spot_img

လိဒ်စ် ယူနိုက်တက် အသင်းရဲ့ ကစားဟန်နဲ့ ပတ်သက်လို့ အသင်းသား တွေကို သတိပေးလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် 14 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ လိဒ်စ် ယူနိုက်တက် အသင်းကို ဧည့်ခံ ကစားသွားရဖို့ ရှိနေ ပါတယ် ။ ဒါဟာ အိမ်ကွင်း ရလဒ် ဆိုးရွား နေခဲ့တဲ့ ယူနိုက်တက် အသင်း အတွက် ရလဒ်ကောင်း ရှာဖွေ ရမယ့် ပွဲစဉ်ပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က အသင်းသားတွေ အနေနဲ့ ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှု အားကောင်းကြောင်း တိုက်ပွဲဝင် ပြသ ရမယ့် ပွဲစဉ် တစ်ပွဲ ဖြစ်ကြောင်း အသင်းသား တွေကို သတိပေး စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

myan789

လက်ရှိ အိမ်ကွင်း ပွဲစဉ် အချို့မှာ ပရိသတ်တွေဟာ ကွင်းထဲ ပြန်လည် ဝင်ရောက်ခွင့် ၊ ပွဲကြည့်ခွင့် တွေကို ရရှိနေကြပြီ ဖြစ်ပေမယ့် မန်ချက်စတာ မှာတော့ ပရိသတ် တွေဟာ ပွဲကြည့်ခွင့် မရရှိကြသေး ပါဘူး ။ ဆိုးလ်ရှား ကတော့ စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ မာဆယ်လို ဘီလ်ဆာ ရဲ့ အသင်းဟာ သူတို့ကို အခက်အခဲတွေ ပေးဆောင် လိမ့်မယ်လို့ သတိပေး ခဲ့လိုက် ပါတယ် ။

” ဒါဟာ တစ်ကယ့်ကို ခက်ခဲပြီး ပြိုင်ဆိုင်မှု ပြင်းထန်လှတုဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာပါ လိမ့်မယ် ။ ဒါက တစ်ချိန်လုံး ပြေးလွှား နေရမယ့် ပွဲစဉ် တစ်ပွဲ ဖြစ်လာပါ လိမ့်မယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ လိဒ်စ် က ဒီလိဂ်ရဲ့ ကြံ့ခိုင်မှု အကောင်းဆုံး အသင်းတစ်သင်း ဖြစ်နေလို့ ပါပဲ ။ သူတို့ တွေက ကျွန်တော် တို့ကို စိန်ခေါ်မှုတွေ ပေးဆောင်ရင်း တွန်းအားပေး ကစားဖို့ ကြိုးစား ကြပါ လိမ့်မယ် ”

” ကျွန်တော့်ရဲ့ ကစားသမားတွေ အဲ့တာကို တွန်းလှန် ပြကြဖို့ အတွက် ကျွန်တော် ရှေးရှု နေပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့လိဒ်စ်လို ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှု အားကောင်းတဲ့ အသင်းကို သူတင် ကိုယ်တိုင် ကစားပြပြီး အခွင့်အရေး ရယူ နိုင်မှ ရလဒ် တစ်ခု ရနိုင်မှာ မို့လို့ ပါပဲ ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဆိုးလ်ရှားဟာ ယူနိုက်တက် အသင်း အတွက် ကစားပေး ခဲ့စဉ် တုန်းက စည်းကမ်း သေဝပ်စွာ ကစားပေးသူ တစ်ဦး ဖြစ်ခဲ့ပေမယ့် အဲ့ဒီ အချိန် ကတည်းက လိဒ်စ်ကို ရင်ဆိုင်ခဲ့ ရတဲ့ အချိန် တွေမှာ အပြိုင်ကြဲ ရမှု တွေကြောင့် အဝါကဒ် ပြသ ခံခဲ့ဖူးတဲ့ ရက်စွဲ တွေကို ပိုင်ဆိုင် ခဲ့ရသူ တစ်ဦး ဖြစ်ခဲ့ဖူး ပါတယ် ။

” ကျွန်တော် အဝါကဒ်ပြား ပြသခံခဲ့ရတာတွေက တရားမျှတကောင်း မျှတခဲ့ပါ လိမ့်မယ် ။ ဒါပေမယ့် ကျွန်တော် ကိုယ်တိုင် ကလည်း ကွင်းလယ်ဒိုင်ကို စောဒက တက်ခဲ့တာမျိုး မရှိခဲ့ ပါဘူး ။ ဒီလို လုပ်ခဲ့တဲ့ အတွက် ပြိုင်ဖက်တွေ ထိခိုက် ပါစေ ဆိုတဲ့ ဆန္ဒ ကျွန်တော့် ဆီမှာ လုံးဝ မရှိခဲ့ ပါဘူး ” လို့ ဆိုးလ်ရှား က ဖွင့်ဟ ခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် ဆိုးလ်ရှား က သူ့ရဲ့ ကစားသမားတွေ ကိုလည်း ကွင်းလယ်ဒိုင်ဆီ သွားရောက်ပြီး စောဒက တက်တာတွေ အများကြီး မလုပ်စေလိုကြောင်း ၊ သင့်တင့်မျှတတဲ့ စိတ်ဓါတ် ခံယူချက် တစ်ခုနဲ့ ကစားဖို့ ကြိုးစား အားထုတ်နိုင်မှသာ ရေရှည်မှာ အောင်မြင်တဲ့ အသင်း တစ်သင်းကို ပိုင်ဆိုင် နိုင်မှာ ဖြစ်ကြောင်း ဆက်လက် ပြောကြား ခဲ့လိုက် ပါတယ် ။

” ဒါက လူ့ သဘာဝ တစ်ခုပါ ။ ခင်ဗျားဟာ ကွင်းလယ်ဒိုင် ကို သူတို့ နဲ့ ထိုက်တန်တဲ့ လေးစားသမှု တစ်ခု ပေးပြီး ဆက်ဆံမယ် ဆိုရင် အနည်းဆုံးတော့ သူဟာ ခင်ဗျားနဲ့ ဆန့်ကျင်ဖက် ဖြစ်စေမယ့် ဆုံးဖြတ်ချက် တွေကို ချမှတ်ဖို့ ချင့်ချိန် သွားမှာ ပါပဲ ။ သူတို့က ပုဂ္ဂိုလ်ရေး ဆန်တဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ် သွားမှာ မဟုတ်တော့ ပါဘူး ။ သူတို့ တွေလည်း ကွင်းထဲမှာ ရုတ်ချည်း ဆုံးဖြတ်ချက် ချမှတ် ရတဲ့ ခက်ခဲတဲ့ အလုပ် တစ်ခုကို လုပ်နေကြ ရတာပါ ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular