spot_img

ဝက်စ်ဟမ်းအသင်း၏ အဖွင့်ဂိုးအား အဆုံးအဖြတ်မပေးနိုင်သည့် VAR ကို အာတီတာ ထပ်မံဝေဖန်ခဲ့ပြီး ဂိုးကန်သွင်းခွင့် အကြိမ် ၃၀ တွင် ဂိုးမရပါက အကြိမ် ၅၀၊ ၆၀ အထိ လုပ်ရမည်ဟု ဆို

အာဆင်နယ်အသင်းနည်းပြ အာတီတာသည် ဝက်စ်ဟမ်းအသင်း၏ အဖွင့်ဂိုးအား အဆုံးအဖြတ်မပေးနိုင်သည့် VAR ကို ထပ်မံ ဝေဖန်ခဲ့ကြောင်း သိရသည်။ 

ပရီးမီးယားလိဂ်ရာသီဝက် ပွဲစဉ် (၁၉) အဖြစ် ဒီဇင်ဘာ ၂၈ ရက် ညပိုင်းက လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်နှင့် ဝက်စ်ဟမ်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဧည့်သည် အသင်းက (၀-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပထမပိုင်း ၁၃ မိနစ်တွင် ဝက်စ်ဟမ်းအသင်း အတွက်အဖွင့်ဂိုးကို ဆူချက်ခ်မသွင်းယူမီ ဘိုဝင်ပေးပို့မှုပြုလုပ်စဉ် ဘောလုံးမှာ ဂိုးစည်းကျော်သွားသည့်အနေအထား ဖြစ်နေခဲ့သည်။ ယင်းဖြစ်ရပ်ကို VAR ဖြင့် ပြန်လည်ကြည့်ရှု စစ်ဆေးသော်လည်း ကင်မရာရှုထောင့်အရ ပြတ်သားသည့်အဖြေ မထုတ်ပေးနိုင်သောကြောင့် ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာက ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

myan789

“ကျွန်တော် အဲဒါကို မမြင်လိုက်ပါဘူး။ ဒါပေမဲ့ သူတို့ပြောတာကလည်း ခိုင်လုံမှုမရှိပါဘူး။ ကျွန်တော်တို့မှာရှိနေတဲ့ နည်းပညာက ရှက်စရာကောင်းပါတယ်။ အပြင်ထွက်သွားလား၊ ဝင်နေလားဆိုတာကိုပြောဖို့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ ဒါက ပြီးသွားပါပြီ။ အဲဒါနဲ့ပတ်သက်ပြီး အခု ကျွန်တော်တို့ ဘာမှလုပ်လို့မရတော့ပါဘူး။ အဲဒီအခြေအနေမှာ ကျွန်တော်တို့မှာရှိတဲ့ နည်းပညာက လုံလောက်တဲ့အဖြေပေးနိုင်အောင် ကောင်းမွန်ခြင်းမရှိဘူးဆိုရင် ကျွန်တော်တို့လုပ်ရမှာက အဲဒါမပါဘဲနဲ့ အနိုင်ရဖို့ပါ။ ပွဲချိန်အတွင်းမှာ ကျွန်တော်တို့ လုပ်နိုင်ခဲ့တဲ့အရေအတွက်က လုံလောက်တာထက် ပိုသင့်ပါတယ်” ဟု အာတီတာက ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းအနေဖြင့် ဂိုးကန်သွင်းခွင့် အကြိမ် ၃၀ အထိရရှိပြီး ပြိုင်ဘက်အသင်း၏ ဂိုးဧရိယာအတွင်း ဘောလုံးထိချက်မှာလည်း ၇၇ ကြိမ်အထိရှိကာ ၂၀၀၈-၂၀၀၉ ရာသီမှစ၍ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲတွင် ဂိုးမသွင်းနိုင်ဘဲ ပြိုင်ဘက်အသင်းဂိုးဧရိယာအတွင်း အကြိမ်အများဆုံးပြုလုပ်နိုင်သည့် အသင်းအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ အာတီတာက ဂိုးကန်သွင်းခွင့် အကြိမ် ၃၀ တွင် ဂိုးမရပါက အကြိမ် ၅၀၊ ၆၀ အထိ လုပ်ရမည်ဟု ဆက်လက်ပြောကြားခဲ့သည်။

“ဘောလုံးဆိုတာ ဒါပါပဲ။ ကျွန်တော်တို့ ဘယ်လောက်အထိလုပ်နိုင်ခဲ့လဲဆိုတာ ကြည့်လိုက်ပါ။ ရလဒ်ကိုကြည့်ရတာ အရမ်းစိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမဲ့ သူတို့က ဂိုးဧရိယာနှစ်ခုစလုံးမှာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ သူတို့က ကန်သွင်းခွင့် နှစ်ကြိမ်ရရှိပြီး ပယ်နယ်တီကနေ တတိယအကြိမ်ရခဲ့တယ်။ ကျွန်တော်တို့က အကြိမ် ၃၀ ရတယ်။ ကန်သွင်းမှုအကြိမ် ၃၀ နဲ့ ဂိုးမရဘူးဆိုရင် ဂိုးသွင်းနိုင်ဖို့ အကြိမ် ၅၀၊ ၆၀ အထိ လုပ်ရမှာပါ။ ဒီတစ်ခုပဲ လုပ်စရာရှိပါတယ်။ ဝက်စ်ဟမ်းအသင်းကို ကျွန်တော်ဂုဏ်ပြုပါတယ်။ ကျွန်တော့်ကစားသမားတွေကိုလည်း ကျေနပ်ပါတယ်။ ကျွန်တော်ပြောနိုင်တာ ဒါပါပဲ” ဟု ၎င်းက ဆိုသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular