spot_img

လိဂ်ဖလားပွဲစဉ်အတွက် လီဗာပူးကြယ်ပွင့်အချို့ကို အနားပေးဖွယ်ရှိတဲ့ အန်းစလော့

အန်းစလော့က ယာဂန်ကလော့ပ်နေရာမှာ အစားထိုးတာဝန်ယူပြီးနောက် လအနည်းငယ်အကြာအတွင်း လီဗာပူးအသင်းရဲ့ အမြင့်ပျံသန်းနေမှုအပေါ် မအံ့သြမိဘဲ ဆောက်သမ်တန်နဲ့ရင်ဆိုင်ရမယ့် လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွက် ကြယ်ပွင့်ကစားသမားအချို့ကို အနားပေးသွားဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

အနီရောင်တပ်သားတွေက အခုဘောလုံးရာသီ၊ လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၂၃ ပွဲကစား၊ ၁၉ ပွဲအထိ အနိုင်ယူပြီး ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွေရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ အန်းစလော့က ဆုဖလားပြိုင်ပွဲတိုင်းအတွက် ခရီးရောက်နိုင်သမျှ ရောက်အောင် တိုက်ပွဲဝင်သွားဖို့ဆိုတာ လီဗာပူးအသင်းအတွက် သာမန်ကိစ္စရပ်တစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

myan789

သူက “ပြီးခဲ့တဲ့ရာသီ၊ လိဂ်ဖလားပြိုင်ပွဲမှာ လီဗာပူးတို့ ဗိုလ်စွဲခဲ့ပါတယ်။ ဒါကြောင့် အခုလိုအခိုက်အတန့်မျိုးမှာ အခုလိုပြိုင်ပွဲသုံးရပ်လုံးအတွက် ယှဉ်ပြိုင်သွားနိုင်တဲ့ စွမ်းရည်ရှိနေမှုကို ကျွန်တော်ဖြင့် မအံ့သြတော့ပါဘူး။ လေးခုမြောက်ပြိုင်ပွဲဖြစ်တဲ့ အက်ဖ်အေဖလားကတော့ ဇန်နဝါရီလမှာ စတင်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ကြံ့ခိုင်မှုပြည့်ဝနေမယ့်ခံစစ်မှူးရှားပါးမှုပြဿနာရင်ဆိုင်နေရတဲ့ ဒတ်ချ်လူမျိုးနည်းပြက လာမယ့်တနင်္ဂနွေနေ့၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် အခုညပိုင်းပွဲစဉ်မှာ သူ့ရဲ့ကစားသမားတွေကို အလှည့်ကျအသုံးပြုသွားနိုင်ပါတယ်။

ဒဏ်ရာမှပြန်လာပြီးနောက် ဖူလ်ဟမ်နဲ့ပွဲစဉ်အတွင်း သွင်းဂိုးရယူနိုင်ခဲ့တဲ့ ဂျိုတာကို အခုညပိုင်းပွဲစဉ်အတွက် အသုံးပြုနိုင်ဖို့ အန်းစလော့က မမျှော်လင့်ထားပေမယ့် ချီယေဆာကတော့ စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပွဲကစားချိန်အချို့ ရရှိသွားနိုင်ပါတယ်။

အလီဆင်ဒဏ်ရာပြဿနာကြောင့် အနားယူနေစဉ်ကာလအတွင်း အထင်ကြီးလောက်စရာစွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့ ကလယ်ဟာလည်း ဆောက်သမ်တန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ အသင်းရဲ့ဂိုးပေါက်ဆီ ပြန်လာနိုင်သလို နောက်ခံလူဆီမီးကတ်စ်လည်း ဒဏ်ရာမှသက်သာလာဖို့ အတော်လေးနီးစပ်နေပါပြီ။

Anslot is not surprised by Liverpool's strong performance in the past few months since Jurgen Klopp took over

“ကျွန်တော်တို့အသင်းမှာ နောက်ခံလူလေးဦးပဲ ကျန်ရှိပါတော့တယ်။ ပွဲစဉ်များစွာမှာ ပွဲထွက်ခဲ့ရတဲ့ ကစားသမားတွေက အခုပွဲစဉ်အတွက် ပွဲချိန်ပြည့်ပါဝင်ကစားနိုင်မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ပါဝင်ကစားဖို့လည်း မဖြစ်နိုင်ပါဘူး။

ဒါကြောင့် အခုပွဲစဉ်အတွက် အသင်းခံစစ်ပိုင်းမှာ အကယ်ဒမီကစားသမားတွေအသုံးပြုတာမျိုး၊ ဘယ်သူမှ မမျှော်လင့်ထားတဲ့ ကစားသမားတစ်ဦးကို ခံစစ်တန်းမှာ အသုံးပြုတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်”လို့ လီဗာပူးနည်းပြက ပြောပါတယ်။

ဖူလ်ဟမ်နဲ့ပွဲစဉ်အတွင်း အခုဘောလုံးရာသီအတွက် တတိယအကြိမ်မြောက်အဝါကတ်ပြစ်ဒဏ်ရရှိခဲ့တဲ့ အန်းစလော့က ဆောက်သမ်တန်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အသင်းကို ကြီးကြပ်ခွင့်မရှိတော့ပါဘူး။ ပြင်ပပုံပန်းသဏ္ဍာန်မှာတော့ နည်းပြဟောင်းယာဂန်ကလော့ပ်ထက် ပိုမိုတည်ငြိမ်မှုရှိတာကို မြင်တွေ့ရပေမယ့် ရင်ထဲမှာတော့ မီးတောက်တွေရှိနေတယ်လို့ ဖီယင်နုနည်းပြဟောင်းက ဝန်ခံပြောဆိုပါတယ်။

အန်းစလော့က “အဲ့ဒီလိုစိတ်ခံစားမှုမျိုးရှိနေတာကို ပြသသွားဖို့လိုအပ်တယ်လို့ ကျွန်တော် အမြဲတမ်းမယူဆထားပါဘူး။ ဒီလိုကလပ်အသင်းမျိုးမှာ (သို့မဟုတ်) ကမ္ဘာ့ထိပ်တန်းကလပ်အသင်းတစ်ခုဆီမှာ အလုပ်လုပ်နေမယ်ဆိုရင် ပွဲစဉ်တိုင်းကို အနိုင်ရရှိချင်လို့ ဒီလိုစိတ်အားထက်သန်မှုမျိုး ကိုယ့်ဆီမှာ ရှိရမယ်ဆိုတာ ရှင်းပါတယ်”လို့ ပြောပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular