spot_img

လီဗာပူးအသင်းဂန္ထဝင်ဖြစ်ချင်ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အာနိုးလ်

လီဗာပူးအသင်းဂန္ထဝင်ဖြစ်ချင်ကြောင်း အာနိုးလ်ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် နည်းပြ စလော့တ်က အသင်းကို ဦးစားပေးအဖြစ်ထားသင့်ကြောင်း သတိပေးလိုက်ပါတယ်။ အခုအပတ်အင်တာဗျူးမှာ သူ့အနေနဲ့ အသင်းမှာပဲ ဂန္ထဝင်တစ်ဦးအဖြစ် အနားယူချင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဆိုပါမှတ်ချက်ကြောင့် ထွက်ပေါ်နေတဲ့အပြောင်းအရွှေ့သတင်းတွေအပြင် စာချုပ်သစ်အနေအထားကလည်း အဆင်ပြေလာဖွယ်ရှိနေပါတယ်။ အင်္ဂလန်သားကို ရီးရဲလ်အသင်းက ချိတ်ဆက်နေပြီး စလော့တ်က အာနိုးလ်ရဲ့ရည်မှန်းချက်အတွက် ပျော်ရွှင်နေသလို အသင်းကိုလည်း အောင်မြင်မှုရအောင် လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

myan789

“ကျွန်တော် အာနိုးလ်လိုကစားသမားမျိုးကို ကြိုက်ပါတယ်။ ကစားသမားတိုင်းအနေနဲ့ အခုလိုမျိုး တွေးသင့်တယ်လို့ ထင်ပါတယ်။ တကယ်လို့ ဒီလိုမလုပ်နိုင်ရင် ခင်ဗျားအနေနဲ့ အဲ့အဆင့်မှာမကစားသင့်ပါဘူး။ သူတို့နားလည်နေသမျှ ၊ အသင်းကလည်း တစ်ဦးချင်းစွမ်းဆောင်ရည်ကို လိုအပ်ပါတယ်။ ဒါ့အပြင် အသင်းကိုလည်း ဦးစားပေးအဖြစ် သတ်မှတ်ထားသင့်ပါတယ်။ အာနိုးလ်အပါအဝင် ကစားသမားတိုင်းပါ။

ထိပ်တန်းကစားသမားတွေက အဲ့လိုလုပ်လေ့ရှိပါတယ်။ သူတို့ ထူးခြားတာမျိုးဖြစ်ချင်ပါတယ်။ သူတို့အကောင်းဆုံးဖြစ်ချင်ပါတယ်။ တကယ်လို့ အဲ့လိုမဟုတ်ခဲ့ဘူးဆိုရင်တောင် ၃ ရက်တိုင်းအတွက် အလုပ်ကြိုးစားရပါမယ်။ အဲ့တာမှသာ ပွဲအတွင်းမှာ ကောင်းကောင်းကစားနိုင်မှာဖြစ်သလို ၃ ရက်တိုင်းမှာ အကောင်းဆုံးပုံစံရဖို့ အလုပ်ကြိုးစားဖို့ လိုအပ်ပါတယ်။ လူတိုင်းမဖြစ်နိုင်ပေမယ့် ထိပ်တန်းကစားသမားတစ်ဦးဖြစ်ဖို့ဆိုရင် စိတ်ပိုင်းဆိုင်ရာ ၊ စည်းကမ်းပိုင်းဆိုင်ရာတွေလိုအပ်ပါတယ်။

Trent Alexander Arnold reveals he wants to be a Liverpool legend 

အဲ့လိုသာ လုပ်ဆောင်နိုင်မယ်ဆိုရင် ခင်ဗျားအနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာနိုင်ပါတယ်”လို့ စလော့တ်က ပြောကြားခဲ့ပါတယ်။
ကြံ့ခိုင်မှုအနေအထားနဲ့ပတ်သက်ပြီး စလော့တ်က ကိုနာတေး နဲ့ ဘရက်ဒလေတို့ဟာ တော့တင်ဟမ်နဲ့ပွဲကို လွဲချော်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“သူတို့ ၂ ဦးက လေ့ကျင့်ခန်းမဆင်းနိုင်သေးပါဘူး။ အဲ့တာက တော်တော်လေးခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ကော်နာက ပြန်လာနိုင်ခဲ့ပြီလို့ ကျွန်တော်ထင်ထားတာပါ။ ဒါကြောင့် စောင့်ကြည့်ရပါဦးမယ်။ကျွန်တော်တို့ ရာသီကြိုခရီးစဉ်မှာ အားစိုက်ထုတ်မှုအများကြီးလုပ်ထားပါတယ်။ ပြီးတော့ သူတို့ကို ရက်အတော်ကြာ ဆုံးဖြတ်ဖို့ အချိန်ပေးထားပါတယ်။ အကျိုးအမြတ်ကို ကျွန်တော်တို့ ရှာဖွေရပါမယ်။

ဟော်လန်မှာရှိတဲ့ ကလပ်အသင်းအချို့က သူတို့ကစားသမားတွေကို နားရက် ၇ ရက် ဒါမှမဟုတ် ၈ ရက်ပဲပေးခဲ့ပါတယ်။ ပြီးတော့ သူတို့ ဒဏ်ရာရခဲ့ကြပါတယ်။ ကျွန်တော်တို့ စွမ်းဆောင်ရည်ပိုင်းနည်းပြနဲ့ လက်တွဲလုပ်နေပါတယ်။ ဒဏ်ရာရကစားသမား၂ ဦးပဲရှိနေပါတယ်။ ပြီးတော့ အခြားသူတွေလည်း ပြန်လာနေပါပြီ။ ကျွန်တော်တို့ ၂ ဦးလောက်ပဲဒဏ်ရာရနေပါတယ်”လို့ စလော့တ်က ပြောကြားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular