spot_img

လူကာကူကို ခေါ်ယူခြင်းက ဟာဗက်ဇ်၊ ဗာနာနှင့် ပူလီဆစ်တို့၏ အကောင်းဆုံး စွမ်းဆောင်မှုများကို ထုတ်ယူပေးနိုင်လိမ့်မည်ဟု တူဟယ်လ် ပြောကြား

ချယ်လ်ဆီးနည်းပြ တူဟယ်လ်က အင်တာမီလန်တိုက်စစ်မှူး လူကာကူကို ခေါ်ယူ ခြင်းက အသင်းတိုက်စစ်ကစားသမားများဖြစ် သည့် ဟာဗက်ဇ်၊ ဗာနာနှင့် ပူလီဆစ်တို့၏ အကောင်းဆုံးစွမ်းဆောင်မှုများကို ထုတ်ယူ ပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့သော်လည်း တိုက်စစ်ပိုင်းက ဂိုးရရန် ရုန်းကန်ခဲ့ရသဖြင့် လူကာကူကို ပြန်လည်ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

myan789

တူဟယ်လ်က “သူ(လူကာကူ)က ပြိုင်ဘက်ဂိုးပေါက်ကို ကျောပေးပြီး ကစားတတ်တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ အဲဒီလို အနေအထားမျိုးမှာ ဘောလုံးကိုင်ကစားတတ်တဲ့ သူ့အနေနဲ့ ကျွန်တော်တို့ရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟာဗက်ဇ်၊ ဗာနာနဲ့ ပူလီဆစ်တို့အတွက် နေရာလွတ်တွေကို ဖန် တီးပေးနိုင်မှာပါ။ သူက လက်ရှိကျွန်တော်တို့အသင်းမှာ မရှိတဲ့ ကစားဟန်မျိုးကို ပိုင် ဆိုင်ထားသူဖြစ်ပြီး ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ သူ့ကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။ တကယ်လို့ သူ့ကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်လည်း ကျွန်တော့်တို့အနေနဲ့ အဲဒီအတွက် အဖြေရှာသွားရမှာပါ။ အခုအချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ ကစားသမားအမည်ကို မပြောချင်သေးပါဘူး။ ဘာကြောင့်လဲဆို တော့ ကျွန်တော်တို့အနေနဲ့ ဘယ်ကစားသမားကိုမှ ခေါ်ယူနိုင်ခြင်းမရှိသေးလို့ပါ”ဟု Sky Sports သို့ ပြောကြားခဲ့သည်။

၂၀၂၀ နွေရာသီအပြောင်း အရွှေ့ကာလက ရောက်ရှိလာခဲ့သည့် ဂျာမန်တိုက်စစ်မှူး ဗာနာသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၅၂)ပွဲ တွင် (၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့သည့်အတွက် ချယ်လ်ဆီးအသင်းသည် ရာသီသစ်အတွက် တိုက်စစ်ပိုင်းကို အားဖြည့်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အေစီမီလန်အသင်းသို့ ရောင်းချခဲ့သည့် ဂျရူး၏နေရာတွင် လူကာကူ ဖြင့် အစားထိုးလိုနေခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်း သည် ၂၀၂၁-၂၂ ပရီးမီးယားလိဂ်ဖွင့်ပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်နှင့် ကစားရမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular