spot_img

လိုင်လီကို အနိုင်ရသည့်ပွဲတွင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် လူကာကူအား အသုံးမပြုခဲ့ခြင်းကို ချယ်လ်ဆီးနည်းပြ တူဟယ်လ် ကာကွယ်

ချယ်လ်ဆီးနည်းပြ တူဟယ်လ်သည် လိုင်လီအသင်းကို အနိုင်ရသည့် ချန်ပီယံလိဂ်ပွဲတွင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် လူကာကူအား အသုံးမပြုခဲ့ခြင်းနှင့်ပတ်သက်ပြီး သူ၏ဆုံးဖြတ်ချက်ကို ကာကွယ်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ (၂၂)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ် ချယ်လ်ဆီး (၂-ဝ) လိုင်လီပွဲတွင် ချယ်လ်ဆီးနည်းပြ တူဟယ်လ်သည် အသင်း၏အဓိကတိုက်စစ်မှူးဖြစ်သူ လူကာကူကို အသုံးပြုခဲ့ခြင်းမရှိပေ။ လူကာကူ (၂၈ နှစ်)သည် ပြီးခဲ့သည့်နွေရာသီက အင်တာမီလန်အသင်းမှ ချယ်လ်ဆီးအသင်းထံသို့ ကလပ်စံ ချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၉၇.၅)သန်းဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

myan789

သို့သော် ၎င်းသည် ချယ်လ်ဆီးအသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီး ပြီးခဲ့သည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲတွင်လည်း တစ်ပွဲလုံး ဘောလုံးထိချက် (၇)ကြိမ်သာရှိခဲ့သည်။ အဆိုပါစွမ်းဆောင်မှုကြောင့် လူကာကူမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး လိုင်လီနှင့်ပွဲတွင် ချန်လှပ်ခံခဲ့ရခြင်းကြောင့် ၎င်း၏သတင်းများမှာ ပိုမိုအသံကျယ်လောင်လာခဲ့ခြင်းဖြစ်သည်။

လိုင်လီနှင့်ပွဲတွင် လူကာကူကို အသုံးမပြုခဲ့ခြင်းနှင့်ပတ်သက်ပြီး တူဟယ်လ်က “လူတွေက လူကာကူကို အရမ်းစိတ်ဝင်စားနေကြတယ်။ တကယ်တော့ ဒီနေ့ပွဲမှာ မကစားရတဲ့ တခြားကစားသမား (၉)ဦးတောင် ရှိနေတာပါ။ ဒါက အသင်းလိုက် ကစားရတဲ့ အားကစားပါ။ ကျွန်တော့်အမြင်မှာတော့ လူကာကူဟာ မောပန်းနွမ်းနေပုံရပါတယ်။ ဒီနေ့ပွဲက တစ်ပွဲလုံး အာရုံစိုက်ကစားရပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲဖြစ်ပါတယ်။ လူကာကူအနေနဲ့ ကိုယ်ရော စိတ်ပါပင်ပန်းနေတာပါ” ဟု ပြောကြားခဲ့သည်။

လူကာကူသည် လိုင်လီနှင့်ပွဲတွင် ပွဲထွက်စာရင်း၌ မပါခဲ့သလို၊ ပွဲချိန်အတွင်း သွေးပူလေ့ကျင့်ခန်းပြုလုပ်ခဲ့သော်လည်း လူစားဝင်ကစားခွင့်ပင် မရခဲ့ပေ။

လူကာကူသည် ချယ်လ်ဆီးအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၂၈)ပွဲတွင် (၁၀)ဂိုးသာ သွင်းယူပေးထားနိုင်သေးသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular