spot_img

လာလီဂါပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်

ဆယ်လ်တာဗီဂို – ဘီလ်ဘာအို (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၉:၃၀ နာရီ)
ဒီပွဲကတော့ ဆယ်လ်တာဗီဂိုရဲ့အိမ်ကွင်းတိုက်စစ်အစွမ်းကို စမ်းသပ်မယ့်ပွဲမျိုးလို့ထင်တယ်။ လက်ရှိ ဆယ်လ်တာဗီဂိုရဲ့ ကစားပုံက တိုက်စစ်ပိုင်းအခွင့်အရေးဖန်တီးမှု အားကောင်းပေမဲ့ အဆုံးသတ်ပိုင်းမှာ အားနည်းချက်တွေ များနေတယ်။ ဘီလ်ဘာအိုကတော့ အဝေးကွင်းမှာ ခံစစ်ကို သတိထားကစားမယ့် ပုံမျိုးနဲ့ထွက်လာဦးမှာပဲ။ ဘာစီလိုနာကို သရေကစားခဲ့တဲ့ပွဲမှာ ဘီလ်ဘာအိုရဲ့ ခံစစ်ပိုင်းက တုံ့ပြန်မှုကောင်းခဲ့တာ တွေ့ရတယ်။ ဒီပွဲရဲ့အဖြေက ဆယ်လ်တာတိုက်စစ် ဂိုးရ၊ မရပဲ အဓိကစဉ်း စားရလိမ့်မယ်။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားလိုက်တယ်။

ဆိုစီဒက် – လီဗန်တေး (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၁၂:၀၀ နာရီ)
ဆိုစီဒက်ထက်စာရင် လီဗန်တေးက အဖွင့်ပွဲ (၂)ပွဲမှာ အရှိန်ပိုကောင်းနေတဲ့ပုံစံမျိုး ပြနေနိုင်တယ်။ ဆိုစီဒက်ကတော့ တိုက်စစ်က သိပ်ပြီးခြေတွေ့သေးပုံမပေါ်သေးဘူး။ လီဗန်တေး နဲ့ ဂိုးအနည်းပဲ ရွေးထားတာကောင်းလိမ့်မယ်။

myan789

အယ်လ်ချီ – ဆီဗီလာ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၁၂:၀၀ နာရီ)
အင်အားသစ်တွေဖြည့်ပြီး ဆီဗီလာကတော့ အဖွင့်လှနေတာ တွေ့ရတယ်။ လာမယ်လာကလည်း ဆီဗီလာနဲ့ အလုပ်ဖြစ်နေတယ်။ ရလဒ်တွေကောင်းလာတာနဲ့အမျှ ဆီဗီလာတို့ ယုံကြည်မှုမြင့်လာနေပြီး မကြာခင် ဥရောပပွဲတွေ ဝင်လာတော့မှာဖြစ်လို့ အခုလိုအခြေအနေမှာ အမှတ်တွေ ရသလောက်ယူထားဖို့လည်း ဆီဗီလာ ဆုံးဖြတ်ထားမှာပါ။ အယ်လ်ချီက အိမ်ကွင်းဆိုပေမဲ့ ဆီဗီလာလိုအသင်းဆီက မျှော်လင့်စရာ အများကြီးရှိမယ်မထင်ပါဘူး။ ဆီဗီလာရဲ့မာကျောတဲ့ခံစစ်ကစားပုံကြောင့် အယ်လ်ချီတို့ မျှော်လင့်ချက် ပိုနည်းသွားတယ်။ ဆီဗီလာနဲ့ ဂိုးအနည်းပဲ ရွေးထားမယ်။

ဘက်တစ် – ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၉ ရက် နံနက် ၂:၃၀ နာရီ)
လီဗန်တေးနဲ့ သရေကျခဲ့တဲ့ ရီးယဲလ်ရဲ့ အဝေးကွင်းကစားပုံနဲ့တော့ ဘက်တစ်ကိုလည်း ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမှာ သေချာတယ်။ တိုက်စစ်က (၂)ပွဲမှာ (၇)ဂိုးအထိရထားလို့ ရီးယဲလ်အတွက် အားရစရာဆိုပေမဲ့ (၂)ပွဲမှာ (၄)ဂိုး ပြန်ပေးထားရတဲ့ ခံစစ်ကစားပုံကိုတော့ စိ်တ်ချထားလို့ မရသေးဘူး။ ဘက်တစ်ကလည်း အဖွင့်ပွဲ (၂)ပွဲစလုံး သရေသာကစားထားနိုင်ပေမဲ့ ကစားပုံအညံ့ကြီး မဟုတ်ဘူး။ အိမ်ကွင်းကစားပုံ မာကျောမှုကို ပြထားနိုင်တုန်းပဲ။ တိုက်စစ်ကဂိုးသွင်းနိုင်မှုမှာ တိုးတက်ဖို့လိုသေးတယ်ဆိုပေမဲ့လည်း ရီးယဲလ်ရဲ့ခံစစ်ကစားပုံမျိုးကိုတော့ ဖိအားပေးပြီး ဂိုးရအောင်ယူနိုင်စွမ်း ဘက်တစ်မှာ ရှိနေတယ်။ ဒီလိုပဲ (၂)ပွဲစလုံး ဂိုးပေးထားရတဲ့ခံစစ်ကလည်း ရီးယဲလ်ရဲ့တိုက်စစ်ကို တားဆီးနိုင်စွမ်းအားနည်းနေဦးမှာ သေချာနေတယ်။ ဒါကြောင့် အခုပွဲက (၂)သင်းစလုံး အပြိုင်အဆိုင် တိုက်စစ်အားပြိုင်ကြမယ့်ပွဲမျိုး ဖြစ်လာနိုင်ပြီး နောက်ပိုင်းတွေ့ ဆုံမှုတွေမှာ အသာရထားတဲ့ ဘက်တစ်ကိုပဲကြိုက်နေမိတယ်။ ဂိုးများမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular