အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ်က အသင်းဟောင်းလီဗာပူးလ်သည် ဂိုးသွင်းနိုင်သည့် ကွင်းလယ်ကစားသမား လိုအပ်နေကြောင်း ဝေဖန်ထောက်ပြခဲ့ပြီး ယင်းကဲ့သို့ ကစားသမားကို ခေါ်ယူအားဖြည့်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဂျရတ်က လီဗာပူးလ်အသင်းသည် ရှေ့တန်းတွင် ထိပ်တန်းတိုက်စစ်ကစားသမား (၅) ဦးအထိ ပိုင်ဆိုင်ထားသော်လည်း ဂိုးသွင်းယူနိုင်သည့် ကွင်းလယ်ကစားသမား လိုအပ်နေကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။
”လက်ရှိလူစာရင်းကို နောက်(၅)နှစ်၊ (၆)နှစ်၊ (၇)နှစ်အတွက် စဉ်းစားကြည့်ရင် ဂိုးတွေသွင်းနိုင်တဲ့ နံပါတ်(၈)ကွင်းလယ်ကစားသမားမျိုး လိုအပ်နေတာ တွေ့ရပါလိမ့်မယ်” ဟု ဂျရတ်က ပြောကြားခဲ့သည်။