spot_img

လူငှား၍ အသင်းဖော်ကို ရိုက်နှိက်ခိုင်းမှုဖြင့် ဖမ်းဆီးခံခဲ့ရသူ ဒီယာလို စွဲချက်တင်မခံရဘဲ ပြန်လည်လွတ်မြောက်

ပွဲထွက်ကစားခွင့်ရရန်အတွက် လူငှား၍ အသင်းဖော်ကို ရိုက်နှက်ရန် စေခိုင်းမှုဖြင့် ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် PSG အမျိုးသမီးအသင်းကွင်းလယ်လူ အမီနာတာဒီယာလိုသည် စွဲချက်တင်မခံရဘဲ ကြာသပတေးနေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

အသက် ၂၆ နှစ်ရှိပြီဖြစ်သည့် ပြင်သစ်လက်ရွေးစင်ကစားသမား ဒီယာလိုနှင့် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးသည် နိုဝင်ဘာလဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွက် သံသယရှိသဖြင့် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။

myan789

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက်က PSG အမျိုးသမီးအသင်း၏ ညစာစားပွဲအပြီးတွင် ဒီယာလိုက အသင်းဖော် ဟာမာအူအီ (၃၁ နှစ်)နှင့် အခြားတစ်ဦးကို ကားမောင်း၍ လိုက်ပို့စဉ် မျက်နှာဖုံးစွပ် အမျိုးသားနှစ်ဦး၏ တိုက်ခိုက်မှုခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ အမျိုးသားနှစ်ဦးက ဟာမာအူအီကို ကားအတွင်းမှ ဆွဲထုတ်၍ ခြေထောက်အား သံတုတ်ဖြင့် မိနစ်အနည်းငယ်ကြာ ရိုက်နှက်ပြီးနောက် ထွက်ပြေးသွားခဲ့သည်။

ဟာမာအူအီမှာ တိုက်ခိုက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ခဲ့ရပြီး ခြေထောက်နှင့် လက်တွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သော်လည်း ဒီယာလိုမှာမူ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း သိရသည်။

ဒီယာလိုသည် ယခုနွေရာသီတွင် ဟာမာအူအီရောက်ရှိလာပြီးနောက် ပုံမှန်ပွဲထွက်ခွင့်မရဘဲ ရုန်းကန်နေရပြီး အင်္ဂါနေ့က ကစားသည့် ချန်ပီယံလိဂ်ပွဲတွင်မူ ဟာမာအူအီမပါဝင်နိုင်သဖြင့် အစားထိုး ကစားခွင့်ရရှိခဲ့သည်။

ရဲတပ်ဖွဲ့က ယင်းဖြစ်ရပ်အတွက် ဒီယာလိုနှင့် အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့သော်လည်း ကြာသပတေးနေ့တွင် ပြန်လွှတ်ပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ခံယူရမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular