လီဗာပူးကို ငြင်းပြီး အခြား ပရီးမီးယားလိဂ် ကလပ် တသင်းသို့ ပြောင်းရွှေ့ဖို့ မေဆင်မောင့်ထံ တိုက်တွန်းလိုက်တဲ့ ကတ်စ်ကာရီနို

အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့်ဟာ လက်ရှိမှာ ချဲလ်ဆီး အသင်းနဲ့ စာချုပ် သက်တမ်း တနှစ်ကျော်သာ ကျန်တော့ပြီး ၊ စာချုပ်သစ် ချုပ်ဆိုဖို့ ကြန့်ကြာနေဆဲ ဖြစ်တာကြောင့် ၊ ၄င်းကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် အင်အားကြီး ကလပ် အချို့က စောင့်ကြည့်နေကြပါတယ် ။

အသက် ၂၄နှစ် အရွယ်ရှိ မောင့်ကို ခေါ်ယူဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့ အသင်းက လီဗာပူး ဖြစ်ပြီး ၊ ကွင်းလယ် အင်အား ထပ်ဖြည့်ချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ကလည်း မောင့်ကို လာမယ့် နွေရာသီမှာ ချဉ်းကပ်ဖို့ စိတ်ဝင်စားနေပါတယ် ။

myan789

လက်ရှိ လုပ်ခ လစာထက် ၂ဆ ၊ ၃ဆ ပိုလိုချင်နေတဲ့ မောင့်ကို ချဲလ်ဆီးဖက်က ထိန်းလိုပေမယ့် ၊ လာမယ့် နွေရာသီ အခြား ကလပ်တွေထံမှ ချဉ်းကပ်မှု အပေါ် မူတည်က ၄င်းရဲ့ အနာဂတ် အပြောင်းအလဲ ဖြစ်လာဖို့ များပါတယ် ။ ဒီရာသီမှာ ထိပ်တန်း ခြေစွမ်း ရဖို့ ရုန်းကန်နေရတဲ့ မောင့်ဟာ လက်ရှိမှာလည်း ဒဏ်ရာ ရနေပါတယ် ။

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း တိုနီ ကတ်စ်ကာရီနိုကတော့ လီဗာပူးထံမှ စိတ်ဝင်စားမှု ရနေသည့်တိုင် မေဆင်မောင့် အနေနဲ့ ယင်းမာဆေးဆိုက်ဒ် ကလပ်သို့ ဘာကြောင့် မပြောင်းသင့်လဲ ဆိုတာ ရှင်းလင်းခဲ့ပြီး ၊ နယူးကာဆယ်ကို ရွေးချယ်ဖို့ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ ကတ်စ်ကာရီနို က ” သူဟာ တခြား ကလပ်တွေဆီက စိတ်ဝင်စားမှု ရနေမှာတော့ သေချာပါတယ် ။ သူဟာ ထိပ်တန်း အဆင့်မှာ နှစ်အချို့ကြာ ဖြတ်သန်း ကစားထားတာပါ ။ လောလောဆယ်မှာတော့ သူရဲ့ ခြေစွမ်းက မကောင်းနေသည့်တိုင် သူ့ကို တခြား ကလပ်တွေရဲ့ စိတ်ဝင်စားမှုက ရပ်တန့်သွားမှာ မဟုတ်ပါဘူး ။ ”

” ချဲလ်ဆီးမှာ လစာများများ ယူပြီး ဆက်နေချင်ရင်လည်း သူ့သဘောပါပဲ ။ အဲလိုသာဆိုရင် သူဟာ ပွဲထွက်စာရင်းမှာ ပါလိုက် ၊ မပါလိုက် ဆက်ဖြစ်နေဦးမှာပါ ။ ဘာလို့လဲဆိုတော့ ဒါဟာ လက်ရှိ သူ ရောက်နေတဲ့ အခိုက်အတန့် ဖြစ်နေလို့ပါပဲ ။ ဒီအခြေအနေက သူ ဖြစ်ချင်တာနဲ့ ကိုက်ညီမှုရော ရှိရဲ့လား ? မရှိတာပဲ များပါတယ် ။ ”

” သူဟာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ကျောရိုး ကစားသမား တဦး ဖြစ်လိုပြီး ၊ အခုလို ချဲလ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့် မရနေဘူးဆိုရင် သူဟာ အနာဂတ် အင်္ဂလန် လက်ရွေးစင် အသင်းမှာလည်း ပုံမှန် ကစားခွင့် ရမှာ မဟုတ်ပါဘူး ။ လီဗာပူးကို ပြောင်းခဲ့ရင် သူ ဘယ်မှာ ကစားရမလဲ ဆိုတာ ကျွန်တော် မပြောတတ်ပါဘူး ။ ”

” သူဟာ ရှေ့တန်း ၃ယောက်မှာ ဒါဝင် နူးနက်ဇ် ကစားနေတဲ့ အထောင်တိုက်စစ်ရဲ့ ဘယ်ခြမ်း ( သို့မဟုတ် ) ညာခြမ်းမှာ ပါဝင်မှာလား ? သူဟာ မိုဆာလာကြောင့် ညာတောင်ပံမှာတော့ ကစားရမှာ မဟုတ်ပါဘူး ။ ဘယ်တောင်ပံမှာလည်း ဒဏ်ရာက ပြန်လာမယ့် ဒီယက်ဇ် ရှိနေပါတယ် ။ ”

” သူဟာ ကွင်းလယ်တိုက်စစ် ကစားသမား တဦး ဖြစ်ပါတယ် ။ လီဗာပူးမှာ အဲဒီနေရာ ကစားပေးနိုင်တဲ့ အော့စ်လိတ် ချိန်ဘာလိန် ရှိပေမယ့် ၊ တကယ်တမ်း သူတို့ အဲဒီ ကစားပုံမျိုး လက်တွေ့မှာ အသုံးမချနေပါဘူး ။ ဒီတော့ လီဗာပူးဟာ အသုံးမပြုတဲ့ အော့စ် နေရာ အတွက် နောက်ထပ် ကစားသမား တဦး ထပ်ဖြည့်ရာ ရောက်သွားပါလိမ့်မယ် ။ ”

” မေဆင်မောင့်မှာ လီဗာပူးက လိုက်နေတာထက် ပိုတဲ့ ဥရောပနဲ့ ဒီနိုင်ငံ တလွှား အခြား ကလပ်တွေဆီက စိတ်ဝင်စားမှုတွေ ရထားပါလိမ့်မယ် ။ ခင်ဗျားသာ နယူးကာဆယ်သာ ဖြစ်ရင် ၊ သူ့လို ကစားသမားမျိုး ခေါ်ချင်မလား ? ခင်ဗျားသာ ချန်ပီယံလိဂ် တန်းဝင် အသင်းမျိုး ဖြစ်ချင်ရင်ပေါ့ ၊ မေဆင်မောင့်ဟာ နယူးကာဆယ် ကစားတဲ့ ပုံစံနဲ့ အံဝင်မှု ရှိပါလိမ့်မယ် ။ ”

” ရာသီအကုန်မှာ နယူးကာဆယ်ဟာ ဘယ်တောင်ပံမှာ ဝီလ်ဖရစ် ( ဇာဟာ ) နဲ့ လိုချင်ရင် မောင့်ကိုပါ ခေါ်ယူနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular