spot_img

လွန်ခဲ့တဲ့ ၄ နှစ်အတွင်းမှာ မက်ဆီ ၊ ရိုနယ်ဒို အပါအဝင် ဘောလုံးစတား အားလုံးထက် ပိုတိုးတက်ခဲ့တဲ့ ဆွန်ဟောင်မင်

မက်ဆီ ၊ ရိုနယ်ဒို ၊ လီဝန်ဒေါ့စကီး တို့ ဟာ တကယ့် လူသား ဂိုးသွင်းစက်တွေ ပါ ။ ဒါပေမယ့် သူတို့ ဂိုးတွေ သွင်းနေတာ က ပုံမှန်ပါပဲ ။ Expected goals လို့ ခေါ်တဲ့ မျှော်မှန်း ထားတဲ့ ဂိုး သွင်းနှုန်းမှာ တော့ သူတို့ မဟုတ်တဲ့ အမည် တစ်ခုက ထိပ်ဆုံးမှာ နေရာယူ လို့ ထားပါတယ် ။ အဲ့ဒိ လူကတော့ ဆွန်ဟောင်မင် ပါပဲ ။

ဆွန် ဟာ ၂၀၁၆ ကနေ ၂၀၂၀ အတွင်းမှာ မက်ဆီ ၊ ရိုနယ်ဒို တို့လောက် ဂိုးတွေ မသွင်းခဲ့ ပါဘူး ။ ဒါပေမယ့် ကန်ချက် ရဲ့ ဂိုး ဖြစ်ပေါ်နိုင်ချေ အပေါ် မူတည် တွက်ချက် တဲ့ Expected Goal နှုန်း မှာတော့ ဆွန် ဟာ မျှော်လင့် ထားတာထက် အများကြီး ပိုပြီး စွမ်းဆောင် နိုင်ခဲ့ တာကို တွေ့ခဲ့ရ ပါတယ် ။

myan789

Expected Goal တွက်ချက်မှု ဆိုတာ ကတော့ ဘောလုံး သမား တစ်ယောက် ကန်လိုက်တဲ့ ကန်ချက် ရဲ့ ဂိုးဖြစ် ပေါ်နိုင်ချေ အပေါ် မူတည်ပြီး တွက်ချက် ရတာ ဖြစ်ပါတယ် ။ ကန်ချက် အမျိုးအစား ( ဂိုးကို ချိန်ကန်တယ် ၊ ဖန်တီး ပေးဖို့ လုပ်ရင်း ဂိုးသွားတာ ၊ အဝေးကြီး ကနေ ကန်တာ ၊ ပိတ်သွင်းတာ ) တွေ အပေါ် မူတည်ပြီး ကစား သမား တစ်ယောက် ရဲ့ ကန်ချက် ဂိုးဝင်နိုင်ချေ မဝင်နိုင်ချေ ကို တွက်ချက် ထားတဲ့ တွက်ချက်မှု ဖြစ် ပါတယ် ။

ဥပမာ ပြောရရင် ရိုနယ်ဒို ဟာ ဂိုးသွင်းဖို့ကို အဓိက အာရုံ ထားတဲ့ သူ ဖြစ်တာကြောင့် ပြိုင်ဘက် ဂိုးပေါက် ဆီကို လာတဲ့ သူ့ရဲ့ ဘောလုံး တိုင်းလိုလို ဟာ ဂိုးကို ချိန်ကန်တဲ့ အမျိုးအစားတွေ ဖြစ်ပါတယ် ။ ဒါကြောင့် သူ့ရဲ့ Expected Goal Ratio က မြင့်ပါတယ် ။ ကွင်းလယ်လူ ၊ နောက်တန်းလူတွေ ကတော့ ရှေ့တန်းတွေ လောက် မမြင့် ကြပါဘူး ။

ဆွန်ဟောင်မင် ဟာ ပြီးခဲ့တဲ့ နှစ်က စပြီး ဂိုးသွင်းနှုန်းတွေ တိုးတက် လာခဲ့ ပါတယ် ။ ဒါကြောင့် ၂၀၁၆ ကနေ ရေတွက်တဲ့ XG ( Expected Goal ) နှုန်းမှာ မျှော်မှန်း ထားတာ ထက် ၄၄% ကျော် ပိုများ နေခဲ့ပြီး အဆိုပါ ၄ နှစ် အတွင်းမှာ တိုးတက်မှု အရှိဆုံး ကစား သမား ဖြစ်လာခဲ့ ပါတယ် ။

ဆွန်ဟောင်မင် ရဲ့ နောက် မှာတော့ ဟယ်ရီကိန်း နဲ့ မက်ဆီ တို့ က ၂၁.၃၃% စီ တိုးတက်မှု နဲ့ အတူ ပူးတွဲ တည်ရှိ နေခဲ့ကြ ပါတယ် ။ မက်ဆီ ဟာ ဒီ ၄ နှစ် အတွင်း ၁၃၉ ဂိုး သွင်းခဲ့ ပေမယ့် သူ့အပေါ် မျှော်မှန်းထားမှု ဟာ မြင့်မားတာ ကြောင့် တိုးတက်နှုန်းမှာ ဆွန် ထက် နည်းခဲ့ ရတာပဲ ဖြစ် ပါတယ် ။

ရိုနယ်ဒို ဟာလည်း ဒီ ၄ နှစ် မှာ ဂိုး ၁၂၀ နီးပါး သွင်းနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် အစ ကတည်းက ဂိုးသွင်း ကောင်းတဲ့ သူ ဖြစ်တာကြောင့် ( xG ) မြင့်နေပြီး တိုးတက် မလာသလောက် ( ဝ.၆% ) ဖြစ်ခဲ့ရ ပါတယ် ။ ဆွာရက် ၊ ဇလာတန် တို့လို ဂိုးမုဆိုးတွေ ရဲ့ ( xG ) ကလည်း ၁၀% အောက်မှာသာ ရှိနေခဲ့ ပါတယ် ။

ဘန်ဇီးမား ၊ စတာလင် နဲ့ နေမာ တို့ ကတော့ ဒီ ၄ နှစ် အတွင်းမှာ မျှော်မှန်း ထားသလောက် ဂိုးတွေ မသွင်း နိုင်ခဲ့ ကြပါဘူး ။ ဒါကြောင့် သူတို့ရဲ့ ( xG ) ဟာ အနှုတ်ပြ နေခဲ့ တာကို တွေ့ခဲ့ရ ပါတယ် ။ အမ်ဘာပေ ၊ မာနေး ၊ လူကာကူ ၊ မိုဆာလာ တို့ကတော့ xG တွေ ၁၀% အထက် မှာ ရှိခဲ့ ကြတာကို တွေ့မြင် ခဲ့ရ ပါတယ်

ဆွန် ဟောင်မင် ဟာ မက်ဆီ ၊ ရိုနယ်ဒို တို့လို အဆင့်မျိုး ကို မဆိုထားနဲ့ နေမာ ၊ ဟာဇက် တို့လို အဆင့်မျိုး ကိုတောင် မရောက်သေး ပါဘူး ။ ဒါပေမယ့် တောင်ကိုရီးယားသား ရဲ့ တိုးတက် လာမှု ကို တော့ ငြင်းဆန် ဖုံးကွယ် ထားလို့ မရတာ အသေအချာပါပဲ ။

ဒါကြောင့်လည်း စပိန် ရဲ့ ထိပ်သီး ကလပ် ဖြစ်တဲ့ ရီးရဲ မက်ဒရစ် လို အသင်းကြီးက စိတ်ဝင်စား လာခဲ့တာပါ ။ တစ်ချိန်ချိန် မှာ ဆွန် ကို ဥရောပ ထိပ်သီး အသင်း တစ်သင်းသင်း ရဲ့ ဂျာစီ နဲ့ မြင်တွေ့ ရမယ် ဆိုရင် ဒါဟာ အမှန် တကယ် ထိုက်တန်တာကြောင့် ပဲ ဆိုတာ ကျွန်တော်တို့ အားလုံး လက်ခံ ပေးရမှာပါ ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular