PSG အသင်းက ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် လိုက်ပ်ဇစ်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
နေမာသည် ဘရာဇီးလ်လက်ရွေးစင်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့သောကြောင့် အန်ဂါစ်နှင့်ပွဲကို လွဲချော်ခဲ့ရသလို၊ ခြေထောက်ဒဏ်ရာ ရလာခဲ့ခြင်းကြောင့် လိုက်ပ်ဇစ်နှင့် ပွဲကို လွဲချော်ရခြင်းဖြစ်ကြောင်း သိရသည်။
နေမာသည် ချန်ပီယံလိဂ်ပွဲကို လွဲချော်ရမည့်အပြင် မာဆေးလ်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ပြင်သစ်လီဂူးပွဲတွင် ပါဝင်နိုင်ရန်လည်း မသေချာသေးကြောင်း သိရသည်။
PSG အသင်းသည် လက်ရှိအချိန်၌ ပွဲကျပ်များ ဆက်တိုက်ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး မာဆေးလ်နှင့်ရင်ဆိုင်ပြီး (၅)ရက်အကြာ၌ လိုင်လီအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။