spot_img

ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီး ကွင်းလယ်ဒိုင် ခရိတ်ပေါဆင်ကို ယာဂန်ကလော့ပ် ဒေါသပေါက်ကွဲခဲ့ပြီး ပြင်းထန်စွာဝေဖန်

လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်သည် ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ကွင်းလယ်ဒိုင်ဖြစ်သူ ခရိတ်ပေါဆင်ကို ဒေါသပေါက်ကွဲခဲ့ပြီး ပြင်းထန်သည့်ဝေဖန်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယာဂန်ကလော့ပ်က ယင်းပွဲတွင် လီဗာပူးလ်အသင်းပေးခဲ့ရသည့် အဖွင့်ဂိုးအပေါ် အလွန်အမင်း ဒေါသထွက်နေသလို၊ ဝက်စ်ဟမ်းနောက်ခံလူ အာရွန်ခရက်စ်ဝဲလ် အနီကတ်မထိခဲ့ခြင်းအပေါ်လည်း ဝေဖန်ပြစ်တင်မှုများပြုလုပ်ခဲ့သည်။

myan789

လီဗာပူးလ်အသင်းသည် ယင်းပွဲကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ယခုရာသီတွင် ပထမဆုံးရှုံးပွဲနှင့် ကြုံတွေ့ခဲ့သလို၊ ဧပြီ (၆)ရက်နေ့က ရီးယဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်တွင် ရှုံးနိမ့်ခဲ့သည့်ပွဲနောက်ပိုင်း (၂၅) ပွဲဆက် ရှုံးပွဲမရှိကစားခဲ့ရာမှ ပထမဆုံးအကြိမ် ပြန်လည်ရှုံးပွဲတွေ့ ခဲ့ခြင်းလည်းဖြစ်သည်။

ထို့ပြင် အမှတ်ပေးဇယားတွင်လည်း ဝက်စ်ဟမ်းအသင်း၏ ကျော်တက်ခြင်းကိုခံခဲ့ရကာ အဆင့် (၄)နေရာအထိ ကျဆင်းသွားခဲ့သည်။

ကလော့ပ်သည် ဝက်စ်ဟမ်းအသင်းသွင်းယူခဲ့သည့် အဖွင့်ဂိုး၌ ဖော်နယ်လ် ထောင့်ကန်ဘောကန်ချိန်တွင် ဝက်စ်ဟမ်းနောက်ခံလူ အော့ဂ်ဘွန်နာသည် လီဗာပူးလ်အသင်းဂိုးသမား အယ်လစ်ဆန်အား ပြစ်ဒဏ်ကျူးလွန်သည်ဟု ယူဆခဲ့ပြီး ကွင်းလယ်ဒိုင်ကမူ VAR ကို ပြန်ကြည့်ကာ ဂိုးပေးခဲ့ခြင်းအတွက် ဒေါသထွက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အသင်းခေါင်းဆောင် ဟန်ဒါဆန်အပေါ် ဝက်စ်ဟမ်းနောက်ခံလူ ခရက်စ်ဝဲလ်၏ ဖျက်ထုတ်မှုမှာလည်း အနီကတ်ပြရန် လုံးဝသေချာသည့် အနေအထားဖြစ်သော်လည်း ပေါဆင်သည် မှားယွင်းဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

ကလော့ပ်က ”အယ်လစ်ဆန်က သိသိသာသာကြီး ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတာပါ။ အော့ဂ်ဘွန်နာရဲ့လက်တွေက အယ်လစ်ဆန်ကို ဝင်တိုက်ခဲ့ပြီး ဒါကို ကွင်းလယ်ဒိုင်အနေနဲ့ ပြစ်ဒဏ်ဘောအဖြစ် သူကိုယ်တိုင် အလွယ်တကူ ဆုံးဖြတ်လိုက်လို့ရပါတယ်။ ဒါပေမဲ့ VAR ကို သူ စောင့်ခဲ့တယ်။ ပြီးတော့ ဒါကို ဂိုးအဖြစ် အသိအမှတ်ပြုခဲ့တယ်။ ဘာကြောင့်လဲဆိုတာ ကျွန်တော်မသိဘူး။ ဒါကြီးက တော်တော်လေးထူးဆန်းပါတယ်။ ဒါ လူကပ်ကစားတာမှမဟုတ်တာ။ ဂိုးသမားရဲ့လမ်းကြောင်းကို တားဆီး ခဲ့တာပဲ။ လူတွေက ကျွန်တော် ဆင်ခြေတွေပေးနေတယ်လို့ မြင်ပါလိမ့်မယ်။ တကယ်ကို မဟုတ်ပါဘူး။ ကျွန်တော်တို့ ကစားပုံမကောင်းတဲ့ပွဲတွေမှာ ရှုံးပွဲတွေ့တာကို ကျွန်တော်လက်ခံနိုင်ပါတယ်။ ဒီနေ့ဆို ကျွန်တော်တို့ ရှုံးပွဲတွေ့ခဲ့တယ်။ အဆင်မပြေပေမဲ့ ကျွန်တော်လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ပွဲတစ်ပွဲမှာ ကွင်းလယ်ဒိုင်တစ်ဦးဟာ ပုံမှန်ဆုံးဖြတ်ချက်တွေကို ချရမယ်ဆိုတဲ့ အပိုင်းကနေ ပြောရင်တော့ ဒါကို သူမလုပ်ခဲ့ပါဘူး။ ခရက်စ်ဝဲလ်ရဲ့ ဖျက်ထုတ်မှုကလည်း ကျွန်တော်မြင်တဲ့ အနေအထားအရ သေချာပေါက်အနီကတ်ပါ။ တခြားဘာမှ ပြောစရာမရှိဘူး။ ကစားသမားတစ်ဦးဟာ ဒီလိုဖျက်ထုတ်မှုကို မလုပ်သင့်ဘူး။ ဒါပေမဲ့ အနီကတ်မဖြစ်ခဲ့ဘူး။ အခု ဒီဒိုင် ဘာပြောမလဲ။ ကွင်းထဲမှာ သူ့ ပုံကြည့်ရတာတော့ သူမှန်တယ်ဆိုတဲ့ ယုံကြည်မှုအပြည့်နဲ့ပဲ”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular