိုအပ်နေပါပြီ ။ အကယ်လို့ ကျွန်တော်တို့ တွေဟာ clean sheet များများ ရယူနိုင်မယ်ဆိုရင် နိုင်ပွဲတွေ ရဖို့လည်း ပိုပြီး အလားအလာ ကောင်းမွန် သွားကြမှာပါ ။ ကျွန်တော်တို့ ရှုံးနိမ့် နေပေမယ့် ပြန် နိုင်အောင် ကစားခဲ့တဲ့ အသင်း စိတ်ဓါတ်က ကောင်းမွန်လှ ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular