လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာသည် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုမည်ဟု သူငယ်ချင်းများကို ပြောဆိုပြီးမှ ဘာစီလိုနာအသင်းကြောင့် အစီအစဉ်ပြောင်းလဲခဲ့ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။
အသက် (၂၉) နှစ်အရွယ် အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဆာလာသည် ၂၀၂၃ ခုနှစ်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ လီဗာပူးလ်အသင်းသည် ဆာလာကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေပြီး ဆာလာကလည်း သူ၏သူငယ်ချင်းများကို လီဗာပူးလ်နှင့် စာချုပ်သစ်ချုပ်ဆိုတော့မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ သို့သော် ဘာစီလိုနာက ၂၀၂၃ နွေရာသီတွင် ၎င်းကိုခေါ် ယူမည်ဟု ကတိပေးခဲ့ပြီးနောက် ဆာလာသည် ၎င်း၏ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ကြောင်း Mirror က ဖော်ပြခဲ့သည်။
ဆာလာသည် ၂၀၂၃ ခုနှစ်တွင် လီဗာပူးလ်နှင့် စာချုပ်သက်တမ်းကုန် ဆုံးမည်ဖြစ်သော်လည်း လာမည့်ရာသီတွင် အသင်း၌ဆက်ရှိနေမည်ဟု ကတိပေးထားသည်။ ဘာစီလိုနာအ သင်းသည် လီဗာပူးလ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးချိန်မှ ဆာလာကိုပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူမည်ဟု ကတိပေးခဲ့ခြင်းဖြစ်သည်။