spot_img

လူမျိုးရေးခွဲခြားခဲ့သည့် ဖီအိုရင်တီးနားပရိသတ်များကို ချီလီနီ ဝေဖန်ခဲ့ပြီး အီတလီလူမျိုးတစ်ဦးအနေဖြင့် အရှက်ရမိသည်ဟု ပြောကြား

ဂျူဗင်တပ်စ်အသင်း၏ အီတလီဝါရင့်နောက်ခံလူ ချီလီနီက နာပိုလီကစားသမား(၃)ဦးကို လူမျိုးရေးခွဲခြားခဲ့သည့် ဖီအိုရင်တီးနားပရိသတ်များ၏ လုပ်ရပ်မှာ လက်ခံနိုင်စရာမရှိကြောင်း ပြစ်တင်ဝေဖန်ခဲ့ပြီး အီတလီလူမျိုးတစ်ဦးအနေဖြင့် ၎င်းတို့၏လုပ်ရပ်အတွက် အရှက်ရမိကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ (၃)ရက်က ကစားခဲ့သည့် စီးရီးအေပွဲစဉ် ဖီအိုရင်တီးနား (၁-၂) နာပိုလီပွဲတွင် အိမ်ရှင် ဖီအိုရင်တီးနားအသင်း အားပေးသူပရိသတ်များသည် နာပိုလီအသင်း၏ လူမည်းကစားသမားများဖြစ်သည့် ကူလီဘလီ၊ အိုဆင်မန်နှင့် ဇမ်ဘိုတို့ကို လူမျိုးရေးခွဲခြားသည့် စကားလုံးများဖြင့် အော်ဟစ်လှောင်ပြောင်ခဲ့ကြကြောင်း သိရှိရသည်။

myan789

နာပိုလီနောက်ခံလူ ကူလီဘလီက အဆိုပါပွဲစဉ်တွင် ဖီအိုရင်တီးနားအသင်းပရိသတ်များသည် ၎င်းကို ” မျောက်”ဟု ခေါ်ခဲ့ကြကြောင်း သူ၏ Instagram တွင် ရေးသားခဲ့သည်။

ဖီအိုရင်တီးနားအသင်း ပရိသတ်များ၏လုပ်ရပ်အတွက် အသင်း၏အထွေထွေဒါရိုက်တာဖြစ်သူ ဂျိုးဘာရိုနီက ကူလီဘလီ၊ အိုဆင်မန်နှင့် ဇမ်ဘိုတို့ ကို တောင်းပန်စကားဆိုခဲ့သည်။

ယခုအခါ ဂျူဗင်တပ်စ်ဝါရင့်နောက်ခံလူ ချီလီနီက ဖီအိုရင်တီးနားပရိသတ်များ၏ လုပ်ရပ်အတွက် အီတလီလူမျိုးတစ်ဦးဖြစ်သည့် မိမိအနေဖြင့် အရှက်ရမိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ချီလီနီက ”ဒါ(နာပိုလီကစားသမားများကို လူမျိုးရေးခွဲခြားခဲ့သည့် ဖီအိုရင်တီးနားပရိသတ်များ၏ လုပ်ရပ်)က လက်ခံနိုင်စရာ မရှိပါဘူး။ အီတလီလူမျိုးတစ်ယောက်အနေနဲ့ ကျွန်တော် အရှက်ရမိပါတယ်။ ဒါက အရမ်းရှက်စရာကောင်းပါတယ်။ ဥရောပက လူတွေက အီတလီလူမျိုးတွေကို လူမျိုးရေးခွဲခြားသူတွေအဖြစ် ပြောကြပါလိမ့်မယ်။ ဒါကို လက်မခံနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အတွက်တော့ အီတလီလူမျိုးတွေက လူမျိုးရေး ခွဲခြားသူတွေ မဟုတ်လို့ပါပဲ”ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် ယခုရာသီတွင် အီတလီဘောလုံးလောက ဖြစ်ပွားနေသည့် လူမျိုးရေးခွဲခြားမှုများကို တားဆီးရန်အတွက် ထိရောက်သည့် အရေးယူမှုများပြုလုပ်ရန် လိုအပ်ကြောင်း ချီလီနီက ဆိုခဲ့သည်။

၎င်းက ”လူမျိုးရေးခွဲခြားမှုတွေကို ကျွန်တော်တို့အားလုံး ပူးပေါင်းတိုက်ဖျက်ဖို့ လိုပါတယ်။ ဒါက အရေးကြီးတဲ့ကိစ္စဖြစ်ပြီး ထိရောက်အရေးယူမှုတွေ ပြုလုပ်ရမှာပါ”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular