spot_img

လေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာခြေထောက်ကျိုးအက်တဲ့ ဒဏ်ရာရရှိခဲ့တဲ့ အီလီယော့

လီဗာပူးစတားအီလီယော့တစ်ယောက် အင်္ဂလန်ယူ – ၂၁ အသင်းထံခေါ်ယူခံခဲ့ရပေမယ့် လေ့ကျင့်ခန်းဆင်းနေစဉ်အတွင်းခြေထောက်ဒဏ်ရာရခဲ့တာကြောင့် နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ကနဦးတုန်းကစစ်ဆေးမှုတွေမှာအပြည့်အဝမသိရပေမယ့် နောက်ပိုင်းအသေးစိတ်စစ်ဆေးမှုတွေမှာတော့ အီလီယော့ဟာခြေထောက်ကျိုးခဲ့တာဖြစ်တယ်လို့ သိရပြီးအောက်တိုဘာနောက်ပိုင်းလောက်အထိနားရနိုင်တယ်လို့ တိုင်းမ်စ်သတင်းဌာနကဖော်ပြခဲ့ပါတယ်။

အခုရာသီသစ်မှာအီလီယော့တစ်ယောက် အဓိကလူဖြစ်လာနိုင်ခဲ့ပေမယ့် စလော့တ်လက်အောက်မှာ ၇ မိနစ်လောက်သာ ပါဝင်ခွင့်ရရှိထားပါတယ်။ အရန်ကနေလူစားဝင်ပြီးခြေစွမ်းကောင်းတွေပြသနိုင်ဖို့ ပစ်မှတ်ထားနေပေမယ့် အခုဒဏ်ရာကြောင့် ကာလရှည်နားရတော့မှာဖြစ်ပါတယ်။

myan789

အီလီယော့ဒဏ်ရာအခြေအနေကစလော့တ်အတွက် ခေါင်းခဲစရာဖြစ်လာပြီးလီဗာပူးဟာ ၃ ပတ်အတွင်း ပြိုင်ပွဲစုံ ၇ ပွဲအထိကန်ရမှာဖြစ်ပါတယ်။ နယ်သာလန်သားနည်းပြကအီလီယော့ကိုနံပတ် ၁၀ နေရာမှာအသုံးပြုဖို့ ပြင်ဆင်နေပေမယ့် အခုအခြေအနေအရကစားသမားသစ် ချီယေဆာကိုအသုံးပြုရဖွယ်ရှိနေပါတယ်။

Harvey Elliott withdrew because of a leg injury during training.

လီဗာပူးအသင်းမှာနောက်ထပ်အဓိကကစားသမားတစ်ဦးဖြစ်တဲ့ မက်အလစ္စတာလည်းဒဏ်ရာရနေပြီး ကြံ့ခိုင်မှုအခြေအနေကမသေချာသေးတာဖြစ်ပါတယ်။ စလော့လက်အောက်မှာလီဗာပူးအသင်းဟာအစကောင်းနေပြီး ၃ ပွဲကန်ထားရာမှာ ၃ ပွဲအနိုင်ရရှိထားပြီးဂိုးမပေးရသေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်းစလော့အနေနဲ့ ဒဏ်ရာပြဿနာတွေကြားမှာ အခုလက်ရှိအနိုင်ရလဒ်အရှိန်အဟုန်ကိုဘယ်လိုဆက်ထိန်းမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular