spot_img

လူကာကူ အတွက် ယူရို ၃၅သန်းထက် ပိုပြီး ပေးချေဖို့ ဆန္ဒမရှိတဲ့ အင်တာမီလန်

အင်တာမီလန် အသင်းဟာ ချဲလ်ဆီး အသင်းရဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ အတွက် ဒုတိယ အကြိမ်မြောက် ပြောင်းရွှေ့ကြေး တိုးမြှင့် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း Sky Italia သတင်းဌာနက ဖော်ပြသွားပါတယ် ။

ပထမ တကြိမ်မှာ အင်တာဟာ ယူရို ၂၅သန်း + အပိုဆုကြေးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ချဲလ်ဆီးဖက်က ယင်းကမ်းလှမ်းချက်ကို ချက်ချင်း ငြင်းဆန်ပယ်ချခဲ့ပါတယ် ။ ချဲလ်ဆီးဟာ လူကာကူ အတွက် ယူရို ၄၅သန်း အနိမ့်ဆုံး အလိုရှိနေဆဲ ဖြစ်ပြီး ၊ အင်တာရဲ့ ဒုတိယ အကြိမ် ကမ်းလှမ်းမှုဟာ ချဲလ်ဆီးဖက်က မျှော်မှန်းထားတာနဲ့ ဝေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။

myan789

အင်တာဟာ လာမယ့် ရက်အနည်းငယ် အတွင်း လူကာကူ အတွက် ယူရိုသန်း ၃၀ + အပိုဆုကြေးနဲ့ ကမ်းလှမ်းဖို့ ရှိပြီး ၊ အမြင့်ဆုံး အနေနဲ့ ယူရို ၃၅သန်းထက် ပိုပြီး ပေးချေလိုခြင်း မရှိနေပါဘူး ။ ယခုတကြိမ် ကမ်းလှမ်းမှုဟာလည်း ချဲလ်ဆီးဖက်က ငြင်းဆန်ပယ်ချဖို့ သေချာသလောက် ရှိနေပါတယ် ။

၂၀၂၁ နွေရာသီ စျေးကွက်အတွင်း ချဲလ်ဆီးဟာ အင်တာမီလန်ထံကနေ လူကာကူကို ယူရို ၁၁၅သန်းနဲ့ ခေါ်ယူခဲ့ပြီး ၊ အင်တာဟာ ၄င်းကို မနှစ်တုန်းက ယူရို ၈သန်း တနှစ် အငှားနဲ့ ပြန်လည် ခေါ်ယူခဲ့ပါတယ် ။ သို့ပေမယ့် အခုအခါမှာ နောက်ထပ် တနှစ် အငှားထပ်ထွက်ဖို့ မဖြစ်နိုင်တော့တာကြောင့် အင်တာ အနေနဲ့ လူကာကူ အတွက် အပြီးသတ် ပြောင်းရွှေ့ကြေး တရပ် ပေးချေရတော့မှာ ဖြစ်ပါတယ် ။

ကစားသမားဖြစ်သူဖက်ကတော့ ချဲလ်ဆီးဖက်က မျှော်မှန်းထားတဲ့ အတိုင်း ယူရို ၄၅သန်းနဲ့ ကမ်းလှမ်းမှု ရထားတဲ့ အယ်ဟီလယ်ကို ငြင်းဆန်ထားဆဲ ဖြစ်ကာ ၊ အင်တာသို့သာ ပြောင်းရွှေ့ဖို့ ဆက်လက် တင်းခံနေဆဲ ဖြစ်ပါတယ် ။ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာတော့ အင်တာနည်းပြ ဆီမြွန်နီ အင်ဇာဂီက လူကာကူကို ပြန်ခေါ်ဖို့ ၄င်းတို့ဖက်က အတတ်နိုင်ဆုံး ကြိုးပမ်းနေကြောင်း အခုလိုပဲ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ် ။

အင်ဇာဂီ က ” ကျွန်တော်ဟာ အသင်း ဥက္ကဋ္ဌ ၊ အားကစားဒါရိုက်တာတွေနဲ့ တသားတည်း ဖြစ်နေတာပါ ။ လူကာကူဟာ ဘယ်လို အရာတွေ လုပ်ပြနိုင်လဲ ၊ ဒုတိယ ရာသီဝက်မှာ ဘာတွေ စွမ်းဆောင်ပြခဲ့လဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိပါတယ် ။ ”

လူကာကူဟာ အင်တာသို့ ပြောင်းရွှေ့ရဖို့ အရေး ၊ ချဲလ်ဆီးရဲ့ ရာသီကြို ပြင်ဆင်မှု သတင်းပေးပို့ဖို့ကို လာမယ့် ဇူလိုင် ၁၇ရက်နေ့ အထိ ရွှေ့ဆိုင်းခဲ့ပြီး ၊ ချဲလ်ဆီးဖက်ကလည်း ၄င်းကို အနာဂတ် အစီအစဉ်ထဲမှာ ထည့်သွင်းထားခြင်း မရှိတာကြောင့် အပြောင်းအရွှေ့ မြန်မြန် ဖြစ်မြောက်ဖို့ကိုပဲ မျှော်မှန်းနေပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular