spot_img

လီဗာပူး နဲ့ မန်စီးတီး တို့က ရေပန်းစားပေမယ့် ယူနိုက်တက်ကို ဖလားရအောင် ဘယ်သူ ကူညီပေးနိုင်မလဲဆိုတာ ပြောပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2020 – 21 ဘောလုံး ရာသီ စတင် ခဲ့စဉ် တုန်းက ရလဒ်တွေ ဆက်တိုက် ဆိုးရွား နေခဲ့တဲ့ အတွက် ဝေဖန်မှုတွေ အများကြီး ခံခဲ့ရပြီး နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား ကလည်း အလုပ်ပြုတ်တော့မယ် ဆိုတဲ့ အထိ သတင်းကြီး ခဲ့ပါ သေးတယ် ။

ဒါပေမယ့် အမှတ်ပေး ဖလား ပြိုင်ပွဲမှာ အာဆင်နယ် အသင်းကို ရှုံးနိမ့် ခဲ့တဲ့နောက်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ပိုင်း ရင်ဆိုင် ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တွေကို ရှုံးပွဲ မရှိအောင် ဆက်တိုက် ဆိုသလို ကစားပြ နိုင်ခဲ့ပြီး လီဗာပူး ကိုလည်း သရေ ကစားပြီး အမှတ်ပေး ဇယားကို ဦးဆောင် နိုင်ခဲ့ ပါတယ် ။

myan789

အခြား တစ်ဖက် မှာတော့ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဒဏ်ရာ ပြသနာ တွေကြောင့် အသင်း အတွက် ပါဝင်ခွင့် နည်းပါးခဲ့ သလို လက်ရှိ ဘောလုံး ရာသီ မှာလည်း ကိုဗစ် ကူးစက် ခံရမှုကြောင့် ပုံစံကောင်း ပြနိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက်တို့ ရှုံးပွဲ မရှိ ကစား နိုင်ခဲ့ ကြတဲ့ အခိုက်အတန့်တွေ မှာတော့ ပေါ့ဂ်ဘာဟာ ကမ္ဘာ့ အဆင့် ခြေစွမ်းကောင်း တွေကို တစ်ဖန် ပြန်လည် ပြသ နေခဲ့ပြီး အချို့ ပွဲစဉ် တွေမှာ အနိုင် သုံးမှတ် ရရှိ စေဖို့ အဓိက ကျသူ ဖြစ်ခဲ့ရ ပါတယ် ။ ဒါ့အပြင် ဘရူနို ခြေစွမ်း မပြနိုင်တဲ့ ပွဲစဉ်တွေမှာလည်း သူဟာ ပုံစံကောင်း ပြနိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ပြင်သစ် နဲ့ ဂျူဗင်တပ် အတွက် ကစားပေး ခဲ့တဲ့ ခြေစွမ်းမျိုး ပေါ့ဂ်ဘာ ပြန်လည် ပိုင်ဆိုင် ခဲ့ပြီလို့ ချီးကျူးသူတွေ များခဲ့ပါ သေးတယ် ။ အခုတော့ ဂယ်ရီ နဗီးလ် က ယူနိုက်တက် အသင်း အတွက် အမှတ်ပေး ဖလားကို ဆွတ်ခူးဖို့ အခွင့်အလမ်း ဟာ နည်းပါးကြောင်း ပြောခဲ့လိုက် ပါတယ် ။

ဒါ့အပြင် ဒီနှစ် အတွက် လီဗာပူး ၊ မန်စီးတီး တို့ကပဲ အမှတ်ပေး ချန်ပီယံ ဖြစ်နိုင်ဖို့ ရေပန်းစား နေဆဲလို့ ပြောလိုက် ပေမယ့် ပေါလ် ပေါ့ဂ်ဘာ ကသာ အခုလို ခြေစွမ်းမျိုး 2 ၊ 3 လလောက် ဆက်လက် ပြသ နိုင်မယ် ဆိုရင် အသင်းဟာ အမှတ်ပေး ဖလားကို ဆွတ်ခူးခွင့် ပိုင်ဆိုင် နိုင်လိမ့်မယ်လို့ ဟောကိန်း ထုတ်ခဲ့လိုက် ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ဒီနှစ် အမှတ်ပေး ဖလား ဆွတ်ခူးဖို့ အခွင့်အလမ်း က နည်းပါးလှ ပါတယ် ။ လက်ရှိ အချိန် ပရီးမီးယား လိဂ် ပြိုင်ပွဲ ထဲမှာ မန်စီးတီး နဲ့ လီဗာပူး အသင်း တွေက အကောင်းဆုံး အသင်းတွေ အဖြစ် ဆက်လက် ရှိနေကြဆဲ ပါပဲ ”

” ဒါပေမယ့် ယူနိုက်တက် တို့ရဲ့ အမှတ်ပေး ဖလားကို ဆွတ်ခူးဖို့ နည်းပါးတဲ့ အခွင့်အလမ်း က ပေါ့ဂ်ဘာ အခုလို ခြေစွမ်းကောင်း တွေကို နောက်ထပ် 2 လ ၊ 3 လလောက် ဆက်လက် ပြသ နိုင်လိမ့်မလား ဆိုတဲ့ အသေးစိတ် အချက်အလက် အချို့ အပေါ် မူတည် နေပါတယ် ”

” သူဟာ ယုံကြည်မှု တွေကို ပိုင်ဆိုင် နေပါပြီ ။ သူက မာနကြီးတဲ့ ကစားသမား တစ်ဦးပါ ၊ ကောင်းမွန်တဲ့ မာနတွေ ထားရှိသူ ပေါ့ဗျာ ။ သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိတဲ့ မာန်မာနမျိုး ပါပဲ ။ သူဟာ ကမ္ဘာ့ အကြီးမားဆုံး ပွဲစဉ်တွေကို ကစားသင့်တဲ့ ကစားသမားမျိုးပဲ လို့ တွေးတော နေသူ တစ်ဦးပါ ”

” သူဟာ အကောင်းဆုံး ပွဲစဉ် တွေကို ကစား ၊ ဆုဖလား တွေကို ဆွတ်ခူး ၊ အပေါင်း လက္ခဏာ ဆောင်ကျဉ်းတဲ့ အတွေး တွေနဲ့ အတူ အောင်မြင်မှု တွေကို ရယူခြင်း ၊ ပွဲကြီး ပွဲကောင်း တွေကို အနိုင်ယူလိုက်ခြင်းဖြင့် အကောင်းဆုံး ဖြစ်ကြောင်း ပြသလို နေတဲ့ ကစားသမားမျိုး ပါပဲ ”

” လီဗာပူး နဲ့ ကစား ခဲ့တဲ့ နောက်ဆုံး မိနစ် 20 အတွင်းမှာ ယူနိုက်တက် အသင်းဟာ ယုံကြည်မှုတွေ လျော့ကျ သွားခဲ့ရတယ်လို့ ကျွန်တော် ခံစားခဲ့ရ ပါတယ် ။ ကာလရှည် ကစားရတဲ့ ပြိုင်ပွဲကို ဒီလို ကစားလို့ မရနိုင် ပါဘူး ။ ဒီလို အဖြစ်တွေက ဆုဖလား ဆွတ်ခူး နိုင်ခွင့် တွေကို ရပ်တန့် သွားစေနိုင် ပါတယ် ” လို့ ဂယ်ရီ နဗီးလ် က ပြောခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular