spot_img

လာလီဂါပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက်

ဆယ်လ်တာဗီဂို – ဘက်တစ် (မြန်မာစံတော်ချိန် မေလ ၂၂ ရက် ည ၁၀:၃၀ နာရီ)
ဆယ်လ်တာဗီဂိုကလည်း ရာသီသိမ်းခါနီးမှာ ကောင်းမွန်တိုးတက်လာတဲ့ ခြေစွမ်းမျိုးနဲ့ ဥရောပဝင်ခွင့်တစ်နေရာကိုပါ မျှော်လင့်နိုင်လာတယ် (ဗီလာရီးယဲလ်အသင်း ယူရိုပါလိဂ်တွင် ဗိုလ်စွဲခဲ့ပါက)။ ဒါကြောင့် အရှိန်ရနေတဲ့ခြေစွမ်းကို ဒီရာသီ အိမ်ကွင်းနောက်ဆုံးပွဲမှာ ဆက်ထိန်းပြထားမှာ သေချာတယ်။ ဘက်တစ်ကလည်း သရေရလဒ်တွေနဲ့ပဲ သာယာတတ်တဲ့အသင်းဖြစ်နေလို့ အခုအဝေးကွင်းပွဲမှာလည်း ဘက်တစ်ကို ဒီထက်ပိုမျှော်လင့်လို့ မဖြစ်နိုင်ဘူး။ ဆယ်လ်တာဗီဂိုနဲ့ ဂိုးအနည်းကိုပဲ ကြိုက်တယ်။

အီဘာ – ဘာစီလိုနာ (မြန်မာစံတော်ချိန် မေလ ၂၂ ရက် ည ၁၀:၃၀ နာရီ)
ဘာစီလိုနာကတော့ လက်ထဲရောက်ခွင့်ရှိခဲ့တဲ့ ချန်ပီယံဖြစ်နိုင်ရေးအခွင့်အလမ်းကို ကိုယ်တိုင်အဆုံးသတ်ပစ်ခဲ့တယ်လို့ပဲပြောရမယ်။ နောက်ဆုံးပွဲစဉ်အထိတောင် ချန်ပီယံမျှော်လင့်ခွင့်ကို မထိန်းနိုင်တဲ့အထိ အသင်းရလဒ်တွေ တောက်လျှောက် မကောင်းခဲ့ဘူး။ အခုလည်း ဘာမျှော်လင့်ချက်မှမရှိတော့တဲ့အသင်းပီပီ အိမ်ကွင်းမှာ တန်းဆင်းသွားပြီဖြစ်တဲ့ ဇယားအောက် ဆုံးက အီဘာကိုပဲ အခွင့်အရေးပေးလိုက်တော့မှာလားဆိုတာ စဉ်းစားကြည့်စရာဖြစ်လာတယ်။ နည်းပြ ကိုးမန်းအတွက်လည်း နောက်ဆုံးပွဲဖြစ်လာနိုင်တဲ့အခြေအနေမျိုးမှာ ဘာစီလိုနာရဲ့ လူထုတ်ပုံအစ မှန်းဆလို့ မလွယ်တော့တာလည်း အမှန်ပဲ။ လက်ရှိအဆင့် (၃)ဆိုတဲ့နေရာကိုမြဲအောင် ဘာစီလိုနာ ကစားပါတော့မလားဆိုတာကိုပါ စောင့်ကြည့်ရတော့မလိုဖြစ်လာ တယ်။ အီဘာကတော့ ပထမအကျော့မှာလည်း ဘာစီလိုနာကို (၁-၁)ဂိုးနဲ့ သရေကစားနိုင်ခဲ့တယ်။ အခုပွဲလည်း အီဘာနဲ့ ဂိုးအနည်းကိုပဲ ရွေးထားလိုက်တော့မယ်။

myan789

ဟွယ်ဆကာ – ဗလင်စီယာ (မြန်မာစံတော်ချိန် မေလ ၂၂ ရက် ည ၁၀:၃၀ နာရီ)
နောက်ဆုံးကစားထားတဲ့ အီဘာနဲ့အိမ်ကွင်းပွဲမှာ ဗလင်စီယာ ထတောက်ပြသလိုတွေ့ခဲ့ရပေမဲ့ အခုအဝေးကွင်းပွဲမှာတော့ ဗလင်စီယာကို ဆက်မျှော်လင့်ထားဖို့ မသင့်လှပါဘူး။ တန်းမဆင်းရရေး အိမ်ကွင်းမှာ နောက်ဆုံးရုန်းမယ့် ဟွယ်ဆကာရဲ့တိုက်စစ် အားနဲ့ ဗလင်စီယာရဲ့ အဝေးကွင်း ယိုင်နဲ့နဲ့ခံစစ်ကစားပုံအရတော့ ဒီပွဲက ဟွယ်ဆကာရဲ့ပွဲပဲဖြစ်မှာပါ။ ဂိုးလည်း များနိုင်တယ်။

အိုဆာဆူနာ – ဆိုစီဒက် (မြန်မာစံတော်ချိန် မေလ ၂၂ ရက် ည ၁၀:၃၀ နာရီ)
ဒီနှစ်သင်းရဲ့ပွဲက စိတ်ဝင်စားစရာ သိပ်မကောင်းလှပါဘူး။ နှစ်သင်းစလုံးရဲ့ ပန်းအဝင်ခြေစွမ်းပိုင်းကလည်း သိပ်မငြိမ်ကြတဲ့ အခြေအနေမျိုးဆိုတော့ ဒီပွဲက ပုံမှန်အတိုင်း မှန်းလို့မလွယ်လှဘူး။ ပန်းအဝင် အဝေးကွင်းရလဒ်သိပ်မကောင်းလှတဲ့ ဆိုစီဒက် ရဲ့ ကစားပုံအရတော့ ဒီပွဲက အိမ်ရှင်အိုဆာဆူနာကိုပဲ ဦးစားပေးထားရမယ့် ပွဲမျိုးဖြစ်နေတယ်။ ဂိုးများမယ်။

ရီးယဲလ်မက်ဒရစ် – ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် မေလ ၂၂ ရက် ည ၁၀:၃၀ နာရီ)
အက်သလက်တီကိုထက် ရီးယဲလ်မက်ဒရစ်က အနိုင်ရဖို့ အခွင့်အရေးပိုကောင်းမယ်ထင်တယ်။ ပုံမှန်အခြေအနေဆိုရင်တော့ အိမ်ရှင်ဆိုပေမဲ့ ဗီလာရီးယဲလ်လို ပြိုင်ဘက်ကောင်းကို ခက်ခက်ခဲခဲရင်ဆိုင်ရဖို့ ရာနှုန်းများတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ဗီလာရီးယဲလ်အတွက် ယူရိုပါလိဂ်ဝင်ခွင့်ကလည်း သေချာနေတယ်။ ဒါကြောင့် တစ်ဖက်မှာ မန်ယူနဲ့ဗိုလ်လုရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက်ပဲ အာရုံများပြင်ဆင်နေနိုင်တဲ့အချိန်ဖြစ်လို့ ရီးယဲလ်အပေါ် တုံ့ပြန်လာနိုင်မှုက သိပ်အားကောင်းနေနိုင်ဖွယ်မရှိဘူး။ ရာသီသိမ်းခါနီး လာလီဂါပန်းအဝင်ပိုင်းမှာ ဗီလာရီးယဲလ်ရဲ့ ရလဒ်တွေကလည်း အတက်အကျတွေ များနေတယ်။ တစ်ခုစိုးရိမ်စရာရှိတာက လာလီဂါရာသီသိမ်းအတွက် ဘာဖိအားမှမရှိတော့တဲ့ ဗီလာရီးယဲလ်ရဲ့ စိတ်အေးလက်အေးနဲ့ ရင်ဆိုင်လာနိုင်မှုက အိမ်ရှင်ရီးယဲလ်အတွက် အခက်အခဲများဖြစ်သွားနိုင်မလားဆိုတာပါပဲ။ ဘာပဲပြောပြော အနိုင်ကစားထားဖို့လိုအပ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဂိုးအများကိုပဲ ရွေးထားရမယ့်ပွဲဖြစ်နေတယ်။

ဗယ်လာဒိုလစ် – အက်သလက်တီကို (မြန်မာစံတော်ချိန် မေလ ၂၂ ရက် ည ၁၀:၃၀ နာရီ)
အက်သလက်တီကို ချန်ပီယံအိပ်မက်အကောင်အထည်ပေါ် ဖို့ ဒီပွဲတစ်ပွဲကို အနိုင်ကစားရပါဦးမယ်။ တကယ်လို့များ ဒီပွဲကို အက်သလက်တီကို သရေကျ၊ တစ်ဖက်မှာ ရီးယဲလ်က အနိုင်ရသွားခဲ့ရင် အမှတ်တူသွားမှာဖြစ်ပေမဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ရီးယဲလ်က အသာရထားလို့ အက်သလက်တီကိုရဲ့ ချန်ပီယံမျှော်လင့်ချက်က ပျက်စီးသွားမှာဖြစ်တယ်။ ဒါကြောင့် အခုပွဲက အက်သလက်တီကို မဖြစ်မနေအနိုင်ကစားမယ့်ပွဲပါပဲ။ ဒါပေမဲ့ ဗယ်လာဒိုလစ်ကလည်း တန်းမဆင်းရရေး နောက်ဆုံးရုန်းကန်ရမယ့်အသင်းပီပီ အိမ်ကွင်းမှာ အက်သလက်တီကိုကို ချန်ပီယံဖြစ်ခွင့် အလွယ်တကူပေးမှာ မဟုတ်ဘူး။ အိမ်ကွင်းမှာ နောက်ဆုံးရုန်းကန်မယ့် ဗယ်လာဒိုလစ်ကစားအားက အဝေးကွင်းကစားပုံလျော့နေတဲ့ အက်သလက်တီကိုအတွက် ကြီးမားတဲ့စိန်ခေါ်မှုလိုဖြစ်နေတယ်။ ချန်ပီယံဖြစ်ချင်တဲ့အသင်းနဲ့ တန်းမဆင်းရရေးလမ်းဆုံပေါ်က အသင်းတစ်သင်းရဲ့ နောက်ဆုံးအားထုတ်မှုတွေမှာ ဘယ်အသင်းက အသာစီးပိုရရှိသွားမလဲ။ အက်သလက်တီကိုနဲ့ ဂိုးအများကိုပဲ ရွေးထားလိုက်မယ်။

အယ်လ်ချီ – ဘီလ်ဘာအို (မြန်မာစံတော်ချိန် မေလ ၂၂ ရက် ည ၁၀:၃၀ နာရီ)
ဒီပွဲကတော့ ဘီလ်ဘာအိုရဲ့တုံ့ပြန်လာနိုင်မှုကိုပဲ ထည့်တွက်ရမယ့်ပွဲဖြစ်နေတယ်။ အဝေးကွင်းလည်းဖြစ် အမှတ်လည်းသိပ်မ လိုတော့တဲ့ အနေအထားမျိုးမှာ ဘီလ်ဘာအိုကို မျှော်လင့်ချက်သိပ်မထားသင့်တော့တာလည်း အမှန်ပဲ။ တန်းမဆင်းရရေးနောက်ဆုံးမျှော်လင့်ချက်နဲ့ကစားမယ့် အယ်လ်ချီနဲ့ ဂိုးအများပဲ ရွေးမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular