spot_img

လူကာကူ အတွက် ပိုက်ဆံ မတတ်နိုင်ပေမယ့် ၊ အက်ဇ်ပီလီကွီတာကိုတော့ အချောင် လိုချင်နေတဲ့ အင်တာမီလန်

ချဲလ်ဆီး အသင်းဟာ လက်ရှိ နွေရာသီ စျေးကွက် အတွင်း ကစားသမား ရောင်းချမှု ကိစ္စတွေ အတွက် အခြား ကလပ် အများအပြားနဲ့ ဆွေးနွေးမှုတွေ လုပ်ရာမှာ ဆော်ဒီပရိုလိဂ် အသင်းတွေနဲ့ အင်တာမီလန်က ထိပ်ဆုံးက ပါဝင်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

လောလောဆယ်မှာ ဆော်ဒီသို့ ကစားသမား ၃ဦး အထိ ထုတ်ရောင်းဖို့ သဘောတူညီမှု ရထားပြီး ဖြစ်တဲ့ ချဲလ်ဆီးဟာ အခြားသော အပြောင်းအရွှေ့ ကိစ္စတွေနဲ့ အလုပ်များနေဆဲ ဖြစ်နေတာကြောင့် တိုက်စစ်မှူး ရိုမီလူ လူကာကူကို အင်တာမီလန်သို့ ရောင်းချမယ့် ကိစ္စဟာ အခုထိ ရှေ့ဆက်မတိုးနိုင်ပဲ ရှိနေပါတယ် ။

myan789

အသက် ၃၀နှစ် အရွယ်ရှိ လူကာကူဟာ ဆော်ဒီမှ ကမ်းလှမ်းမှု တခု ရထားပေမယ့် ၊ ဥရောပ ဘောလုံးလောကမှာ ဆက်လက် ကျင်လည်နေတာကြောင့် ယင်းချဉ်းကပ်မှုကို ငြင်းဆန်ထားပြီး ဖြစ်ပါတယ် ။ အထူးသဖြင့် ၄င်းဟာ ပြီးခဲ့တဲ့ ရာသီ အငှားထွက်ခဲ့ရတဲ့ အင်တာမီလန်မှာသာ ဆက်နေချင်နေပါတယ် ။

သို့ပေမယ့် ယနေ့ အီတလီ သတင်းအရင်းအမြစ်တွေ အရ အင်တာမီလန်ဟာ ယင်းဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူးကို ဝယ်ယူဖို့ ငွေကြေး တတ်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ် ။ ချဲလ်ဆီးဖက်ကတော့ မနှစ်ကကဲ့သို့ လူကာကူကို အငှားထပ်ပို့ဖို့ အစီအစဉ် မရှိတော့သလို ၊ ၄င်းကို တန်ရာတန်ကြေးနဲ့ ဝယ်ယူမယ့် အသင်းတွေကိုပဲ အလိုရှိနေပါတယ် ။

မကြာသေးခင်ကမှ ချဲလ်ဆီးဟာ အင်တာမီလန် ဂိုးသမား အန်ဒရေ အိုနာနာကို ခေါ်ယူဖို့ ကြိုးစားကြည့်ခဲ့ပေမယ့် ၊ ယင်းစီးရီးအေကလပ်မှ မတန်တဆ ပြောင်းရွှေ့ကြေး တောင်းဆိုခဲ့လို့ ခြင်္သေ့ပြာတို့ နောက်ဆုတ်ခဲ့ရပြီးနောက် အခုတခါမှာ အင်တာဟာ လူကာကူကို အပြီးသတ် ခေါ်ယူဖို့ ငြင်းဆန်စပြုလာပြီ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့်တိုင် အင်တာမီလန်ဟာ ဘဏ္ဍာရေး အကြပ်အတည်းပေါင်းများစွာ ရှိနေပုံ ပေါ်နေပါတယ် ။ သို့ပေမယ့် ၄င်းတို့ဟာ ချဲလ်ဆီး နောက်ခံလူ ၂ဦး ဖြစ်တဲ့ ထရက်ဗာ ချာလိုဘာနဲ့ ဆီဆာ အက်ဇ်ပီလီကွီတာတို့ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ် ။

မနေ့က Sky Sports ရဲ့ အဆိုအရ အင်တာဟာ ချဲလ်ဆီးနဲ့ စာချုပ် တနှစ်သာ ကျန်တော့တဲ့ ကလပ်အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာကို ကစားသမား အဝယ်စာရင်းထဲ ထည့်ထားကြောင်း သိရပါတယ် ။ ကစားသမားဖက်ကလည်း အတွေ့အကြုံအသစ် ၊ စွန့်စားမှုအသစ်တွေ အလိုရှိနေတာကြောင့် အသင်းပြောင်းချင်နေပါတယ် ။

သို့ပေမယ့် အသက် ၃၃နှစ် အရွယ်ရှိပြီး ဖြစ်တဲ့ ယင်းစပိန်ဝါရင့်နောက်ခံလူဟာ ၁၁နှစ်ကြာတာ ကစားလာတဲ့ ချဲလ်ဆီး အသင်း အပေါ် ချစ်မြတ်နိုးသလို ၊ ကလပ်ဖက်ကလည်း ၄င်းအပေါ် လေးစားမှု ကြီးကြီးမားမား ထားတာကြောင့် အပြောင်းအရွှေ့ ကိစ္စ အတွက် မလိုလားအပ်တဲ့ တွန်းအားပေးမှုမျိုး လုပ်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ် ။

ဒါ့အပြင် အက်ဇ်ပီလီကွီတာနဲ့ ချဲလ်ဆီးဟာ ကျန်ရှိသေးတဲ့ စာချုပ် တနှစ်ကို ဖျက်သိမ်းဖို့ ဆွေးနွေးဖွယ် ရှိတာကြောင့် အင်တာမီလန် အနေနဲ့ ယင်းစပိန်သားကို အလွတ်နဲ့ ရနိုင်ခြေ ရှိနေပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular