spot_img

လီဗာပူးနဲ့ ရီးရဲမက်ဒရစ်တို့ရဲ့ပွဲအပေါ်ကို ဘန်နီတက်ဇ်ရဲ့သုံးသပ်ချက်

နောက်ဆုံးတစ်ကြိမ်လီဗာပူးက စပိန်အသင်းကြီးကို ရင်ဆိုင်ခဲ့ရတာက လွန်ခဲ့တဲ့ ၉ လက ဖြစ်ပါတယ်။ အန်ဆယ်လော့တီရဲ့အသင်းက အဲဒီပွဲမှာ လီဗာပူးကို ၁-၀ နဲ့အနိုင်ရပြီး သူတို့အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလားကို ၉ ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲမှာ ဆုံခဲ့တဲ့နှစ်သင်းက ဒီနှစ်ပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်မှာ ပြန်ဆုံကြတာဆိုတော့ အကြိတ်အနယ်ရှိမလားဆိုတာကတော့ ပြောစရာကို မလိုတော့ဘူးထင်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က နယူးကာဆယ်ကို အနိုင်ရထားတဲ့ လီဗာပူးက အဖြူရောင်အသင်းကို အန်ဖီးမှာ ကစားရမှာလည်း ဖြစ်တာကြောင့် ယုံကြည်ချက်ကတော့ အပြည့်ဖြစ်နေမှာပါ။ ရီးရဲမက်ဒရစ်အသင်းကလည်း အန်ဖီးမှာကစားရတာဖြစ်ပေမယ့် ၂၀၀၉ နောက်ပိုင်း အင်္ဂလန်အခြေစိုက်အသင်းကို ရှုံးပွဲမရှိသေးဘူးဆိုတဲ့ မှတ်တမ်းကောင်းကို ရထားပါတယ်။ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်ကြိမ််တက်နိုင်ခဲ့ပြီးတစ်ကြိမ် ဗိုလ်စွဲခဲ့တဲ့ ဘန်နီတက်ဇ်က ဒီနေ့ညပွဲကို အောက်ပါအတိုင်းသုံးသပ်ထားပါတယ်။

myan789

အားလုံးကတော့ အလက်ဇန်းဒါးအာနိုးနဲ့ ဗီနီးဆီးယပ်စ်ဂျူနီယာတို့ရဲ့အားပြိုင်ပွဲကို ကြည့်နေကြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလက ဗီနီးဆီးယပ်စ်ဂျူနီယာက အနိုင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒီတစ်ခါမှာလည်း အကြိတ်အနယ်ကစားကြ ရဦးမှာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်ကလည်း အလက်ဇန်းဒါးအာနိုးရှေ့တက်သွားရင် ဖြစ်ပေါ်လာတဲ့ လီဗာပူးနောက်တန်းက ဟာကွက်ကို အသုံးချဖို့ အများဆုံးကြိုးစားသွားပါလိမ့်မယ်။ အလက်ဇန်းဒါးအာနိုးကလည်း ရှေ့တက်ပြီး ထိုးဖောက်ရင် အသင်းကို အများကြီး အကျိုးပြုတာဖြစ်တော့ ရှေ့တက်တာကတော့ တက်မှာပါပဲ။ ဒါဆိုရင်ဖြစ်လာမယ့် နောက်တန်းဟာကွက်ကို ကလော့ပ်ဘယ်လို ဖြေရှင်းမလဲဆိုတာကတော့ မေးစရာ မေးခွန်းတစ်ခုဖြစ်လာပြီလို့ဆိုရမှာ ဖြစ်ပါတယ်။ ဗီနီးဆီးယပ်စ်ဂျူနီယာက လီဗာပူးကို ဒုက္ခပေးနိုင်တာကတော့ သေချာပါတယ်။

ကွင်းလယ်မှာလည်း အကြိတ်အနယ်ယှဉ်ပြိုင်ရပါလိမ့်မယ်။ လီဗာပူးကွင်းလယ်က ရီးရဲမက်ဒရစ်ရဲ့ကွင်းလယ်ကို ဒီနေ့ညမှာ ယှဉ်နိုင်မယ် ထင်ပါတယ်။ လီဗာပူးက ကွင်းလယ်ကနေ ပြိုင်ဆိုင်မှုပြင်းပြင်းထန်ထန်နဲ့ ရှေ့ကို ဖိအားပေးဖို့ကြိုးစားပါလိမ့်မယ်။ အန်ဆယ်လော့တီက မိုဒရစ် ဗယ်လ်ဗာဒီနဲ့ ဆီဘာလော့စ်တို့ကို ကွင်းလယ်မှာ အသုံးပြုပါလိမ့်မယ်။ ဟန်ချက်ညီတဲ့ ဒီကစားသမားသုံးယောက်ကို ချိုးဖျက်ကျော်လွှားဖို့ဆိုတာ လီဗာပူးကွင်းလယ်ကစားသမားတွေအတွက် ခက်ခဲနိုင်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းရဲ့ ဥရောပြိုင်ပွဲတွေမှာ အားသာချက်က အနိုင်ရခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ ချန်ပီယံလိဂ်ပွဲကစားတဲ့ အတွေ့အကြုံများတာပဲဖြစ်ပါတယ်။ လီဗာပူးကလည်း ဒီအချက်တွေမှာ ရီးရဲမက်ဒရစ်ကို ပုခုံးချင်းယှဉ်နိုင်လာပါပြီ။ လီဗာပူးက ပြင်းထန်တဲ့ စိတ်အားထက်သန်မှုနဲ့ အားကုန်ထုတ်ကစားရင် ရီးရဲမက်ဒရစ်နဲ့ပွဲမှာ အခွင့်အရေးရှိပါတယ်။ အန်ဖီးကွင်းမှာကစားရတယ်ဆိုတဲ့ အိမ်ကွင်းအားသာချက်က လီဗာပူးကို အများကြီး အသာရစေနိုင်ပါတယ်။

ဘန်နီတက်ဇ်ရဲ့သုံးသပ်ချက်ပဲဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular