spot_img

လော်တာရိုမာတီနက်ဇ်ကို တစ်နှစ်လစာ ပေါင် (၅)သန်းဖြင့် နှစ်ရှည်စာချုပ်ရန် အင်တာမီလန်အသင်း စီစဉ်နေ

အင်တာမီလန်အသင်းသည် ၎င်းတို့အသင်း၏ အဓိကတိုက်စစ်မှူး လူကာကူအား ချယ်လ်ဆီးအသင်းထံ ရောင်းထုတ်ခဲ့ပြီးနောက် အားထားရသည့် ကစားသမားတစ်ဦးဖြစ်သည့် လော်တာရိုမာတီနက်ဇ်အား တစ်နှစ်လစာ ပေါင် (၅)သန်းဖြင့် (၅)နှစ်စာချုပ်ချုပ် ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။

အင်တာမီလန်အသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် လူကာကူနှင့် လော်တာရိုမာတီနက်ဇ်တို့အနက် တစ်ဦးဦးကို ရောင်းထုတ်ရန်စီစဉ်ခဲ့ပြီး ယခုအခါ လူကာကူကို ရောင်းထုတ်ခဲ့ပြီးဖြစ်ခြင်းကြောင့် လော်တာရိုမာတီနက်ဇ်ကိုမူ ဆက်ထိန်းထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

myan789

လော်တာရိုမာတီနက်ဇ်သည် အာဆင်နယ်အသင်း၏ ချဉ်းကပ်မှုကို ခံခဲ့ရသော်လည်း အင်တာမီလန်အသင်းဘက်ကရော၊ ကစားသမားဘက်ကပါ ဆန္ဒမရှိသဖြင့် အင်တာမီလန်အသင်းတွင် ဆက်ရှိနေခြင်းဖြစ်ပြီး ယခုအချိန်တွင် အသင်း၏ အဓိကတိုက်စစ်မှူးအဖြစ် ဆက်လက်ဦးဆောင်သွားမည့်အခြေအနေလည်းဖြစ်နေသည်။

သို့ရာတွင် လော်တာရိုမာတီနက်ဇ်အား အာဆင်နယ်အသင်းထက် ပိုမိုသည့် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုသည့် အသင်းရှိနေဆဲဖြစ်ပြီး စပါးအသင်းနည်းပြ နူနိုက ၎င်းကို စိတ်ဝင်စားနေခြင်းဖြစ်သည်။

စပါးအသင်းသည် လော်တာရိုမာတီနက်ဇ်အတွက် ပေါင်သန်း (၆၀) အထိ သုံးစွဲရန်အသင့်ရှိနေပြီး အမှန်တကယ်ကမ်းလှမ်းမှု ပြုလုပ်လာပါက အင်တာမီလန်နှင့် လော်တာရိုတို့ စာချုပ်သစ်ကိစ္စလည်း ပျက်ပြယ်သွားဖွယ်ရှိနေဆဲဖြစ်သည်။

စပါးအသင်းသည် ဟာရီကိန်းနှင့် တွဲဖက်ကစားရန် လော်တာရိုမာတီနက်ဇ်ကို ခေါ်ယူလိုခြင်းဖြစ်ပြီး ဟာရီကိန်းသာ ထွက် ခွာသွားပါကလည်း ၎င်းနေရာတွင် အစားထိုးရန်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular