spot_img

လိုက်ပ်ဇစ်အသင်းအား အရေးနိမ့်ခဲ့သောပွဲသည် မိမိတို့ဘာသာ ဖန်တီးခဲ့ခြင်းသာဖြစ်သည်ဟု ဘိုင်ယန်နည်းပြ တူဟယ်လ် ဝန်ခံ

ဘိုင်ယန်မြူးနစ်အသင်းနည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က လိုက်ပ်ဇစ်အသင်းအား (၁-၃)ဖြင့်အရေးနိမ့်ခဲ့သော ရှုံးပွဲသည် မိမိတို့ဘာသာ ဖန်တီးခဲ့ခြင်းသာဖြစ်သည်ဟု ပွဲအပြီးတွင် ဝန်ခံခဲ့ပြီး အသင်းကစားသမားများကိုလည်း ပြစ်တင်ဝေဖန်ခဲ့သည်။

ဘိုင်ယန်အသင်းသည် ယင်းပွဲတွင် ပထမပိုင်းသွင်းဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်း$ (၃)ဂိုးအထိ ပြန်ပေးခဲ့ရကာ ရှုံးပွဲတွေ့ခဲ့ပြီး ရာသီပြီးဆုံးရန် တစ်ပွဲသာလိုတော့သည့်အချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံး ဦးဆောင်သူနေရာကိုလည်း ပြိုင်ဘက် ဒေါ့မွန်အသင်းထံ လွှဲ ပြောင်းပေးခဲ့ရသည်။

myan789

”ဒီရှုံးပွဲက ကျွန်တော်တို့ကိုယ်တိုင် လုပ်ဆောင်ခဲ့တာပါ။ ဘယ်သူကမှလည်း ရွေ့လျားမှု သိပ်မရှိတော့ချိန်မှာ ဘောလုံးလည်း မယူချင်ကြတော့ဘူး။ ပြီးတော့ လိုက်ပ်ဇစ်အသင်းက ပိုကောင်းတဲ့အခြေအနေ ရောက်လာတယ်။ ကျွန်တော်တို့ ရှုံးနိမ့်ချိန် ပွဲနေ့မှာ ပိုပြီး ကောင်းတဲ့ပုံစံနဲ့ ပိုကောင်းတဲ့အသင်းကိုပဲ အရှုံးပေးချင်တာပါ။ အခုပွဲက အဲဒီလို မဟုတ်ခဲ့ဘူး။ ပွဲက ကျွန်တော်တို့ လက်ထဲကနေပဲ လွတ်ကျသွားခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ ပွဲကို ကောင်းကောင်းစတင်နိုင်ခဲ့တယ်။ ဦးဆောင်မှု ရယူနိုင်ခဲ့ပြီး ဒုတိယဂိုးလည်း ထပ်သွင်းနိုင်ခဲ့သင့်ပါတယ်။  မိနစ်(၃၀)ကစားပြီးနောက် ကျွန်တော်တို့ ကစားအား လျှော့ချပစ်ခဲ့တယ်။ ဒုတိယပိုင်းကတော့ ကျွန်တော်တို့ရဲ့ပွဲ မဟုတ်တော့ဘူး။ ကျွန်တော့်မှာ အကြောင်းပြချက် မရှိပါဘူး။ ကျွန်တော်တို့ ကောင်းမွန်တဲ့အခြေအနေတစ်ရပ်ကို လက်လွှတ်ခဲ့ရတယ်။ အသင်းစိတ်ဓာတ်ကို လေ့ကျင့်ရေးမှာပဲ ကျွန်တော် တွေ့ရတယ်။ ဒီအတွက် ကျွန်တော့်မှာ ဖြေရှင်းချက်မရှိပါဘူး”ဟု တူဟယ်လ်က Sky Germany ရုပ်သံသို့ ပြောကြားခဲ့သည်။

ထို့ပြင် တူဟယ်လ်က လိုက်ပ်ဇစ်ကစားသမား လိုင်မာ၏ လျင်မြန်သည့် တန်ပြန်တိုက်စစ်ကို Tactical Foul ဖြင့် လိုအပ်လျှင် တားဆီးရမည်ဖြစ်သော်လည်း မပြုလုပ်ခဲ့သည့် ကိုးမန်းနှင့် မူဆီယာလာတို့ကိုလည်း ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

ဘိုင်ယန်အသင်းအနေဖြင့် လိုက်ပ်ဇစ်အသင်းနှင့် ဘွန်ဒစ်လီဂါအိမ်ကွင်းတွေ့ဆုံမှု (၇)ပွဲတွင် ပထမဆုံးအကြိမ် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်နည်းပြ တူဟယ်လ်က ယခုရှုံးပွဲအတွက် မိမိတွင် တာဝန်အပြည့်ရှိကြောင်းလည်း ZDF ရုပ်သံနှင့် တွေ့ဆုံမှုတွင် မှတ်ချက်ပြုခဲ့သည်။

”ကျွန်တော်ဟာ တာဝန်ယူမှုနဲ့ ဝေးရာကို ထွက်ပြေးသွားမယ့်လူမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ ဖလားလုပွဲမှာ အရေးနိမ့်ခဲ့မယ်ဆိုရင် ကျွန်တော့်မှာ တာဝန်အပြည့်ရှိပါတယ်။ ဆင်ခြေတွေပေးဖို့လည်း ကျွန်တော် ရှာဖွေနေမှာ မဟုတ်ပါဘူး။ ပြီးတော့ လာမယ့်ရာသီမှာ သိသာထင်ရှားစွာ ပိုကောင်းလာဖို့အတွက် ကြိုးစားရပါလိမ့်မယ်”ဟု တူဟယ်လ်က ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular