spot_img

လီဗာပူးလ်ကစားသမားများကို အစွမ်းကုန်ကြိုးစားကြရန် ယာဂန်ကလော့ပ် တိုက်တွန်း

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းကစားသမားများကို အစွမ်းကုန်ကြိုးစားကြရန် တိုက်တွန်းခဲ့သည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး (၂)ပွဲသရေကျကာ (၁)ပွဲရှုံးနိမ့်ခဲ့သည်။ ထို့ပြင် အဆိုပါပွဲစဉ် (၃)ပွဲတွင် (၁)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

myan789

ထို့ကြောင့် လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၇)အပြီးတွင် ရမှတ် (၃၃)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေဆဲဖြစ်သော်လည်း ဒုတိယနေရာမှ ပွဲကျန်တစ်ပွဲကစားရန် ကျန်ရှိနေသည့် မန်ယူအသင်းနှင့် ရမှတ်တူညီနေပြီး လက်ကျန်ပွဲတွင် မန်ယူအသင်းသာ ဘန်လေကို အနိုင်ရခဲ့ပါက လီဗာပူးလ်အနေဖြင့် အဆင့်(၁)နေရာမှ ဖယ်ပေးရမည်ဖြစ်သည်။

ယာဂန်ကလော့ပ်က “ကျွန်တော့်ရဲ့ အလုပ်က ကစားသမားတွေကို ကိုယ်ရော စိတ်ရော ကြံ့ခိုင်အောင် လုပ်ပေးဖို့ပါ။ ရလဒ်တွေ ဆိုးရွားနေတာကို ကစားသမားသစ် ခေါ်ယူရုံနဲ့ ဖြေရှင်းနိုင်မယ်လို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အသင်းမှာ ခံစစ်အတွင်းလူ (၃)ဦး ဒဏ်ရာရနေတယ်။ ဒါက အခက်ခဲဆုံး အခြေအနေလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံးလက်တွဲပြီး အလုပ်လုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ဘက်က တတ်နိုင်တာကို အစွမ်းကုန်ကြိုးစားရမယ်။ တစ်သင်းလုံးအတူတကွ တိုက်ခိုက်ရမယ်။ ဒီအခြေအနေကို ကြိုးစားပြီး ကျော်ဖြတ်ရမယ်”ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် အဓိကနောက်ခံကစားသမားဖြစ်သည့် ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်တို့မှာ ဒဏ်ရာပြဿနာများကြောင့် ကာလရှည်အနားယူနေရပြီး အခြားနောက်ခံလူတစ်ဦးဖြစ်သူ မာတစ်မှာလည်း လက်ရှိတွင် ဒဏ်ရာကြောင့် အနားယူနေရသည်။

လီဗာပူးလ်အသင်းအနေဖြင့် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် နောက်ခံလူများ ခေါ်ယူရန် အသင်းက ကြိုးပမ်းနေကြောင်းလည်း ကလော့ပ်က ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular