spot_img

လီဗာပူးရဲ့ Top 4 chance ကို သုံးသပ်လိုက်တဲ့ ကာရေဂါ နဲ့ ယာဂန်ကလော့

လီဗာပူးဟာ မနေ့ညက ဘရန်ဖို့ဒ်ကို အန်ဖီးမှာ 1-0 နဲ့ အနိုင်ယူကာ ပရီးမီးယားလိဂ်မှာ ၆ ပွဲဆက်တိုက် နိုင်ပွဲ ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရေးရေးလေး ရှိနေပါသေးတယ်။ လီဗာပူးဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၄ နေရာက ၂ ပွဲလျော့ ကစားထားတဲ့ မန်ယူနိုက်တက်နဲ့ ၁ မှတ် အကွာကို ‌ရောက်ရှိလာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားပေးထားနိုင်ပါတယ်။

ဘရိုက်တန်ကလည်း လီဗာပူးနဲ့ ၇ မှတ်အကွာမှာ ရှိနေပေမယ့်လည်း လက်ကျန် ၃ ပွဲကို အနိုင်ရခဲ့မယ်ဆိုရင် လီဗာပူးရဲ့ အထက်ကို ရောက်လာမှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်ဟာ လီဗာပူး လက်ထဲမှာ ရှိမနေပေမယ့်လည်း ယနေ့ည ဝက်ဟမ်းနဲ့ ပွဲမှာ မန်ယူနိုက်တက်တို့ ခြေချော်သွားခဲ့မယ်ဆိုရင်တော့ စတင်ဆွေးနွေးလို့ ရသွားမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။

myan789

ကာရေဂါက “ဝက်ဟမ်းတို့ ယနေ့မှာ မန်ယူနိုက်တက်ကို အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ လီဗာပူးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပက်သက်ပြီး အသေအချာ ဆွေးနွေးလို့ ရသွားမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ ဒီတစ်ရာသီလုံး top 4 ထဲကို တစ်ခါမှ မရောက်ထားခဲ့ပါဘူး။ ဒါကတော့ မယုံနိုင်စရာပါပဲ။” လို့ ဆိုလိုက်ပါတယ် ။

ယာဂန်ကလော့ ကလည်း “ပြီးခဲ့တဲ့ ၆ ပွဲလောက်က ကျနော်တို့ ဒီနေ့မှာ ရှိနေလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ပါဘူး။ ကျနော်တို့ အနေနဲ့ နိုင်ပွဲတွေ ရယူတာကလွဲပြီး အခြား ဘာမှ လုပ်သွားလို့ မရပါဘူး။ အကယ်၍ မန်ယူနိုက်တက်တို့ လက်ကျန်ပွဲစဉ်တွေ အနိုင်ရရှိခဲ့မယ်ဆိုရင် သူတို့ဟာ ကျနော်တို့ထက် ၇ မှတ် သာသွားမှာ ဖြစ်ကာ top 4 race က ပြီးသလောက် ဖြစ်သွားမှာပါ။ ဒါကို ကျနော်တို့ သိပါတယ်။

ဘရိုက်တန်ကလည်း လက်ကျန် ပွဲစဉ်တွေအနိုင်ရခဲ့မယ်ဆိုရင်….ဒါဟာ ဖြစ်နိုင်ခြေ ရှိပါတယ်။ အဲလိုဆိုရင် သူတို့ ကျနော်တို့ အထက်ကို ရောက်လာမှာပါ။ ဒါဟာ စိတ်ဝင်စားစရာ ကာလပါပဲ။ ကျနော်တို့ တက်နိုင်သမျှ ပြိုင်ဘက်တွေကို နောက်မှာချန်ပစ်ရပါမယ်။ ဘာလို့လဲဆိုတော့ သူတို့ လာမှာ ဖြစ်လို့ပါ။ ဘာမှ အဆုံးအဖြတ်တော့ မဖြစ်သေးပါဘူး။ ဲါဟာ တအားကောင်းတဲ့ အချက် ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ် ။

ယာဂန်ကလော့ရဲ့ အသင်းဟာ လက်ကျန် ၃ ပွဲစလုံး ကိုလည်း အနိုင်ရရှိရန် ရေပန်းစားနေကာ လက်စတာ (A) အက်စတွန်ဗီလာ (H) ဆောက်သမ်တန် (A) တို့နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular