spot_img

လီဗာပူးလ်ပရိသတ်များနှင့် ယာဂန်ကလော့ပ်တို့ကို လီဗာပူးလ်အသင်းပိုင်ရှင် ဂျွန်ဟင်နရီ တောင်းပန်စကားဆို

လီဗာပူးလ်အသင်း၏ ပိုင်ရှင်ဖြစ်သူ ဂျွန်ဟင်နရီသည် ဥရောပစူပါလိဂ်အစီအစဉ်ပျက်စီးသွားခဲ့ပြီးနောက် ၎င်းတို့၏ ဆောင်ရွက်ခဲ့မှုများအတွက် အသင်းပရိသတ်များနှင့် အသင်းနည်းပြဖြစ်သူ ယာဂန်ကလော့ပ်အား တောင်းပန်စကားဆိုခဲ့ကြောင်း သိရှိရသည်။

ဂျွန်ဟင်နရီက ဥရောပထိပ်တန်း (၁၂) သင်း ကြေညာခဲ့သည့် ဥရောပစူပါလိဂ်အစီအစဉ်တွင် လီဗာပူးလ်အသင်းပါဝင်ခဲ့ခြင်းအတွက် မိမိတို့တွင်သာ အပြည့်အဝတာဝန်ရှိကြောင်းနှင့် ပရိသတ်များ၏ ဆန္ဒမပါဘဲ လုပ်ဆောင်ခဲ့ခြင်းအတွက် တောင်းပန်လိုကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

myan789

ဂျွန်ဟင်နရီက “ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေအားလုံးအတွက် လီဗာပူးလ်အသင်း ပရိသတ်တွေနဲ့ အသင်းကိုထောက်ခံအားပေးသူအားလုံးကို တောင်းပန်ချင်ပါတယ်။ ပရိသတ်တွေရဲ့ဆန္ဒမပါတဲ့ ဘယ်စီမံကိန်းမှ အောင်မြင်မှာမဟုတ်ပါဘူး။ ပြီးတော့ ယာဂန်ကိုလည်း ကျွန်တော်တောင်းပန်ပါတယ်။ ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် ဂုဏ်ယူစရာ အောင်မြင်မှုတွေကို ယူပေးနေတဲ့ ကစားသမားတွေရောပါပဲ။ ဒီအရှက်ရစရာကိစ္စကြီးမှာ သူတို့တွေ လုံးဝမပါဝင်ခဲ့ပါဘူး။ သူတို့ရဲ့ ဆန္ဒမပါ ဘဲ ဒီစီမံကိန်းမှာ လီဗာပူးလ်အသင်းပါဝင်နေတယ်ဆိုတဲ့ နာမည်ထွက်လာခြင်းဟာ ကျွန်တော်တို့ ရင်အနာရဆုံး ကိစ္စဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့နဲ့သာ သက်ဆိုင်ပါတယ်။ အနာဂတ်မှာ ဒီလိုကိစ္စတွေ ဘယ်တော့မှ ဖြစ်လာတော့မှာမဟုတ်ဘူးလို့ ကျွန်တော်ကတိပေးပါတယ်” ဟု ပြောကြားခဲ့သည်။

ဂျွန်ဟင်နရီက ယင်းကဲ့သို့ ထုတ်ဖော်တောင်းပန်ခဲ့ပြီးနောက် အသင်း၏ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့် နောက်ခံလူ ကာရေဂါက လီဗာပူးလ်အသင်းပရိသတ်များအနေဖြင့် ဂျွန်ဟင်နရီကို ခွင့်လွှတ်သင့်ပြီး ၎င်းတို့ထက် ပိုကောင်းသည့် အသင်းပိုင်ရှင်များ ရှာတွေရန် ခက်သည်ဟုလည်း ပြောကြားခဲ့သည်။ ကာရေဂါသည် ယင်းစီမံကိန်း ထွက်ပေါ်လာချိန်တွင် ဂျွန်ဟင်နရီနှင့် လီဗာပူးလ်အသင်း တာဝန်ရှိသူများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူဖြစ်ပြီး ယခုကဲ့သို့တောင်းပန်ခြင်းကို ကြိုဆိုသည်ဟုဆိုခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular